ပုဏ္ဏားကျွန်းမြို့အနီးတွင် ယနေ့နံနက်ပိုင်းက တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး မြို့ရှိနေရာအချို့လည်း မီးလောင်ဟုဆို

 1311

သုတကျော် (NP News) - ဖေဖော်ဝါရီ ၂၉

ရခိုင်ပြည်နယ် ပုဏ္ဏကျွန်းမြို့ရှိ ခမရ ၅၅၀ တပ်ရင်းဌာနချုပ်ကို AA က တိုက် ခိုက်နေရာ ယနေ့ (ဖေဖော်ဝါရီလ ၂၉ ရက်) နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး မြို့ရှိနေရာအချို့တွင်လည်း မီးလောင်ခဲ့ကြောင်း ဒေသခံ တစ်ဦးက NP News သတင်းဌာနကို ပြောသည်။

အဆိုပါ တိုက်ပွဲသည် နံနက်ပိုင်း ၄ နာရီခန့်က စတင်ကာ နံနက်ပိုင်း ၇ နာရီ ခန့်အထိ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန်သည့် အနေအထားမျိုး ဖြစ် သည်ဟု သိရကြောင်း ၎င်းကပြောသည်။

“လက်နက်ကြီးတွေ ပစ်သံကိုလည်း တော်တော်လေး ကြားရတယ် ပြောတယ်။ နောက်ပြီး တိုက်ပွဲပြင်းထန်တယ်ဆိုတဲ့ အထိမ်းအမှတ်အနေနဲ့ သေနတ်သံတွေ အများကြီးကြားရတယ်။ အဲဒီနားမှာရှိနေတဲ့ တချို့ကို ဖုန်းဆက်ပြီးတော့ သိရတာပါ။ အခုတော့ ဖုန်းဆက်လို့ မရသေးဘူး။ ဒါကြောင့် ဒီလောက်ပဲ သိရပါသေးတယ်”ဟု အထက်ပါ ဒေသခံက ‌ပြောသည်။

အဆိုပါ တိုက်ပွဲအပြီးတွင် နောက်ဆက်တွဲ အခြေအနေများကို သိရခြင်းမရှိသေးပဲ နောက်ဆုံးအခြေအနေကို သိရရေးအတွက် ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်တွင် AA က ပုဏ္ဏားကျွန်း မြို့မရဲစခန်းကို သိမ်းခဲ့ကြောင်းသိရပြီး လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့ရှိ ဒေသခံများ အားလုံး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

zawgyi version
ပုဏၰားကြၽန္းၿမိဳ႕အနီးတြင္ ယေန႔နံနက္ပိုင္းက တိုက္ပြဲျပင္းထန္စြာ ျဖစ္ပြားခဲ့ၿပီး ၿမိဳ႕ရွိေနရာအခ်ိဳ႕လည္း မီးေလာင္ဟုဆို
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၂၉

ရခိုင္ျပည္နယ္ ပုဏၰကြၽန္းၿမိဳ႕ရွိ ခမရ ၅၅၀ တပ္ရင္းဌာနခ်ဳပ္ကို AA က တိုက္ ခိုက္ေနရာ ယေန႔ (ေဖေဖာ္ဝါရီလ ၂၉ ရက္) နံနက္ပိုင္းတြင္ တိုက္ပြဲျပင္းထန္စြာျဖစ္ပြားခဲ့ၿပီး ၿမိဳ႕ရွိေနရာအခ်ိဳ႕တြင္လည္း မီးေလာင္ခဲ့ေၾကာင္း ေဒသခံ တစ္ဦးက NP News သတင္းဌာနကို ေျပာသည္။

အဆိုပါ တိုက္ပြဲသည္ နံနက္ပိုင္း ၄ နာရီခန႔္က စတင္ကာ နံနက္ပိုင္း ၇ နာရီ ခန႔္အထိ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး တိုက္ပြဲျပင္းထန္သည့္ အေနအထားမ်ိဳး ျဖစ္ သည္ဟု သိရေၾကာင္း ၎ကေျပာသည္။

“လက္နက္ႀကီးေတြ ပစ္သံကိုလည္း ေတာ္ေတာ္ေလး ၾကားရတယ္ ေျပာတယ္။ ေနာက္ၿပီး တိုက္ပြဲျပင္းထန္တယ္ဆိုတဲ့ အထိမ္းအမွတ္အေနနဲ႔ ေသနတ္သံေတြ အမ်ားႀကီးၾကားရတယ္။ အဲဒီနားမွာရွိေနတဲ့ တခ်ိဳ႕ကို ဖုန္းဆက္ၿပီးေတာ့ သိရတာပါ။ အခုေတာ့ ဖုန္းဆက္လို႔ မရေသးဘူး။ ဒါေၾကာင့္ ဒီေလာက္ပဲ သိရပါေသးတယ္”ဟု အထက္ပါ ေဒသခံက ‌ေျပာသည္။

အဆိုပါ တိုက္ပြဲအၿပီးတြင္ ေနာက္ဆက္တြဲ အေျခအေနမ်ားကို သိရျခင္းမရွိေသးပဲ ေနာက္ဆုံးအေျခအေနကို သိရေရးအတြက္ ဆက္လက္စုံစမ္းေနဆဲ ျဖစ္ေၾကာင္းလည္း ၎ကေျပာသည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၂၂ ရက္တြင္ AA က ပုဏၰားကြၽန္း ၿမိဳ႕မရဲစခန္းကို သိမ္းခဲ့ေၾကာင္းသိရၿပီး လက္ရွိတြင္ ပုဏၰားကြၽန္းၿမိဳ႕ရွိ ေဒသခံမ်ား အားလုံး ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.