ယူကရိန်းသို့ စေလွှတ်မည့် ပြင်သစ်တပ်ဖွဲ့များက နပိုလီဘံဘိုနာပတ်၏ စစ်တပ်ကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဖြစ်ကြောင်း ရုရှားလွှတ်တော်ဥက္ကဋ္ဌပြော

 810

Pika (NP News) - ဖေဖော်ဝါရီ ၂၉

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့်တပ်ဖွဲ့များမဆို ပြင်သစ်ဘုရင် နပိုလီယံ ဘိုနာပတ်၏ Grande Armee စစ်တပ်ကဲ့သို့ တစ်ပုံစံတည်းအဆုံးသတ်သွားမည်ဖြစ်ကြောင်း ရုရှားလွှတ်တော်ဥက္ကဋ္ဌ ဗီချီစလပ်ဗိုလိုဒင်က ပြောကြားခဲ့သည်။

ပြင်သစ်ဘုရင် နပိုလီယံ ဘိုနာပတ်၏ Grande Armee စစ်တပ်သည် ၁၈၁၂ ခုနှစ်တွင် ရုရှားကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီး ရှုံးနိမ့်မှု၊ သေဆုံးမှုနှင့်သာ အဆုံးသတ်သွားခဲ့ရသည်။ ဥရောပနိုင်ငံများအနေဖြင့် ယူကရိန်းသို့ တပ်ဖွဲ့များ စေလွှတ်ပေးသင့်သည်ဟု ပြင်သစ်သမ္မတမက်ခရွန်က ဖေဖော်ဝါရီလ (၂၆)ရက်တွင် အကြံပြုပြောဆိုခဲ့သည်။ သို့သော်လည်း ပြင်သစ်သမ္မတမက်ခရွန်အကြုံပြုသလိုမျိုး ယူကရိန်းသို့ တပ်ဖွဲ့များ စေလွှတ်ပေးသွားရန် အစီ အစဉ်မရှိကြောင်း အမေရိကန် နှင့် ဗြိတိန်အပါအဝင် အခြားအနောက်အုပ်စုနိုင်ငံများက ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့ပြင် နေတိုးအဖွဲ့ဝင်နိုင်ငံများအနေ ဖြင့် ယူကရိန်းသို့ တပ်ဖွဲ့များစေလွှတ်ပေးသွားမည်ဆိုပါက ရုရှားနှင့် အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့ကြား ပဋိပက္ခဖြစ်ပွားလာနိုင်ကြောင်း ရုရှားအစိုးရက သတိပေးပြောဆိုခဲ့သည်။

ပြင်သစ်သမ္မတမက်ခရွန်သည် ကိုယ့်ကိုကိုယ် ပြင်သစ်ဘုရင်နပိုလီယံ ဘိုနာပတ်အဖြစ် ရှုမြင်နေခြင်းမျိုးဖြစ်ပြီး နပိုလီယံဘိုနာပတ်၏ ခြေရာအတိုင်းမလိုက်ရန် မက်ခရွန်ကို သတိပေးခဲ့ကြောင်း ဗီချီစလပ်ဗိုလိုဒင်က ထပ်မံပြောဆိုခဲ့သည်။ ဗီချီစလပ်ဗိုလိုဒင်က "မက်ခရွန်ဟာ သူ့ရဲ့ ကိုယ်ပိုင်အာဏာကိုထိန်းထားဖို့အတွက် တတိယကမ္ဘာစစ်မီးကို မွှေးဖို့ထက် ပိုကောင်းတဲ့အရာကို မစဉ်းစားနိုင်ခဲ့ပါဘူး။ သူ့ရဲ့ ပြုမူပုံတွေဟာ ပြင်သစ်နိုင်ငံသားတွေအတွက် အန္တရာယ်တစ်ခုဖြစ်လာပါတယ်။ မက်ခရွန်ဟာ ဒီလိုမျိုးအကြံပြုပြောဆိုချက်တွေ မလုပ်ဆောင်ခင်မှာ ပြင်သစ်ဘုရင် နပိုလီယံ ဘိုနာပတ်နဲ့သူ့ရဲ့စစ်သားတွေ ဘယ်လိုအဆုံးသတ်သွားလဲဆိုတာကို မှတ်မိခဲ့သင့်ပါတယ်။ နပိုလီယံ ဘိုနာပတ်ရဲ့ စစ်သား(၆)သိန်းကျော်ဟာ စိုစွတ်တဲ့မြေကြီးထဲမှာ လဲလျောင်းနေခဲ့ရပါတယ်"ဟု ပြောဆိုခဲ့သည်။

၁၈၁၂ ခုနှစ်တွင် ပြင်သစ်ဘုရင် နပိုလီယံဘိုနာပတ်၏ ရုရှားကို ကျူးကျော်တိုက်ခိုက်မှုသည် လျင်မြန်စွာတိုးတက်ခဲ့ပြီး မော်စကိုမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း ရုရှားတပ်ဖွဲ့များ၏ နည်းဗျူဟာများသည် နပိုလီယံ ဘိုနာပတ်၏ Grande Armee စစ်တပ်ကို ဆုတ်ခွာသွားစေခဲ့ပြီး ရလဒ်အ နေဖြင့် ရောဂါ၊ ဆာလောင်မွတ်သိပ်မှုနှင့်အအေးဒဏ်တို့ကြောင့် စစ်သားထောင် ပေါင်းများစွာ သေဆုံးခဲ့ကြောင်းသိရသည်။

zawgyi version
ယူကရိန္းသို႔ ေစလႊတ္မည့္ ျပင္သစ္တပ္ဖြဲ႕မ်ားက နပိုလီဘံဘိုနာပတ္၏ စစ္တပ္ကဲ့သို႔ အဆုံးသတ္သြားလိမ့္မည္ျဖစ္ေၾကာင္း ႐ုရွားလႊတ္ေတာ္ဥကၠ႒ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၉

ယူကရိန္းသို႔ ေစလႊတ္မည့္ မည္သည့္တပ္ဖြဲ႕မ်ားမဆို ျပင္သစ္ဘုရင္ နပိုလီယံ ဘိုနာပတ္၏ Grande Armee စစ္တပ္ကဲ့သို႔ တစ္ပုံစံတည္းအဆုံးသတ္သြားမည္ျဖစ္ေၾကာင္း ႐ုရွားလႊတ္ေတာ္ဥကၠ႒ ဗီခ်ီစလပ္ဗိုလိုဒင္က ေျပာၾကားခဲ့သည္။

ျပင္သစ္ဘုရင္ နပိုလီယံ ဘိုနာပတ္၏ Grande Armee စစ္တပ္သည္ ၁၈၁၂ ခုႏွစ္တြင္ ႐ုရွားကို က်ဴးေက်ာ္တိုက္ခိုက္ခဲ့ၿပီး ရႈံးနိမ့္မႈ၊ ေသဆုံးမႈႏွင့္သာ အဆုံးသတ္သြားခဲ့ရသည္။ ဥေရာပႏိုင္ငံမ်ားအေနျဖင့္ ယူကရိန္းသို႔ တပ္ဖြဲ႕မ်ား ေစလႊတ္ေပးသင့္သည္ဟု ျပင္သစ္သမၼတမက္ခ႐ြန္က ေဖေဖာ္ဝါရီလ (၂၆)ရက္တြင္ အႀကံျပဳေျပာဆိုခဲ့သည္။ သို႔ေသာ္လည္း ျပင္သစ္သမၼတမက္ခ႐ြန္အႀကဳံျပဳသလိုမ်ိဳး ယူကရိန္းသို႔ တပ္ဖြဲ႕မ်ား ေစလႊတ္ေပးသြားရန္ အစီ အစဥ္မရွိေၾကာင္း အေမရိကန္ ႏွင့္ ၿဗိတိန္အပါအဝင္ အျခားအေနာက္အုပ္စုႏိုင္ငံမ်ားက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ထို႔ျပင္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားအေန ျဖင့္ ယူကရိန္းသို႔ တပ္ဖြဲ႕မ်ားေစလႊတ္ေပးသြားမည္ဆိုပါက ႐ုရွားႏွင့္ အေမရိကန္ဦးေဆာင္ေသာ ေနတိုးအဖြဲ႕ၾကား ပဋိပကၡျဖစ္ပြားလာႏိုင္ေၾကာင္း ႐ုရွားအစိုးရက သတိေပးေျပာဆိုခဲ့သည္။

ျပင္သစ္သမၼတမက္ခ႐ြန္သည္ ကိုယ့္ကိုကိုယ္ ျပင္သစ္ဘုရင္နပိုလီယံ ဘိုနာပတ္အျဖစ္ ရႈျမင္ေနျခင္းမ်ိဳးျဖစ္ၿပီး နပိုလီယံဘိုနာပတ္၏ ေျခရာအတိုင္းမလိုက္ရန္ မက္ခ႐ြန္ကို သတိေပးခဲ့ေၾကာင္း ဗီခ်ီစလပ္ဗိုလိုဒင္က ထပ္မံေျပာဆိုခဲ့သည္။ ဗီခ်ီစလပ္ဗိုလိုဒင္က "မက္ခ႐ြန္ဟာ သူ႔ရဲ႕ ကိုယ္ပိုင္အာဏာကိုထိန္းထားဖို႔အတြက္ တတိယကမာၻစစ္မီးကို ေမႊးဖို႔ထက္ ပိုေကာင္းတဲ့အရာကို မစဥ္းစားႏိုင္ခဲ့ပါဘူး။ သူ႔ရဲ႕ ျပဳမူပုံေတြဟာ ျပင္သစ္ႏိုင္ငံသားေတြအတြက္ အႏၲရာယ္တစ္ခုျဖစ္လာပါတယ္။ မက္ခ႐ြန္ဟာ ဒီလိုမ်ိဳးအႀကံျပဳေျပာဆိုခ်က္ေတြ မလုပ္ေဆာင္ခင္မွာ ျပင္သစ္ဘုရင္ နပိုလီယံ ဘိုနာပတ္နဲ႔သူ႔ရဲ႕စစ္သားေတြ ဘယ္လိုအဆုံးသတ္သြားလဲဆိုတာကို မွတ္မိခဲ့သင့္ပါတယ္။ နပိုလီယံ ဘိုနာပတ္ရဲ႕ စစ္သား(၆)သိန္းေက်ာ္ဟာ စိုစြတ္တဲ့ေျမႀကီးထဲမွာ လဲေလ်ာင္းေနခဲ့ရပါတယ္"ဟု ေျပာဆိုခဲ့သည္။

၁၈၁၂ ခုႏွစ္တြင္ ျပင္သစ္ဘုရင္ နပိုလီယံဘိုနာပတ္၏ ႐ုရွားကို က်ဴးေက်ာ္တိုက္ခိုက္မႈသည္ လ်င္ျမန္စြာတိုးတက္ခဲ့ၿပီး ေမာ္စကိုၿမိဳ႕ကို သိမ္းပိုက္ႏိုင္ခဲ့သည္။ သို႔ေသာ္လည္း ႐ုရွားတပ္ဖြဲ႕မ်ား၏ နည္းဗ်ဴဟာမ်ားသည္ နပိုလီယံ ဘိုနာပတ္၏ Grande Armee စစ္တပ္ကို ဆုတ္ခြာသြားေစခဲ့ၿပီး ရလဒ္အ ေနျဖင့္ ေရာဂါ၊ ဆာေလာင္မြတ္သိပ္မႈႏွင့္အေအးဒဏ္တို႔ေၾကာင့္ စစ္သားေထာင္ ေပါင္းမ်ားစြာ ေသဆုံးခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.