လူမြင်ကွင်းမှာသေဒဏ်ပေးတဲ့စနစ်ကျင့်သုံးတဲ့ တာလီဘန်အဖွဲ့ရဲ့လုပ်ရပ်ကို ကုလသမဂ္ဂအဖွဲ့ဝေဖန်ပြစ်တင်

766
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၉
ကုလသမဂ္ဂဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ လုပ်ဆောင်လျက်ရှိနေလူမြင် ကွင်းမှာ ကွပ်မျက်ခြင်းကို ပြစ်တင်ရှုတ်ချလိုက်ပြီး သေဒဏ်အပြစ်ပေးမှုများကို အဆုံးသတ်ဖို့ တောင်းဆိုလိုက်ကြောင်းသိရပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံကို အုပ်ချုပ်နေတဲ့ တာလီဘန်အစိုးရဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း လူသုံးဦးကို လူမြင်ကွင်းမှာ ကွပ်မျက်မှုများလုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါကွပ်မျက်ခံရသူသုံးဦးကို လူအများအပြားရှေ့မှာသေနတ်နဲ့ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး အဲဒီလူအုပ်ကြီးထဲမှာ ကွပ်မျက်ခံရသူတွေရဲ့မိသားစုတွေလည်း ပါဝင်ခဲ့ကြောင်းသိရပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်ရေးရုံးရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဂျရေမီ လောရမ့်က "ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ အာဖဂန်နစ္စတန်နိုင်ငံရှိ ဘောလုံးကွင်းထဲမှာ လူသုံးဦးကို လူအများအပြားရှေ့မှာ ကွပ်မျက်ခဲ့တယ်။ လူမြင် ကွင်းမှာ ကွပ်မျက်တဲ့ စနစ်ဟာရက်စက်လွန်းတယ်။ အဲဒီကွပ်မျက်ခြင်းဟာ သဘာဝမကျဘူးလို့ထင်မိပါတယ်" လို့ပြောပါတယ်။
သေဒဏ်ပေးတဲ့စနစ်ကို ကျင့်သုံးနေတဲ့ အမေရိကန်နိုင်ငံကလည်း တာလီဘန်အစိုးရအဖွဲ့က အာဖဂန်နစ္စတန်နိုင်ငံမှာ သေဒဏ်ပေးတဲ့စနစ်ကျင့်သုံးနေခြင်းကို ဝေဖန်ပြစ်တင်ခဲ့ကြောင်းသိရပါတယ်။ နိုင်ငံတကာလူ့အခွင့်ရေးအဖွဲ့အစည်းများက သေဒဏ်ပေးတဲ့စနစ်ကျင့်သုံးခြင်းကို ပယ်ဖျက်ဖို့ တောင်းဆိုနေပေမယ့် တရုတ်၊ အီရန် ဆော်ဒီအာရေးဗျ အပါအဝင်နိုင်ငံအချို့မှာ ဆက်လက်ကျင့်သုံးနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ သေဒဏ်ပေးတဲ့စနစ်ကိုကျင့်သုံးရာမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူညီဘဲအချို့နိုင်ငံတွေမှာတော့ လူမြင်ကွင်းမှာ ကွပ်မျက်တဲ့စနစ်ကို ကျင့်သုံးနေဆဲဖြစ်ကြောင်းသိရပါတယ်။
တာလီဘန်အဖွဲ့ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းမှာ အာဖဂန်နစ္စတန်နိုင်ငံကို ပြန်လည်အုပ်စိုးခွင့်ရခဲ့ပြီးနောက် အာဖဂန်နစ္စတန် ပြည်သူတွေနဲ့ပတ်သက်ပြီး တရား သူကြီးများခန့်အပ်ကာအပြစ်ပေးမှုတွေလုပ်ဆောင်နေဆဲဖြစ်ကြောင်းသိရပါတယ်။
zawgyi version
လူျမင္ကြင္းမွာေသဒဏ္ေပးတဲ့စနစ္က်င့္သုံးတဲ့ တာလီဘန္အဖြဲ႕ရဲ႕လုပ္ရပ္ကို ကုလသမဂၢအဖြဲ႕ေဝဖန္ျပစ္တင္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၉
ကုလသမဂၢဟာ အာဖဂန္နစၥတန္ႏိုင္ငံမွာ လုပ္ေဆာင္လ်က္ရွိေနလူျမင္ ကြင္းမွာ ကြပ္မ်က္ျခင္းကို ျပစ္တင္ရႈတ္ခ်လိုက္ၿပီး ေသဒဏ္အျပစ္ေပးမႈမ်ားကို အဆုံးသတ္ဖို႔ ေတာင္းဆိုလိုက္ေၾကာင္းသိရပါတယ္။
အာဖဂန္နစၥတန္ႏိုင္ငံကို အုပ္ခ်ဳပ္ေနတဲ့ တာလီဘန္အစိုးရဟာ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း လူသုံးဦးကို လူျမင္ကြင္းမွာ ကြပ္မ်က္မႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္းသိရပါတယ္။ အဆိုပါကြပ္မ်က္ခံရသူသုံးဦးကို လူအမ်ားအျပားေရွ႕မွာေသနတ္နဲ႔ပစ္သတ္ခဲ့ျခင္းျဖစ္ၿပီး အဲဒီလူအုပ္ႀကီးထဲမွာ ကြပ္မ်က္ခံရသူေတြရဲ႕မိသားစုေတြလည္း ပါဝင္ခဲ့ေၾကာင္းသိရပါတယ္။
ကုလသမဂၢ လူ႔အခြင့္ေရး႐ုံးရဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးျဖစ္တဲ့ ဂ်ေရမီ ေလာရမ့္က "ၿပီးခဲ့တဲ့သီတင္းပတ္အတြင္းမွာ အာဖဂန္နစၥတန္ႏိုင္ငံရွိ ေဘာလုံးကြင္းထဲမွာ လူသုံးဦးကို လူအမ်ားအျပားေရွ႕မွာ ကြပ္မ်က္ခဲ့တယ္။ လူျမင္ ကြင္းမွာ ကြပ္မ်က္တဲ့ စနစ္ဟာရက္စက္လြန္းတယ္။ အဲဒီကြပ္မ်က္ျခင္းဟာ သဘာဝမက်ဘူးလို႔ထင္မိပါတယ္" လို႔ေျပာပါတယ္။
ေသဒဏ္ေပးတဲ့စနစ္ကို က်င့္သုံးေနတဲ့ အေမရိကန္ႏိုင္ငံကလည္း တာလီဘန္အစိုးရအဖြဲ႕က အာဖဂန္နစၥတန္ႏိုင္ငံမွာ ေသဒဏ္ေပးတဲ့စနစ္က်င့္သုံးေနျခင္းကို ေဝဖန္ျပစ္တင္ခဲ့ေၾကာင္းသိရပါတယ္။ ႏိုင္ငံတကာလူ႔အခြင့္ေရးအဖြဲ႕အစည္းမ်ားက ေသဒဏ္ေပးတဲ့စနစ္က်င့္သုံးျခင္းကို ပယ္ဖ်က္ဖို႔ ေတာင္းဆိုေနေပမယ့္ တ႐ုတ္၊ အီရန္ ေဆာ္ဒီအာေရးဗ် အပါအဝင္ႏိုင္ငံအခ်ိဳ႕မွာ ဆက္လက္က်င့္သုံးေနဆဲျဖစ္ပါတယ္။ ဒါေပမဲ့ ေသဒဏ္ေပးတဲ့စနစ္ကိုက်င့္သုံးရာမွာ တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံမတူညီဘဲအခ်ိဳ႕ႏိုင္ငံေတြမွာေတာ့ လူျမင္ကြင္းမွာ ကြပ္မ်က္တဲ့စနစ္ကို က်င့္သုံးေနဆဲျဖစ္ေၾကာင္းသိရပါတယ္။
တာလီဘန္အဖြဲ႕ဟာ ၿပီးခဲ့တဲ့ ႏွစ္ပိုင္းမွာ အာဖဂန္နစၥတန္ႏိုင္ငံကို ျပန္လည္အုပ္စိုးခြင့္ရခဲ့ၿပီးေနာက္ အာဖဂန္နစၥတန္ ျပည္သူေတြနဲ႔ပတ္သက္ၿပီး တရား သူႀကီးမ်ားခန႔္အပ္ကာအျပစ္ေပးမႈေတြလုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္းသိရပါတယ္။