ဂါနာလွှတ်တော်တွင် LGBTQ ဆန့်ကျင်သည့်ဥပဒေကြမ်းတစ်ခုကို တင်သွင်းခဲ့

 388

ALynn (NP News) - ဖေဖော်ဝါရီ ၂၉

ဂါနာလွှတ်တော်သည် LGBTQ အခွင့်အရေးများကို ကန့်သတ်သည့် အငြင်းပွားဖွယ် ဥပဒေကြမ်းတစ်ခုကို ဖေဖော်ဝါရီလ ၂၈ ရက် (ကြာသပတေးနေ့) က တင်သွင်းခဲ့သည်။ ၎င်းဥပဒေကို ဘာသာရေးခေါင်းဆောင်များ၊ ရှေးရိုးစွဲခေါင်းဆောင်များက နှစ်သက်လိုလားကြပြီး ပါလီမန်၌ မဲခွဲဆုံးဖြတ်ရာတွင်လည်း အများစုက ထောက်ခံခဲ့ ကြသည်။

ဥပဒေကြမ်းတွင် လိင်တူခြင်း လိင်ပိုင်းဆိုင်ရာပြုမူခြင်းများ၊ လိင်တူအခွင့်အရေးတက်ကြွလှုပ်ရှားခြင်းများ ပြုလုပ်ပါ က ထောင်ဒဏ် ချမှတ်နိုင်ကြောင်းဖော်ပြထားသည်။ အာဖရိကတိုက်တွင် အပြင်းထန်ဆုံးဖြစ်လာမည့် ဥပဒေကြမ်း သည် သမ္မတ၏ အတည်ပြုချက်ရယူရန် လိုအပ်နေသေးသည်။ လေ့လာသုံးသပ်သူများက ဒီဇင်ဘာလတွင် ကျင်းပမည့်ရွေးကောက်ပွဲမတိုင်ခင်ထိ ၎င်းဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်း နိုင်မည်မဟုတ်ကြောင်း ယူဆကြ သည်။ လူအခွင့်အရေးတက်ကြွလှုပ်ရှားသူများက ထိုဥပဒေကြမ်းသည် လူ့အခွင့်အရေးစံတန်ဖိုးများကို လျော့ကျစေ သောကြောင့် သမ္မတ Nana Akufo-Addo အား အတည်မပြုရန် တောင်းဆိုထားကြသည်။

သို့သော် ဂါနာနိုင်ငံတစ်ဝန်းတွင် ယင်းဥပဒေကြမ်းကို ထောက်ခံသူကများနေပြီး သမ္မတကလည်း ၎င်း၏ လက်ထက်တွင် လိင်တူချင်းထိမ်းမြားလက်ထပ်ခြင်း မရှိစေရဟု ကြွေးကြော်ထားသည်။ လိင်တူချင်းဆက်ဆံမှု သည် ဘာသာရေးကြီးစိုးသော အနောက်အာဖရိကနိုင်ငံများတွင် တရားမဝင် ကိစ္စရပ်ဖြစ်နေသည်။ LGBTQ တို့အား ခွဲခြားဆက်ဆံခြင်းမှာ ပုံမှန်လိုဖြစ်နေသော်လည်း ယခုကဲ့သို့ ဥပဒေပြဋ္ဌာန်းပြီး တရားစွဲဆိုခြင်းတော့မရှိခဲ့ပါ။ ယခုဥပဒေကြမ်းအရ လိင်တူချင်းဆက်ဆံလျှင် ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိ အပြစ်ပေးခြင်းခံရနိုင်သည်။

ထို့ပြင် LGBTQ အရေး လှုပ်ရှားဆောင်ရွက်မှုများရှိလျှင်လည်း ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ချမှတ်ခြင်းခံရနိုင် သည်။ ဂါနာရှိ ရှေ့နေများနှင့် တက်ကြွလှုပ်ရှားသူများပါဝင်သော Big 18 ဟုလူသိများသည့် လူ့အခွင့်အရေး ညွန့်ပေါင်းအဖွဲ့က အဆိုပါဥပဒေကြမ်းအား ရှုတ်ချခဲ့ကြသည်။ ဂါနာရှိ LGBTQ အသိုင်းအဝိုင်းက ၎င်းဥပဒေကြမ်း၏ အကျိုးသက်ရောက်မှုများကို စိုးရိမ်ကြောင့်ကြလျက်ရှိနေကြသည်။

Zawgyi Version;
ဂါနာလႊတ္ေတာ္တြင္ LGBTQ ဆန႔္က်င္သည့္ဥပေဒၾကမ္းတစ္ခုကို တင္သြင္းခဲ့
ALynn (NP News) - ေဖေဖာ္ဝါရီ ၂၉

ဂါနာလႊတ္ေတာ္သည္ LGBTQ အခြင့္အေရးမ်ားကို ကန႔္သတ္သည့္ အျငင္းပြားဖြယ္ ဥပေဒၾကမ္းတစ္ခုကို ေဖေဖာ္ဝါရီလ ၂၈ ရက္ (ၾကာသပေတးေန႔) က တင္သြင္းခဲ့သည္။ ၎ဥပေဒကို ဘာသာေရးေခါင္းေဆာင္မ်ား၊ ေရွး႐ိုးစြဲေခါင္းေဆာင္မ်ားက ႏွစ္သက္လိုလားၾကၿပီး ပါလီမန္၌ မဲခြဲဆုံးျဖတ္ရာတြင္လည္း အမ်ားစုက ေထာက္ခံခဲ့ ၾကသည္။

ဥပေဒၾကမ္းတြင္ လိင္တူျခင္း လိင္ပိုင္းဆိုင္ရာျပဳမူျခင္းမ်ား၊ လိင္တူအခြင့္အေရးတက္ႂကြလႈပ္ရွားျခင္းမ်ား ျပဳလုပ္ပါ က ေထာင္ဒဏ္ ခ်မွတ္ႏိုင္ေၾကာင္းေဖာ္ျပထားသည္။ အာဖရိကတိုက္တြင္ အျပင္းထန္ဆုံးျဖစ္လာမည့္ ဥပေဒၾကမ္း သည္ သမၼတ၏ အတည္ျပဳခ်က္ရယူရန္ လိုအပ္ေနေသးသည္။ ေလ့လာသုံးသပ္သူမ်ားက ဒီဇင္ဘာလတြင္ က်င္းပမည့္ေ႐ြးေကာက္ပြဲမတိုင္ခင္ထိ ၎ဥပေဒၾကမ္းကို အတည္ျပဳျပ႒ာန္း ႏိုင္မည္မဟုတ္ေၾကာင္း ယူဆၾက သည္။ လူအခြင့္အေရးတက္ႂကြလႈပ္ရွားသူမ်ားက ထိုဥပေဒၾကမ္းသည္ လူ႔အခြင့္အေရးစံတန္ဖိုးမ်ားကို ေလ်ာ့က်ေစ ေသာေၾကာင့္ သမၼတ Nana Akufo-Addo အား အတည္မျပဳရန္ ေတာင္းဆိုထားၾကသည္။

သို႔ေသာ္ ဂါနာႏိုင္ငံတစ္ဝန္းတြင္ ယင္းဥပေဒၾကမ္းကို ေထာက္ခံသူကမ်ားေနၿပီး သမၼတကလည္း ၎၏ လက္ထက္တြင္ လိင္တူခ်င္းထိမ္းျမားလက္ထပ္ျခင္း မရွိေစရဟု ေႂကြးေၾကာ္ထားသည္။ လိင္တူခ်င္းဆက္ဆံမႈ သည္ ဘာသာေရးႀကီးစိုးေသာ အေနာက္အာဖရိကႏိုင္ငံမ်ားတြင္ တရားမဝင္ ကိစၥရပ္ျဖစ္ေနသည္။ LGBTQ တို႔အား ခြဲျခားဆက္ဆံျခင္းမွာ ပုံမွန္လိုျဖစ္ေနေသာ္လည္း ယခုကဲ့သို႔ ဥပေဒျပ႒ာန္းၿပီး တရားစြဲဆိုျခင္းေတာ့မရွိခဲ့ပါ။ ယခုဥပေဒၾကမ္းအရ လိင္တူခ်င္းဆက္ဆံလွ်င္ ေထာင္ဒဏ္ ၆ လမွ ၃ ႏွစ္အထိ အျပစ္ေပးျခင္းခံရႏိုင္သည္။

ထို႔ျပင္ LGBTQ အေရး လႈပ္ရွားေဆာင္႐ြက္မႈမ်ားရွိလွ်င္လည္း ေထာင္ဒဏ္ ၃ ႏွစ္မွ ၅ ႏွစ္အထိ ခ်မွတ္ျခင္းခံရႏိုင္ သည္။ ဂါနာရွိ ေရွ႕ေနမ်ားႏွင့္ တက္ႂကြလႈပ္ရွားသူမ်ားပါဝင္ေသာ Big 18 ဟုလူသိမ်ားသည့္ လူ႔အခြင့္အေရး ၫြန႔္ေပါင္းအဖြဲ႕က အဆိုပါဥပေဒၾကမ္းအား ရႈတ္ခ်ခဲ့ၾကသည္။ ဂါနာရွိ LGBTQ အသိုင္းအဝိုင္းက ၎ဥပေဒၾကမ္း၏ အက်ိဳးသက္ေရာက္မႈမ်ားကို စိုးရိမ္ေၾကာင့္ၾကလ်က္ရွိေနၾကသည္။

Related news

© 2021. All rights reserved.