တောင်ကိုရီးယားက ဝန်ဆောင်မှုလုပ်ငန်းအတွက် မြန်မာအမျိုးသား/သမီး လုပ်သား ၃,၃၇၀ ကျော်ခေါ်ယူသွားမည်

 431

NP News - ဖေဖော်ဝါရီ ၂၉

မြန်မာအမျိုးသမီးများပါ ပထမဦးဆုံးအကြိမ်ဝင်ရောက်ဖြေဆိုမည့် ဝန်ဆောင်မှုလုပ်ငန်းအတွက် အမျိုးသား၊ အမျိုးသမီး လုပ်သား စုစုပေါင်း ၃,၃၇၀ ကျော်ခေါ်ယူသွားမည်ဖြစ်ကြောင်း ကိုရီးယားရောက် အလုပ်သမားအရေးဆောင်ရွက်သူများထံမှ သိရသည်။

ယခုတစ်ကြိမ်တွင် ကျင်းပမည့် EPS စာမေးပွဲတွင် မြန်မာအမျိုးသမီးများ ပထမဦးဆုံးအကြိမ်ဝင်ရောက် ဖြေဆိုခွင့်ရခြင်းလည်းဖြစ်သည်။

" ပထမဦးဆုံးအကြိမ်အဖြစ်ခေါ်ယူမယ့် တောင်ကိုရီးယားနိုင်ငံရဲ့ ဝန်ဆောင်မှုလုပ်ငန်းအတွက် လုပ်သားခေါ်ယူတဲ့အခါမှာ အမျိုး သား၊ အမျိုးသမီး ခွဲတမ်းသတ်မှတ်ထားတာမျိုးမရှိဘူး။ Quota (ခွဲတမ်း)နဲ့ ပတ်သက်ပြီး လုပ်ငန်းအမျိုးအစားအလိုက်သာ အချိုးကို သတ်မှတ်မှာဖြစ်ပါတယ်"ဟု ကိုရီးယားရောက် အလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။

တောင်ကိုရီးယားနိုင်ငံမှ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် လုပ်ကိုင်ရန်အတွက် ယခင်က အမျိုးသားများကိုသာ အဓိကခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။ EPS စာမေးပွဲဖြေဆိုခွင့်အတွက် အွန်လိုင်းမှတစ်ဆင့် မတ်လဆန်းတွင် စတင်လျှောက်ထားနိုင်မည် ဖြစ်ပြီး အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှ တစ်ဆင့် တောင်ကိုရီးယားသို့ EPS လုပ်သားများကို တာဝန်ယူစေလွှတ်နေခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်အတွင်း မြန်မာလုပ်သား ၁၀,၆၁၁ ဦး ပို့နိုင်ခဲ့ကာ ယခုနှစ်တွင်လည်း မြန်မာလုပ်သား ၁၁,၀၀၀ စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ေတာင္ကိုရီးယားက ဝန္ေဆာင္မႈလုပ္ငန္းအတြက္ ျမန္မာအမ်ိဳးသား/သမီး လုပ္သား ၃,၃၇၀ ေက်ာ္ေခၚယူသြားမည္
NP News - ေဖေဖာ္ဝါရီ ၂၉

ျမန္မာအမ်ိဳးသမီးမ်ားပါ ပထမဦးဆုံးအႀကိမ္ဝင္ေရာက္ေျဖဆိုမည့္ ဝန္ေဆာင္မႈလုပ္ငန္းအတြက္ အမ်ိဳးသား၊ အမ်ိဳးသမီး လုပ္သား စုစုေပါင္း ၃,၃၇၀ ေက်ာ္ေခၚယူသြားမည္ျဖစ္ေၾကာင္း ကိုရီးယားေရာက္ အလုပ္သမားအေရးေဆာင္႐ြက္သူမ်ားထံမွ သိရသည္။

ယခုတစ္ႀကိမ္တြင္ က်င္းပမည့္ EPS စာေမးပြဲတြင္ ျမန္မာအမ်ိဳးသမီးမ်ား ပထမဦးဆုံးအႀကိမ္ဝင္ေရာက္ ေျဖဆိုခြင့္ရျခင္းလည္းျဖစ္သည္။

" ပထမဦးဆုံးအႀကိမ္အျဖစ္ေခၚယူမယ့္ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ဝန္ေဆာင္မႈလုပ္ငန္းအတြက္ လုပ္သားေခၚယူတဲ့အခါမွာ အမ်ိဳး သား၊ အမ်ိဳးသမီး ခြဲတမ္းသတ္မွတ္ထားတာမ်ိဳးမရွိဘူး။ Quota (ခြဲတမ္း)နဲ႔ ပတ္သက္ၿပီး လုပ္ငန္းအမ်ိဳးအစားအလိုက္သာ အခ်ိဳးကို သတ္မွတ္မွာျဖစ္ပါတယ္"ဟု ကိုရီးယားေရာက္ အလုပ္သမားအေရးေဆာင္႐ြက္သူတစ္ဦးက ေျပာသည္။

ေတာင္ကိုရီးယားႏိုင္ငံမွ ကုန္ထုတ္လုပ္ငန္း၊ ေဆာက္လုပ္ေရးလုပ္ငန္း၊ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးလုပ္ငန္းမ်ားတြင္ လုပ္ကိုင္ရန္အတြက္ ယခင္က အမ်ိဳးသားမ်ားကိုသာ အဓိကေခၚယူျခင္းျဖစ္ေၾကာင္း သိရသည္။ EPS စာေမးပြဲေျဖဆိုခြင့္အတြက္ အြန္လိုင္းမွတစ္ဆင့္ မတ္လဆန္းတြင္ စတင္ေလွ်ာက္ထားႏိုင္မည္ ျဖစ္ၿပီး အစိုးရျပည္ပအလုပ္အကိုင္ေအဂ်င္စီ(POEA)မွ တစ္ဆင့္ ေတာင္ကိုရီးယားသို႔ EPS လုပ္သားမ်ားကို တာဝန္ယူေစလႊတ္ေနျခင္းျဖစ္သည္။

၂၀၂၃ ခုႏွစ္အတြင္း ျမန္မာလုပ္သား ၁၀,၆၁၁ ဦး ပို႔ႏိုင္ခဲ့ကာ ယခုႏွစ္တြင္လည္း ျမန္မာလုပ္သား ၁၁,၀၀၀ ေစလႊတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.