မနက်ဖြန်တွင်ဖွင့်လှစ်မည့် အကြိမ်(၆၀)မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီစာအုပ်ပေါင်း (၅)သိန်းနီးပါး ရောင်းချနိုင်ခဲ့

 618

စော (NP News) - ဖေဖော်ဝါရီ ၂၉

မနက်ဖြန်(မတ်လ ၁ရက်)တွင် ဖွင့်လှစ်မည့် အကြိမ် (၆၀) မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီစာအုပ်ပေါင်း (၅) သိန်းနီးပါးကို ရောင်းချနိုင်ခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီး ဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲထံမှ သိရသည်။

အကြိမ် (၆၀)မြောက် ကျပ်(၁၀၀၀)တန် အောင်ဘာလေသိန်းဆုထီလက်မှတ်များကို “က”အက္ခရာမှ “ဇ”အက္ခရာအထိ အက္ခရာ (၈)လုံးအပေါ်မှ (၇၅)ရာခိုင်နှုန်းဖြစ်သော ထီစာအုပ်ပေါင်း (၄၉၀၉၁၂)အုပ်ကို ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ထီလက်မှတ်ရောင်းရငွေအဖြစ် ကျပ်သန်း (၄၉၀၉ ဒသမ ၁၂၀) ရရှိခဲ့ပြီး (၇၀)ရာခိုင်နှုန်းဖြစ်သော ကျပ်သန်း(၃၄၃၆ ဒသမ ၃၈၄) ကို ထီဆုငွေအဖြစ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။အဆို ပါ (၇၀)ရာခိုင်နှုန်းကို ခွဲဝေချီးမြှင့်သွားမည့်အပြင် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း (၂၅၀) ကိုလည်း ထည့်သွင်းချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အကြိမ်(၆၀)မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် အမြင့်ဆုံးပေးအပ်ချီးမြှင့်မည့် အထူးဆုသည် ငွေကျပ်သိန်း(၅ဝဝဝ)တစ်ဆု၊ ငွေကျပ်သိန်း(၂ဝဝဝ)တစ်ဆုနှင့် ကျပ်သိန်း(၁ဝဝဝ)တစ်ဆုဖြစ် ကြောင်း သိရသည်။

ထို့ပြင် အကြိမ် (၆၀)မြောက် အောင်ဘာလေအွန်လိုင်းသိန်းဆုဖွင့်ပွဲကို မနက်ဖြန် (မတ်လ ၁ ရက်)တွင် သီးခြားခွဲ၍ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အောင်ဘာလေအွန်လိုင်းသိန်းဆုထီလက်မှတ်များ ရောင်းရငွေအပေါ်မှ (၇၀)ရာခိုင်နှုန်းအား ဆုမဲအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အောင်ဘာလေသိန်းဆုထီဖွင့်ပွဲကို မနက်ဖြန် (မတ်လ ၁ ရက်) ၊ နံနက်(၈)နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ပြီး အောင်ဘာလေအွန်လိုင်းသိန်းဆုထီဖွင့်ပွဲကို နံနက် (၁၀)နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
မနက္ျဖန္တြင္ဖြင့္လွစ္မည့္ အႀကိမ္(၆၀)ေျမာက္ ေအာင္ဘာေလထီဖြင့္ပြဲအတြက္ ထီစာအုပ္ေပါင္း (၅)သိန္းနီးပါး ေရာင္းခ်ႏိုင္ခဲ့
ေစာ (NP News) - ေဖေဖာ္ဝါရီ ၂၉

မနက္ျဖန္(မတ္လ ၁ရက္)တြင္ ဖြင့္လွစ္မည့္ အႀကိမ္ (၆၀) ေျမာက္ ေအာင္ဘာေလထီဖြင့္ပြဲအတြက္ ထီစာအုပ္ေပါင္း (၅) သိန္းနီးပါးကို ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီး ဌာန၊ ေအာင္ဘာေလသိန္းဆုဌာနခြဲထံမွ သိရသည္။

အႀကိမ္ (၆၀)ေျမာက္ က်ပ္(၁၀၀၀)တန္ ေအာင္ဘာေလသိန္းဆုထီလက္မွတ္မ်ားကို “က”အကၡရာမွ “ဇ”အကၡရာအထိ အကၡရာ (၈)လုံးအေပၚမွ (၇၅)ရာခိုင္ႏႈန္းျဖစ္ေသာ ထီစာအုပ္ေပါင္း (၄၉၀၉၁၂)အုပ္ကို ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း သိရသည္။

ထီလက္မွတ္ေရာင္းရေငြအျဖစ္ က်ပ္သန္း (၄၉၀၉ ဒသမ ၁၂၀) ရရွိခဲ့ၿပီး (၇၀)ရာခိုင္ႏႈန္းျဖစ္ေသာ က်ပ္သန္း(၃၄၃၆ ဒသမ ၃၈၄) ကို ထီဆုေငြအျဖစ္ ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။အဆို ပါ (၇၀)ရာခိုင္ႏႈန္းကို ခြဲေဝခ်ီးျမႇင့္သြားမည့္အျပင္ ဘ႑ာသိမ္းရေငြ က်ပ္သန္း (၂၅၀) ကိုလည္း ထည့္သြင္းခ်ီးျမႇင့္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

အႀကိမ္(၆၀)ေျမာက္ ေအာင္ဘာေလသိန္းဆုဖြင့္ပြဲတြင္ အျမင့္ဆုံးေပးအပ္ခ်ီးျမႇင့္မည့္ အထူးဆုသည္ ေငြက်ပ္သိန္း(၅ဝဝဝ)တစ္ဆု၊ ေငြက်ပ္သိန္း(၂ဝဝဝ)တစ္ဆုႏွင့္ က်ပ္သိန္း(၁ဝဝဝ)တစ္ဆုျဖစ္ ေၾကာင္း သိရသည္။

ထို႔ျပင္ အႀကိမ္ (၆၀)ေျမာက္ ေအာင္ဘာေလအြန္လိုင္းသိန္းဆုဖြင့္ပြဲကို မနက္ျဖန္ (မတ္လ ၁ ရက္)တြင္ သီးျခားခြဲ၍ ဖြင့္လွစ္သြားမည္ျဖစ္ၿပီး ေအာင္ဘာေလအြန္လိုင္းသိန္းဆုထီလက္မွတ္မ်ား ေရာင္းရေငြအေပၚမွ (၇၀)ရာခိုင္ႏႈန္းအား ဆုမဲအျဖစ္ ျပန္လည္ခြဲေဝခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေအာင္ဘာေလသိန္းဆုထီဖြင့္ပြဲကို မနက္ျဖန္ (မတ္လ ၁ ရက္) ၊ နံနက္(၈)နာရီအခ်ိန္တြင္ က်င္းပသြားမည္ျဖစ္ၿပီး ေအာင္ဘာေလအြန္လိုင္းသိန္းဆုထီဖြင့္ပြဲကို နံနက္ (၁၀)နာရီအခ်ိန္တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.