ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းများသည် နှစ်ကာလကြာ မြင့်နေပြီဖြစ်သဖြင့် အချို့သော စီမံကိန်းများမှာ ထွက်ရှိမှုလျော့ နည်းနေဟု စွမ်းအင်ဝန်ကြီးပြော

 1038

ပုံစာ - ပြည်တွင်း၌ ဆောင်ရွက်နေသည့် ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုအားတွေ့ရစဉ်

Pearl (NP News) - ဖေဖော်ဝါရီ ၂၉

ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းများသည် နှစ်ကာလကြာ မြင့်နေပြီဖြစ်သဖြင့် အချို့သောစီမံကိန်းများမှာ ထွက်ရှိမှုလျော့ နည်းနေပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ပြော သည်။

၎င်းက ယမန်နေ့ (ဖေဖော်ဝါရီလ ၂၈ ရက်)တွင် ကျင်းပသော ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများ တိုးမြှင့်အကောင် အ ထည်ဖော်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် သဘာဝဓာတ်ငွေ့များကို ကုန်ကြမ်းအနေဖြင့် အသုံးပြုနေခြင်းထက် ရေရှည်တွင် ထုတ်ကုန်အဖြစ်ပြောင်းလဲ ထုတ်လုပ်သွားရန် စီမံဆောင်ရွက်ရမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးက ပြောသည်။ ထို့ပြင် ယခုလက်ရှိ သဘာဝ ဓာတ်ငွေ့ထုတ်လုပ်ပေးလျက်ရှိသည့် ကမ်းလွန်သဘာဝ ဓာတ် ငွေ့စီမံကိန်းများသည် နှစ်ကာလ ကြာမြင့်ပြီဖြစ်သဖြင့် အချို့စီမံကိန်းများသည် ထွက်ရှိမှုလျော့နည်း ကျဆင်းလာနေပြီ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့်လက်ရှိ စီမံကိန်းများကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ဆောင်ရွက်ဆဲ စီမံကိန်းများကို သတ်မှတ်ထားသည့် အချိန်အတွင်းပြီးစီးရေး နှင့် စီမံကိန်းအသစ်များ ထပ်မံဖော်ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်အတွက် စွမ်းအင်ဝန်ကြီးက တိုက် တွန်းပြောကြားထားသည်။

zawgyi version
ကမ္းလြန္သဘာဝဓာတ္ေငြ႕စီမံကိန္းမ်ားသည္ ႏွစ္ကာလၾကာ ျမင့္ေနၿပီျဖစ္သျဖင့္ အခ်ိဳ႕ေသာ စီမံကိန္းမ်ားမွာ ထြက္ရွိမႈေလ်ာ့ နည္းေနဟု စြမ္းအင္ဝန္ႀကီးေျပာ

Pearl (NP News) - ေဖေဖာ္ဝါရီ ၂၉

ကမ္းလြန္သဘာဝဓာတ္ေငြ႕စီမံကိန္းမ်ားသည္ ႏွစ္ကာလၾကာ ျမင့္ေနၿပီျဖစ္သျဖင့္ အခ်ိဳ႕ေသာစီမံကိန္းမ်ားမွာ ထြက္ရွိမႈေလ်ာ့ နည္းေနၿပီျဖစ္ေၾကာင္း စြမ္းအင္ဝန္ႀကီး ဦးကိုကိုလြင္က ေျပာ သည္။

၎က ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၂၈ ရက္)တြင္ က်င္းပေသာ ေရနံႏွင့္သဘာဝဓာတ္ေငြ႕စီမံကိန္းမ်ား တိုးျမႇင့္အေကာင္ အ ထည္ေဖာ္ႏိုင္ေရးလုပ္ငန္း ညႇိႏႈိင္းအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါအစည္းအေဝးတြင္ သဘာဝဓာတ္ေငြ႕မ်ားကို ကုန္ၾကမ္းအေနျဖင့္ အသုံးျပဳေနျခင္းထက္ ေရရွည္တြင္ ထုတ္ကုန္အျဖစ္ေျပာင္းလဲ ထုတ္လုပ္သြားရန္ စီမံေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္း စြမ္းအင္ဝန္ႀကီးက ေျပာသည္။ ထို႔ျပင္ ယခုလက္ရွိ သဘာဝ ဓာတ္ေငြ႕ထုတ္လုပ္ေပးလ်က္ရွိသည့္ ကမ္းလြန္သဘာဝ ဓာတ္ ေငြ႕စီမံကိန္းမ်ားသည္ ႏွစ္ကာလ ၾကာျမင့္ၿပီျဖစ္သျဖင့္ အခ်ိဳ႕စီမံကိန္းမ်ားသည္ ထြက္ရွိမႈေလ်ာ့နည္း က်ဆင္းလာေနၿပီ ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

ထို႔ေၾကာင့္လက္ရွိ စီမံကိန္းမ်ားကို တိုးျမႇင့္ထုတ္လုပ္ႏိုင္ေရး၊ ေဆာင္႐ြက္ဆဲ စီမံကိန္းမ်ားကို သတ္မွတ္ထားသည့္ အခ်ိန္အတြင္းၿပီးစီးေရး ႏွင့္ စီမံကိန္းအသစ္မ်ား ထပ္မံေဖာ္ေဆာင္ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ရန္အတြက္ စြမ္းအင္ဝန္ႀကီးက တိုက္ တြန္းေျပာၾကားထားသည္။

Related news

© 2021. All rights reserved.