Superman ရုပ်ရှင်ဇာတ်ကားသစ်ရိုက်ကူးဖို့ ဂျိန်းဂန်း ပြင်ဆင်နေ

 622

ရောင်နီ (NP News) - မတ် ၂

DC studio CEO ဂျိန်းဂန်းဟာ ၎င်းရဲ့ "Superman' ရုပ်ရှင်ဇာတ်ကားသစ်ကို စတင် ရိုက်ကူးထုတ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။

DC Studios ဒါရိုက်တာ၊ တွဲဖက်စီအီးအို ဂျိန်းဂန်းဟာ ၎င်းရဲ့နောက်ထပ်ရုပ်ရှင် "Superman" အတွက် အဓိက ဓာတ်ပုံရိုက်ကူးဖို့ စတင်နေပြီဖြစ်တယ်လို့ ကြာသပတေးနေ့ ( ဖေဖော်ဝါရီ ၂၉ ရက်) မှာ ၎င်းရဲ့ Instagram မှာ ပြောကြားလာခဲ့တာပါ။

ဂန်းဟာ ၎င်းရဲ့ဆိုရှယ်မီဒီယာ ပိုစ့်မှာ အနီရောင်၊ အဝါရောင်နဲ့ အပြာရောင် စူပါမင်းဝတ်စုံရဲ့ အနီးကပ်ပုံ၊ နာမည်ကျော် "S" logo ကိုလည်း မျှဝေထားပါတယ်။

ယခင်က Marvel (“Guardians of the Galaxy”) နဲ့ DC (“Peacemaker”) စတဲ့ ပရိသတ် အနှစ်သက်ဆုံး ဇာတ်ကားတွေကို ရိုက်ကူးခဲ့ဖူးတဲ့ ဂန်းက ဒီရုပ်ရှင်ထုတ်လုပ်ရေး စတင်ခြင်းအတွက် အလွန်ဝမ်းသာမိကြောင်း ပြောကြားခဲ့ပ်တယ်။

ရုပ်ရှင်ရဲ့အမည်ကို လတ်တလော "Superman" လို့သာ ခေါ်ဆိုထားပေမယ့် ရုပ်ရှင်ထွက်လာရင်တော့ ပြောင်းလဲမှု ယအနည်းငယ် ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒီရုပ်ရှင်ဟာ ကွယ်လွန်သူ ခရစ်စတိုဖာရိဗ် ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၉၇၈ ခုနှစ်ထွက် မူရင်း "Superman" ရုပ်ရှင်နဲ့ တူညီမှု အနည်းငယ်ရှိမယ်လို့ သိရပါတယ်။

ဇာတ်ကားသစ်ရဲ့ဇာတ်ကွက်တွေ ဘယ်လိုဘယ်ပုံ ထွက်ပေါ်လာမယ်ဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
Superman ဇာတ်လမ်းသစ်မှာ မင်းသား ဒေးဗစ်ကိုရန်ဆွက် ဟာ Superman အဖြစ် သရုပ်ဆောင်မှာဖြစ်ပြီး မင်းသမီး ရေချယ်ဘရောစ်နဟန်အဖြစ် လူးဝစ်လိန်းက ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

မင်းသား နီကိုလပ်စ်ဟော့ကတော့ ဗီလိန် လက်လူသာ အဖြစ် သရုပ်ဆောင်မယ်လို့ သိရပါတယ်။
အဆိုပါ "Superman" ရုပ်ရှင်အသစ်ကို ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။

Zawgyi Version;
Superman ႐ုပ္ရွင္ဇာတ္ကားသစ္႐ိုက္ကူးဖို႔ ဂ်ိန္းဂန္း ျပင္ဆင္ေန
ေရာင္နီ (NP News) - မတ္ ၂

DC studio CEO ဂ်ိန္းဂန္းဟာ ၎ရဲ႕ "Superman' ႐ုပ္ရွင္ဇာတ္ကားသစ္ကို စတင္ ႐ိုက္ကူးထုတ္လုပ္ဖို႔ ျပင္ဆင္ေနပါတယ္။

DC Studios ဒါ႐ိုက္တာ၊ တြဲဖက္စီအီးအို ဂ်ိန္းဂန္းဟာ ၎ရဲ႕ေနာက္ထပ္႐ုပ္ရွင္ "Superman" အတြက္ အဓိက ဓာတ္ပုံ႐ိုက္ကူးဖို႔ စတင္ေနၿပီျဖစ္တယ္လို႔ ၾကာသပေတးေန႔ ( ေဖေဖာ္ဝါရီ ၂၉ ရက္) မွာ ၎ရဲ႕ Instagram မွာ ေျပာၾကားလာခဲ့တာပါ။

ဂန္းဟာ ၎ရဲ႕ဆိုရွယ္မီဒီယာ ပိုစ့္မွာ အနီေရာင္၊ အဝါေရာင္နဲ႔ အျပာေရာင္ စူပါမင္းဝတ္စုံရဲ႕ အနီးကပ္ပုံ၊ နာမည္ေက်ာ္ "S" logo ကိုလည္း မွ်ေဝထားပါတယ္။

ယခင္က Marvel (“Guardians of the Galaxy”) နဲ႔ DC (“Peacemaker”) စတဲ့ ပရိသတ္ အႏွစ္သက္ဆုံး ဇာတ္ကားေတြကို ႐ိုက္ကူးခဲ့ဖူးတဲ့ ဂန္းက ဒီ႐ုပ္ရွင္ထုတ္လုပ္ေရး စတင္ျခင္းအတြက္ အလြန္ဝမ္းသာမိေၾကာင္း ေျပာၾကားခဲ့ပ္တယ္။

႐ုပ္ရွင္ရဲ႕အမည္ကို လတ္တေလာ "Superman" လို႔သာ ေခၚဆိုထားေပမယ့္ ႐ုပ္ရွင္ထြက္လာရင္ေတာ့ ေျပာင္းလဲမႈ ယအနည္းငယ္ ရွိႏိုင္တယ္လို႔ ဆိုပါတယ္။
ဒီ႐ုပ္ရွင္ဟာ ကြယ္လြန္သူ ခရစ္စတိုဖာရိဗ္ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ၁၉၇၈ ခုႏွစ္ထြက္ မူရင္း "Superman" ႐ုပ္ရွင္နဲ႔ တူညီမႈ အနည္းငယ္ရွိမယ္လို႔ သိရပါတယ္။

ဇာတ္ကားသစ္ရဲ႕ဇာတ္ကြက္ေတြ ဘယ္လိုဘယ္ပုံ ထြက္ေပၚလာမယ္ဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။
Superman ဇာတ္လမ္းသစ္မွာ မင္းသား ေဒးဗစ္ကိုရန္ဆြက္ ဟာ Superman အျဖစ္ သ႐ုပ္ေဆာင္မွာျဖစ္ၿပီး မင္းသမီး ေရခ်ယ္ဘေရာစ္နဟန္အျဖစ္ လူးဝစ္လိန္းက ပါဝင္သ႐ုပ္ေဆာင္မွာျဖစ္ပါတယ္။

မင္းသား နီကိုလပ္စ္ေဟာ့ကေတာ့ ဗီလိန္ လက္လူသာ အျဖစ္ သ႐ုပ္ေဆာင္မယ္လို႔ သိရပါတယ္။
အဆိုပါ "Superman" ႐ုပ္ရွင္အသစ္ကို ၂၀၂၅ ခုႏွစ္ ဇူလိုင္လမွာ ႐ုံတင္ျပသမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.