ခံတွင်းသန့်ဆေးရည်မှ အဆိပ်သင့်မှုအန္တရာယ်ကြောင့် အမေရိကန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခံတွင်းဆေးရည်များ ပြန်လည်သိမ်းဆည်း

 2603

ရောင်နီ (NP News) - မတ် ၂

Heritage Store Hydrogen Peroxide အမည်ရှိ ခံတွင်းသန့်ဆေးဟာ ကလေးတွေအတွက် အဆိပ်သင့်နိုင်ခြေရှိတာကြောင့် နိုင်ငံတစ်ဝန်း အဆိုပါ ခံတွင်းဆေးရည်တွေကို ပြန်လည်သိမ်းဆည်းနေတယ်လို့ သိရပါတယ်။

စားသုံးသူ ထုတ်ကုန်ဘေးကင်းရေးကော်မရှင်က အဆိုပါ Heritage Store Hydrogen Peroxide ဆေးရည်ဟာ အီသနော ပါဝင်တဲ့ ထုတ်ကုန်တွေနဲ့ပြုလုပ်ထားပြီး ကလေးတွေအတွက်ဘေးကင်းလုံခြုံအောင် ထုတ်လုပ်ထားခြင်းမရှိတာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပြန်လည်သိမ်းဆည်းကြောင်း ဖေဖော်ဝါရီ ၂၉ ရက်မှာ ကြေညာခဲ့ပါတယ်။

ဒါ့အပြင် သုံးစွဲသူတွေ အနေနဲ့ ခံတွင်းဆေးရည်ကို ကလေးငယ်တွေနဲ့ လက်လှမ်းမမီတဲ့ နေရာမှာ ထားသင့်ကြောင်း CPSC မှ သတိပေးခဲ့ပါတယ်။

ပြန်လည်သိမ်းဆည်းထားတဲ့ အရသာများမှာ အညိုရောင် အဖုံးနဲ့ရောင်းတဲ့ eucalyptus mint နဲ့ wintermint တို့ ဖြစ်ပါတယ်။

ခံတွင်းသန့်စင်ဆေးရည်ကို Whole Foods၊ Fresh Thyme Farmers Market၊ Mom's Organic Market၊ New Season's Market နဲ့ Mother's Market & Kitchen စတဲ့ စတိုးဆိုင်တွေမှာ ရောင်းချလျက်ရှိပါတယ်။ အခုအချိန်ထိတော့ ခံတွင်းသန့်ဆေး ပုလင်းပေါင်း ၁၀၂,၁၀၀ ကို ပြန်လည် သိမ်းဆည်းနိုင်ခဲ့ပြီဖြစ်ပြီး ခံတွင်းဆေးရည်ကြောင့် ထိခိုက်သူတော့ မရှိဘူးလို့ သိရပါတယ်။

အီသနော အဆိပ်သင့်ပြီဆိုရင် လက္ခဏာတွေအနေနဲ့ အော့အန်ခြင်း၊ ပျို့အန်ခြင်း၊ အသက်ရှုနှေးကွေးခြင်းနဲ့ ငိုက်မျဉ်းခြင်းတို့ ခံစားရနိုင်တယ်လို့ သိရပါတယ်။

ခံတြင္းသန္႔ေဆးရည္မွ အဆိပ္သင့္မႈအႏၲရာယ္ေၾကာင့္ အေမရိကန္မွာ တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ ခံတြင္းေဆးရည္မ်ား ျပန္လည္သိမ္းဆည္း
ေရာင္နီ (NP News) - မတ္ ၂

Heritage Store Hydrogen Peroxide အမည္ရွိ ခံတြင္းသန႔္ေဆးဟာ ကေလးေတြအတြက္ အဆိပ္သင့္ႏိုင္ေျခရွိတာေၾကာင့္ ႏိုင္ငံတစ္ဝန္း အဆိုပါ ခံတြင္းေဆးရည္ေတြကို ျပန္လည္သိမ္းဆည္းေနတယ္လို႔ သိရပါတယ္။

စားသုံးသူ ထုတ္ကုန္ေဘးကင္းေရးေကာ္မရွင္က အဆိုပါ Heritage Store Hydrogen Peroxide ေဆးရည္ဟာ အီသေနာ ပါဝင္တဲ့ ထုတ္ကုန္ေတြနဲ႔ျပဳလုပ္ထားၿပီး ကေလးေတြအတြက္ေဘးကင္းလုံၿခဳံေအာင္ ထုတ္လုပ္ထားျခင္းမရွိတာေၾကာင့္ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ျပန္လည္သိမ္းဆည္းေၾကာင္း ေဖေဖာ္ဝါရီ ၂၉ ရက္မွာ ေၾကညာခဲ့ပါတယ္။

ဒါ့အျပင္ သုံးစြဲသူေတြ အေနနဲ႔ ခံတြင္းေဆးရည္ကို ကေလးငယ္ေတြနဲ႔ လက္လွမ္းမမီတဲ့ ေနရာမွာ ထားသင့္ေၾကာင္း CPSC မွ သတိေပးခဲ့ပါတယ္။

ျပန္လည္သိမ္းဆည္းထားတဲ့ အရသာမ်ားမွာ အညိဳေရာင္ အဖုံးနဲ႔ေရာင္းတဲ့ eucalyptus mint နဲ႔ wintermint တို႔ ျဖစ္ပါတယ္။

ခံတြင္းသန႔္စင္ေဆးရည္ကို Whole Foods၊ Fresh Thyme Farmers Market၊ Mom's Organic Market၊ New Season's Market နဲ႔ Mother's Market & Kitchen စတဲ့ စတိုးဆိုင္ေတြမွာ ေရာင္းခ်လ်က္ရွိပါတယ္။ အခုအခ်ိန္ထိေတာ့ ခံတြင္းသန႔္ေဆး ပုလင္းေပါင္း ၁၀၂,၁၀၀ ကို ျပန္လည္ သိမ္းဆည္းႏိုင္ခဲ့ၿပီျဖစ္ၿပီး ခံတြင္းေဆးရည္ေၾကာင့္ ထိခိုက္သူေတာ့ မရွိဘူးလို႔ သိရပါတယ္။

အီသေနာ အဆိပ္သင့္ၿပီဆိုရင္ လကၡဏာေတြအေနနဲ႔ ေအာ့အန္ျခင္း၊ ပ်ိဳ႕အန္ျခင္း၊ အသက္ရႈေႏွးေကြးျခင္းနဲ႔ ငိုက္မ်ဥ္းျခင္းတို႔ ခံစားရႏိုင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.