မိုင်းပွန်မြို့တွင် တစ်ပတ်ကျော်ကြာ တိုက်ပွဲဖြစ်ပြီးနောက် ပိတ်ဆို့ထားသောလမ်းပိုင်းများကို ပြန်ဖွင့်ပေး

1188

မြူနစ် (NP News) - မတ် ၂
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပွန်မြို့တွင် တစ်ပတ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် ပိတ်ဆို့ထားသောလမ်းပိုင်းများကို မတ် ၁ ရက် နံနက် ၁၀ နာရီအချိန်တွင် ပြန်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
လွန်ခဲ့သော ဖေဖော်ဝါရီ ၂၁ ရက်မှစတင်ကာ မိုင်းပွန်မြို့နှင့်တစ်ဝိုက်တွင် တပ်မတော်၊ PNO ပူးပေါင်းအဖွဲ့နှင့် PNLA၊ PDF ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် တောင်ကြီး-ဟိုပုံး-မိုင်းပွန်-လွိုင်လင်-တာချီလိတ်လမ်းကြောင်းကို မိုင်းပွန်မြို့အထွက် တံတားအနီးရှိ လုံခြုံရေးဂိတ်မှတစ်ဆင့် ပိတ်ဆို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မိုင်းပွန်လမ်းဖွင့်လိုက်ပြီ။ ဒီနေ့မနက်(၁၀)နာရီလောက်မှာဖွင့်တာ။ တောင်ကြီး- ဟိုပုံး- မိုင်းပွန်- လွိုင်လင်-တာချီလိတ် သွားတဲ့လမ်းပေါ့။ တိုက်ပွဲဖြစ်တာနဲ့ ဘာနဲ့ဆိုရင်တော့ ပိတ်သွားတာ တစ်ပတ်ကျော်ကျော်လောက်တော့ ရှိမယ်ထင်တယ်။ အဲဒီလမ်းမှာ ကားကတော့ အစုံသွားကြတယ်။ အဲဒီလမ်းတစ်လမ်းပဲရှိတာ။ ကုန်တင်ကားတွေရော၊ ခရီးသွားတဲ့ကားတွေရော အကုန်လုံးပေါ့ အစုံပဲ သုံးကြတယ်” ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ထိပ်ပိုင်းအရာရှိတစ်ဦးက NP News ကို ပြောသည်။
ယင်းကဲ့သို့ နှစ်ဖက်အကြား ဖြစ်ပွားသည့်တိုက်ပွဲကြောင့် ပြည်သူများ၏ လုံခြုံရေးအခြေအနေအရ လမ်းပိုင်းကို ပိတ်ဆို့ခဲ့ရခြင်းဖြစ်ပြီး ကားအစီးရေ (၁၀၀၀)ကျော်ခန့် ပိတ်မိနေခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မိုင်းပွန်မြို့နှင့်တစ်ဝိုက်၌ တပ်မတော်၊ PNO ပူးပေါင်းအဖွဲ့နှင့် PNLA၊ PDF တို့ကြားတွင် တိုက်ပွဲများ အနည်း ငယ်ငြိမ်သက်နေလျက်ရှိသော်လည်း နှစ်ဖက်အကြား၌ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version;
မိုင္းပြန္ၿမိဳ႕တြင္ တစ္ပတ္ေက်ာ္ၾကာ တိုက္ပြဲျဖစ္ၿပီးေနာက္ ပိတ္ဆို႔ထားေသာလမ္းပိုင္းမ်ားကို ျပန္ဖြင့္ေပး
ျမဴနစ္ (NP News) - မတ္ ၂
ရွမ္းျပည္နယ္ေတာင္ပိုင္း မိုင္းပြန္ၿမိဳ႕တြင္ တစ္ပတ္ေက်ာ္ၾကာ တိုက္ပြဲျဖစ္ပြားၿပီးေနာက္ ပိတ္ဆို႔ထားေသာလမ္းပိုင္းမ်ားကို မတ္ ၁ ရက္ နံနက္ ၁၀ နာရီအခ်ိန္တြင္ ျပန္ဖြင့္ေပးလိုက္ၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။
လြန္ခဲ့ေသာ ေဖေဖာ္ဝါရီ ၂၁ ရက္မွစတင္ကာ မိုင္းပြန္ၿမိဳ႕ႏွင့္တစ္ဝိုက္တြင္ တပ္မေတာ္၊ PNO ပူးေပါင္းအဖြဲ႕ႏွင့္ PNLA၊ PDF ပူးေပါင္းအဖြဲ႕မ်ားအၾကား တိုက္ပြဲျဖစ္ပြားခဲ့သည္။
ထိုသို႔ တိုက္ပြဲျဖစ္ပြားမႈမ်ားေၾကာင့္ ေတာင္ႀကီး-ဟိုပုံး-မိုင္းပြန္-လြိဳင္လင္-တာခ်ီလိတ္လမ္းေၾကာင္းကို မိုင္းပြန္ၿမိဳ႕အထြက္ တံတားအနီးရွိ လုံၿခဳံေရးဂိတ္မွတစ္ဆင့္ ပိတ္ဆို႔ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“မိုင္းပြန္လမ္းဖြင့္လိုက္ၿပီ။ ဒီေန႔မနက္(၁၀)နာရီေလာက္မွာဖြင့္တာ။ ေတာင္ႀကီး- ဟိုပုံး- မိုင္းပြန္- လြိဳင္လင္-တာခ်ီလိတ္ သြားတဲ့လမ္းေပါ့။ တိုက္ပြဲျဖစ္တာနဲ႔ ဘာနဲ႔ဆိုရင္ေတာ့ ပိတ္သြားတာ တစ္ပတ္ေက်ာ္ေက်ာ္ေလာက္ေတာ့ ရွိမယ္ထင္တယ္။ အဲဒီလမ္းမွာ ကားကေတာ့ အစုံသြားၾကတယ္။ အဲဒီလမ္းတစ္လမ္းပဲရွိတာ။ ကုန္တင္ကားေတြေရာ၊ ခရီးသြားတဲ့ကားေတြေရာ အကုန္လုံးေပါ့ အစုံပဲ သုံးၾကတယ္” ဟု ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO)မွ ထိပ္ပိုင္းအရာရွိတစ္ဦးက NP News ကို ေျပာသည္။
ယင္းကဲ့သို႔ ႏွစ္ဖက္အၾကား ျဖစ္ပြားသည့္တိုက္ပြဲေၾကာင့္ ျပည္သူမ်ား၏ လုံၿခဳံေရးအေျခအေနအရ လမ္းပိုင္းကို ပိတ္ဆို႔ခဲ့ရျခင္းျဖစ္ၿပီး ကားအစီးေရ (၁၀၀၀)ေက်ာ္ခန႔္ ပိတ္မိေနခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ မိုင္းပြန္ၿမိဳ႕ႏွင့္တစ္ဝိုက္၌ တပ္မေတာ္၊ PNO ပူးေပါင္းအဖြဲ႕ႏွင့္ PNLA၊ PDF တို႔ၾကားတြင္ တိုက္ပြဲမ်ား အနည္း ငယ္ၿငိမ္သက္ေနလ်က္ရွိေသာ္လည္း ႏွစ္ဖက္အၾကား၌ စစ္ေရးျပင္ဆင္မႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း ၎က ဆက္လက္ေျပာသည္။