ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ လူ(၄)ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတစ်ချို့ရှိနေ

 3201

မြူနစ်/သန့်ဇင် (NP News) - မတ် ၂

ရန်ကုန်မြို့တွင် မတ်လ ၁ ရက် ညပိုင်း၌ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ လူ(၄)ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ တစ်ချို့ရှိနေကြောင်း သတင်းရရှိသည်။

မတ်လ ၁ ရက်၊ ည ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်း လမ်းပေါ်၊ (၁)ထိပ်မှတ်တိုင်နှင့် (၃)ထိပ်မှတ်တိုင်ကြားတွင် ဗုံးပေါက်ကွဲမှု စတင်ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူ များထံမှ သိရသည်။

ရန်ကုန်-ညောင်တုန်းလမ်းပေါ်တွင် ဘတ္ထရီစက်ဘီးစီးနင်းလာသူ (၂)ဦး၏ ကျောပိုးအိပ်အတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက‌ ပြောသည်။

ထိုသို့ပေါက်ကွဲမှုကြောင့် ဘတ္ထရီစက်ဘီးစီးနင်းလာသူ (၂)ဦးသည် ပြင်းထန်သည့်ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေ ရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ည ၇ နာရီ ၅၅ မိနစ်အချိန်ခန့်တွင်လည်း လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၁၇)ရပ်ကွက်၊ စက်မှု ဇုန်(၅)၊ သံလွင်လမ်းနှင့် ဒုတ္တဝတီလမ်းထောင့်ရှိ လျှပ်စစ်ကွန်ကရစ်တိုင်အနီးတွင် ဗုံးပေါက်မှု ထပ်မံဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ည ၇ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ရန်ကုန် တိုင်း၊ အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ လှိုင်မြစ်လမ်းဘေး၊ အ.မ.က (၁၂)ကျောင်းရှေ့တွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက ‌ပြောသည်။

“ပေါက်ကွဲမှု ဖြစ်တဲ့နေရာက အင်းစိန်အကျဉ်းထောင်နဲ့တော့ သိပ်မဝေးပါဘူး။ အဲဒီအနီးမှာရှိတဲ့ သန့်စင်စတိုးဆိုင်က ဝန် ထမ်းအမျိုးသမီးတစ်ယောက် ပေါက်ကွဲစထိမှန်ဒဏ်ရာရတာရှိတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး”ဟု အင်းစိန်မြို့နယ်လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NP News ကို ပြောသည်။

ထို့အတူ အင်းစိန်မြို့နယ်၊ စဥ့်ငူရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းနှင့် ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံတွင်လည်း ည ၇ နာရီ ၅၅ မိ နစ်အချိန်၌ ကားတစ်စီးအတွင်းမှ ပေါက်ကွဲမှု ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါကားသည် Honda Fit အမျိုးအစား ကားတစ်စီးဖြစ်ပြီး လက်လုပ်ဗုံးသယ်ဆောင်မောင်းနှင်လာစဉ်အချိန်တွင် ပေါက်ကွဲမှုဖြစ်ကာ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက ပြောသည်။

၎င်းပေါက်ကွဲမှုဖြစ်စဉ်အတွင်း ကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် ထိခိုက်ဒဏ်ရာများရရှိကာ မီးလောင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

“သိရတာတော့ Honda Fit ကားလို့သိရတယ်။ ရုတ်တရက်မီးလောင်ပြီး ပေါက်ကွဲတာ။ လူသေဆုံးတာလည်း ရှိတယ်။ Dead Body(၂)ယောက်ကတော့ မီးလောင်ထားတော့ ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုခွဲခြားနိုင်ဖို့ ခက်တယ်” ဟု အဆို ပါဖြစ်စဉ်အား ကူညီကယ်ဆယ်ပေးခဲ့သူတစ်ဦးကလည်း NP News ကို ပြောသည်။

ထို့ပြင် ယမန်နေ့ညပိုင်း၌ အင်းစိန်မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်အစပ်ရှိ (၁၄)လမ်းဆုံအနီးတွင်လည်း ဗုံးပေါက်ကွဲမှုဖြစ် စဉ်များ ထပ်မံဖြစ်ပွားခဲ့ပြီး တစ်ညတည်း၌ ဗုံးပေါက်ကွဲခဲ့သည့်နေရာ (၅)နေရာထက်မနည်း ရှိခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕တြင္ ဗုံးေပါက္ကြဲမႈမ်ား ျဖစ္ပြားခဲ့ရာ လူ(၄)ဦးထက္မနည္းေသဆုံးခဲ့ၿပီး ထိခိုက္ဒဏ္ရာရသူတစ္ခ်ိဳ႕ရွိေန

ျမဴနစ္/သန႔္ဇင္ (NP News) - မတ္ ၂

ရန္ကုန္ၿမိဳ႕တြင္ မတ္လ ၁ ရက္ ညပိုင္း၌ ဗုံးေပါက္ကြဲမႈမ်ား ျဖစ္ပြားခဲ့ရာ လူ(၄)ဦးထက္မနည္းေသဆုံးခဲ့ၿပီး ထိခိုက္ဒဏ္ရာရသူ တစ္ခ်ိဳ႕ရွိေနေၾကာင္း သတင္းရရွိသည္။

မတ္လ ၁ ရက္၊ ည ၇ နာရီ ၃၀ မိနစ္အခ်ိန္ခန႔္တြင္ လႈိင္သာယာအေရွ႕ပိုင္းၿမိဳ႕နယ္၊ အမွတ္(၂)ရပ္ကြက္၊ ရန္ကုန္-ေညာင္တုန္း လမ္းေပၚ၊ (၁)ထိပ္မွတ္တိုင္ႏွင့္ (၃)ထိပ္မွတ္တိုင္ၾကားတြင္ ဗုံးေပါက္ကြဲမႈ စတင္ျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူ မ်ားထံမွ သိရသည္။

ရန္ကုန္-ေညာင္တုန္းလမ္းေပၚတြင္ ဘတၳရီစက္ဘီးစီးနင္းလာသူ (၂)ဦး၏ ေက်ာပိုးအိပ္အတြင္းမွ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္း ျဖစ္ ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားက‌ ေျပာသည္။

ထိုသို႔ေပါက္ကြဲမႈေၾကာင့္ ဘတၳရီစက္ဘီးစီးနင္းလာသူ (၂)ဦးသည္ ျပင္းထန္သည့္ထိခိုက္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေန ရာတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အလားတူ ယမန္ေန႔ည ၇ နာရီ ၅၅ မိနစ္အခ်ိန္ခန႔္တြင္လည္း လႈိင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္၊ (၁၇)ရပ္ကြက္၊ စက္မႈ ဇုန္(၅)၊ သံလြင္လမ္းႏွင့္ ဒုတၱဝတီလမ္းေထာင့္ရွိ လွ်ပ္စစ္ကြန္ကရစ္တိုင္အနီးတြင္ ဗုံးေပါက္မႈ ထပ္မံျဖစ္ပြားခဲ့ေသာ္လည္း လူထိခိုက္မႈ မရွိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ယမန္ေန႔ည ၇ နာရီ ၅၀ မိနစ္အခ်ိန္ခန႔္တြင္ ရန္ကုန္ တိုင္း၊ အင္းစိန္ၿမိဳ႕နယ္၊ ကြက္သစ္ရပ္ကြက္၊ လႈိင္ျမစ္လမ္းေဘး၊ အ.မ.က (၁၂)ေက်ာင္းေရွ႕တြင္လည္း ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားက ‌ေျပာသည္။

“ေပါက္ကြဲမႈ ျဖစ္တဲ့ေနရာက အင္းစိန္အက်ဥ္းေထာင္နဲ႔ေတာ့ သိပ္မေဝးပါဘူး။ အဲဒီအနီးမွာရွိတဲ့ သန႔္စင္စတိုးဆိုင္က ဝန္ ထမ္းအမ်ိဳးသမီးတစ္ေယာက္ ေပါက္ကြဲစထိမွန္ဒဏ္ရာရတာရွိတယ္။ စိုးရိမ္စရာေတာ့ မရွိပါဘူး”ဟု အင္းစိန္ၿမိဳ႕နယ္လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူက NP News ကို ေျပာသည္။

ထို႔အတူ အင္းစိန္ၿမိဳ႕နယ္၊ စဥ့္ငူရပ္ကြက္၊ ေအာက္မဂၤလာဒုံလမ္းႏွင့္ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္လမ္းဆုံတြင္လည္း ည ၇ နာရီ ၅၅ မိ နစ္အခ်ိန္၌ ကားတစ္စီးအတြင္းမွ ေပါက္ကြဲမႈ ဆက္လက္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါကားသည္ Honda Fit အမ်ိဳးအစား ကားတစ္စီးျဖစ္ၿပီး လက္လုပ္ဗုံးသယ္ေဆာင္ေမာင္းႏွင္လာစဥ္အခ်ိန္တြင္ ေပါက္ကြဲမႈျဖစ္ကာ မီးေလာင္ခဲ့ျခင္းျဖစ္ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားက ေျပာသည္။

၎ေပါက္ကြဲမႈျဖစ္စဥ္အတြင္း ကားေပၚတြင္လိုက္ပါလာသည့္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔သည္ ထိခိုက္ဒဏ္ရာမ်ားရရွိကာ မီးေလာင္ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“သိရတာေတာ့ Honda Fit ကားလို႔သိရတယ္။ ႐ုတ္တရက္မီးေလာင္ၿပီး ေပါက္ကြဲတာ။ လူေသဆုံးတာလည္း ရွိတယ္။ Dead Body(၂)ေယာက္ကေတာ့ မီးေလာင္ထားေတာ့ ဘယ္သူဘယ္ဝါဆိုတာ အတည္ျပဳခြဲျခားႏိုင္ဖို႔ ခက္တယ္” ဟု အဆို ပါျဖစ္စဥ္အား ကူညီကယ္ဆယ္ေပးခဲ့သူတစ္ဦးကလည္း NP News ကို ေျပာသည္။

ထို႔ျပင္ ယမန္ေန႔ညပိုင္း၌ အင္းစိန္ၿမိဳ႕နယ္ႏွင့္ ေ႐ႊျပည္သာၿမိဳ႕နယ္အစပ္ရွိ (၁၄)လမ္းဆုံအနီးတြင္လည္း ဗုံးေပါက္ကြဲမႈျဖစ္ စဥ္မ်ား ထပ္မံျဖစ္ပြားခဲ့ၿပီး တစ္ညတည္း၌ ဗုံးေပါက္ကြဲခဲ့သည့္ေနရာ (၅)ေနရာထက္မနည္း ရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.