ဒိန်ချဉ်ဟာ ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်တယ်လို့ အမေရိကန် FDA ပြော

250
ရောင်နီ (NP News) - မတ် ၂
သီတင်းတစ်ပတ်ကို ဒိန်ချဉ် အနည်းဆုံး နှစ်ခွက် သို့မ ဟုတ် သုံးခွက်ခန့်ပုံမှန်စားခြင်းဟာ အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်တယ်လို့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက သောကြာနေ့(မတ်လ ၁ ရက်) မှာ ပြောကြားခဲ့ပါတယ်။
"ဒိန်ချဉ်စားသုံးခြင်းဟာ ကျန်းမာရေးကို အကျိုးပြုစေတယ်" ဆိုတဲ့ Harvard School of Public Health ရဲ့ အာဟာရဌာနမှ သုတေသီများ ထုတ်ဝေတဲ့ ၂၀၁၄ ခုနှစ်လေ့လာမှုကို ကိုးကားပြီး ဒိန်ချဉ်ကုမ္ပဏီ Danone က FDA ကို လျှောက်ထားခဲ့ရာမှာ အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်တယ်ဆိုတဲ့ အချက်တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ထုတ်လုပ်သူ အများအပြားဟာ ဒိန်ချဉ်ထဲကို သကြားထည့်ထုတ်လေ့ရှိပေမယ့် သုတေသနပြုချက်အရ ဒိန်ချဉ်မှာ သကြားပါသည်ဖြစ်စေ၊ မပါ သည်ဖြစ်စေ ဆီးချိုရောဂါအတွက် ကောင်းကောင်းလျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း သကြားများများထည့်ထားတဲ့ ဒိန်ချဉ်တွေကို သောက်သုံးခြင်းဟာ ကယ်လိုရီတိုးစေဖို့ အကူအညီဖြစ်မှာ စိုးရိမ်မိတယ်လို့ FDA က ဆိုပါတယ်။
လေ့လာချက်များအရ ဒိန်ချဉ်ဟာ ရောဂါဖြစ်နိုင်ခြေကို ဘာကြောင့် လျော့နည်းစေတယ် ဆိုတာကို အတိအကျ မဖော်ပြထားပေမယ့် ဒိန်ချဉ်ထဲမှာ အသက်ရှင်နေထိုင်ကြတဲ့ ကျန်းမာ ရေးအကျိုးပြု ပိုးမွှားလေးတွေကြောင့် ဖြစ်နိုင်တယ်လို့ သိရပါတယ်။
zawgyi version
ဒိန္ခ်ဥ္ဟာ ဆီးခ်ိဳေရာဂါျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ်ႏိုင္တယ္လို႔ အေမရိကန္ FDA ေျပာ
ေရာင္နီ (NP News) - မတ္ ၂
သီတင္းတစ္ပတ္ကို ဒိန္ခ်ဥ္ အနည္းဆုံး ႏွစ္ခြက္ သို႔မ ဟုတ္ သုံးခြက္ခန႔္ပုံမွန္စားျခင္းဟာ အမ်ိဳးအစား ၂ ဆီးခ်ိဳေရာဂါ ျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ်ႏိုင္တယ္လို႔ အေမရိကန္ အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရးဌာနက ေသာၾကာေန႔(မတ္လ ၁ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။
"ဒိန္ခ်ဥ္စားသုံးျခင္းဟာ က်န္းမာေရးကို အက်ိဳးျပဳေစတယ္" ဆိုတဲ့ Harvard School of Public Health ရဲ႕ အာဟာရဌာနမွ သုေတသီမ်ား ထုတ္ေဝတဲ့ ၂၀၁၄ ခုႏွစ္ေလ့လာမႈကို ကိုးကားၿပီး ဒိန္ခ်ဥ္ကုမၸဏီ Danone က FDA ကို ေလွ်ာက္ထားခဲ့ရာမွာ အမ်ိဳးအစား ၂ ဆီးခ်ိဳေရာဂါ ျဖစ္ႏိုင္ေခ်ကို ေလွ်ာ့ခ်ေပးႏိုင္တယ္ဆိုတဲ့ အခ်က္ေတြ႕ရွိခဲ့ျခင္း ျဖစ္ပါတယ္။ ထုတ္လုပ္သူ အမ်ားအျပားဟာ ဒိန္ခ်ဥ္ထဲကို သၾကားထည့္ထုတ္ေလ့ရွိေပမယ့္ သုေတသနျပဳခ်က္အရ ဒိန္ခ်ဥ္မွာ သၾကားပါသည္ျဖစ္ေစ၊ မပါ သည္ျဖစ္ေစ ဆီးခ်ိဳေရာဂါအတြက္ ေကာင္းေကာင္းေလွ်ာ့ခ်ေပးႏိုင္တယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့လည္း သၾကားမ်ားမ်ားထည့္ထားတဲ့ ဒိန္ခ်ဥ္ေတြကို ေသာက္သုံးျခင္းဟာ ကယ္လိုရီတိုးေစဖို႔ အကူအညီျဖစ္မွာ စိုးရိမ္မိတယ္လို႔ FDA က ဆိုပါတယ္။
ေလ့လာခ်က္မ်ားအရ ဒိန္ခ်ဥ္ဟာ ေရာဂါျဖစ္ႏိုင္ေျခကို ဘာေၾကာင့္ ေလ်ာ့နည္းေစတယ္ ဆိုတာကို အတိအက် မေဖာ္ျပထားေပမယ့္ ဒိန္ခ်ဥ္ထဲမွာ အသက္ရွင္ေနထိုင္ၾကတဲ့ က်န္းမာ ေရးအက်ိဳးျပဳ ပိုးမႊားေလးေတြေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ သိရပါတယ္။