ကနီမြို့နှင့် ပင်လည်ဘူးမြို့တို့တွင် တိုက်ပွဲများပြင်းထန်နေပြီး ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်း(၅၀)ကျော်ကို PDF အဖွဲ့က ဖမ်းဆီးထား

6977

Pearl (NP News) - မတ် ၂
ကနီမြို့နှင့် ပင်လည်ဘူးမြို့တို့တွင် တိုက်ပွဲများပြင်းထန်နေပြီး ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်း(၅၀)ကျော်ကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
ယနေ့ (မတ်လ ၂ရက်)၊ နံနက်အစောပိုင်းတွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့တွင် တပ်မတော်လုံခြုံရေးအဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲ ပြင်းထန်မှုနှင့်အတူ ကနီမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရေးဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ထွေအုပ်ရုံးတွင် ရောက်ရှိနေသည် ကျန်းမာရေးဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ စုစုပေါင်း (၄၀)ကျော်ကို PDF ပူးပေါင်း အဖွဲ့က ဝင်ရောက်ဖမ်းဆီးကာ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
"ကနီကတော့ ခန့်မှန်း (၄၀)ကျော်ပါတယ်။ ပညာရေးဝန်ထမ်းတွေကို အ.ထ.က ကျောင်းထဲ ဝင်ဖမ်းသွားတာ။ ကျန်းမာရေးဝန်ထမ်းတွေကတော့ ဆေးရုံထဲမှာ နေတာမဟုတ်ဘူး။ စုပေါင်းရုံးထဲမှာလို့ ပြောတယ်။ ထွေအုပ်ရုံးပေါ့။ အဲဒီမှာ လာဖမ်းသွားတာ။ ပြန်မလွှတ်သေးဘူး။ အခြေအနေက မထူးခြားသေးဘူး" ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့၌ ယနေ့၊ နံနက် (၅)နာရီခန့်က တပ်မတော်နှင့် PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ပညာရေးဝန်ထမ်း၊ စိုက်ပျိုးရေးဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်အချို့ကိုလည်း PDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားခဲ့ကြောင်း ထပ်မံသိရသည်။
"ပင်လည်ဘူးကတော့ (၂၀)ကျော်လို့ ပြောတယ်။ ပညာရေးဝန်ထမ်းနဲ့ မိသားစုတွေ။ နောက်စိုက်ပျိုးရေး ဝန်ထမ်းလည်း ပါတယ်။ လမ်းတစ်ဝက်မှာတော့ ပြန်လွှတ်ပေးတာရှိတယ်။ အကုန်တော့မဟုတ်ဘူး။ စိုက်ပျိုးရေးဝန်ထမ်းတွေကိုတော့ ပြန်လွှတ်ပေးတယ်။ ပညာရေးဝန်ထမ်း (၁၂)ယောက်လောက်ကိုတော့ ဆက်ပြီး ဖမ်းထားတယ်လို့ ပြောတယ်။ မိသားစုဝင်တွေရောပေါ့" ဟု ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ရက်နေ့တွင်လည်း PDF အဖွဲ့ဝင်များသည် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ၊ ထားဝယ်နည်းပညာတက္ကသိုလ်မှ ဒုပါမောက္ခချုပ် ဒေါက်တာကျော်အောင်နှင့် ဌာနမှူး (၂)ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားခဲ့ဖူးသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကလေးတက္ကသိုလ်ကို PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်စီးနင်းကာ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများကို ဖမ်းဆီးခေါ်ဆောင်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။

Zawgyi Version
ကနီၿမိဳ႕ႏွင့္ ပင္လည္ဘူးၿမိဳ႕တို႔တြင္ တိုက္ပြဲမ်ားျပင္းထန္ေနၿပီး ပညာေရးႏွင့္ က်န္းမာေရးဝန္ထမ္း(၅၀)ေက်ာ္ကို PDF အဖြဲ႕က ဖမ္းဆီးထား
Pearl (NP News) - မတ္ ၂
ကနီၿမိဳ႕ႏွင့္ ပင္လည္ဘူးၿမိဳ႕တို႔တြင္ တိုက္ပြဲမ်ားျပင္းထန္ေနၿပီး ပညာေရးႏွင့္ က်န္းမာေရးဝန္ထမ္း(၅၀)ေက်ာ္ကို PDF အဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ယေန႔ (မတ္လ ၂ရက္)၊ နံနက္အေစာပိုင္းတြင္ စစ္ကိုင္းတိုင္း၊ ယင္းမာပင္ခ႐ိုင္၊ ကနီၿမိဳ႕တြင္ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕ႏွင့္ PDF ပူးေပါင္းအဖြဲ႕တို႔အၾကား တိုက္ပြဲျပင္းထန္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ တိုက္ပြဲ ျပင္းထန္မႈႏွင့္အတူ ကနီၿမိဳ႕၊ အေျခခံပညာအထက္တန္းေက်ာင္းရွိ ပညာေရးဝန္ထမ္းႏွင့္ ၎တို႔၏ မိသားစုဝင္မ်ား၊ ေထြအုပ္႐ုံးတြင္ ေရာက္ရွိေနသည္ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ ၎တို႔၏ မိသားစုဝင္မ်ား စုစုေပါင္း (၄၀)ေက်ာ္ကို PDF ပူးေပါင္း အဖြဲ႕က ဝင္ေရာက္ဖမ္းဆီးကာ ေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။
"ကနီကေတာ့ ခန႔္မွန္း (၄၀)ေက်ာ္ပါတယ္။ ပညာေရးဝန္ထမ္းေတြကို အ.ထ.က ေက်ာင္းထဲ ဝင္ဖမ္းသြားတာ။ က်န္းမာေရးဝန္ထမ္းေတြကေတာ့ ေဆး႐ုံထဲမွာ ေနတာမဟုတ္ဘူး။ စုေပါင္း႐ုံးထဲမွာလို႔ ေျပာတယ္။ ေထြအုပ္႐ုံးေပါ့။ အဲဒီမွာ လာဖမ္းသြားတာ။ ျပန္မလႊတ္ေသးဘူး။ အေျခအေနက မထူးျခားေသးဘူး" ဟု လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။
အလားတူ စစ္ကိုင္းတိုင္း၊ ပင္လည္ဘူးၿမိဳ႕၌ ယေန႔၊ နံနက္ (၅)နာရီခန႔္က တပ္မေတာ္ႏွင့္ PDF ပူးေပါင္းအဖြဲ႕တို႔ၾကား တိုက္ပြဲျပင္းထန္ခဲ့ၿပီး ပညာေရးဝန္ထမ္း၊ စိုက္ပ်ိဳးေရးဝန္ထမ္းႏွင့္ ၎တို႔၏ မိသားစုဝင္အခ်ိဳ႕ကိုလည္း PDF ပူးေပါင္းအဖြဲ႕က ဖမ္းဆီးေခၚေဆာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း ထပ္မံသိရသည္။
"ပင္လည္ဘူးကေတာ့ (၂၀)ေက်ာ္လို႔ ေျပာတယ္။ ပညာေရးဝန္ထမ္းနဲ႔ မိသားစုေတြ။ ေနာက္စိုက္ပ်ိဳးေရး ဝန္ထမ္းလည္း ပါတယ္။ လမ္းတစ္ဝက္မွာေတာ့ ျပန္လႊတ္ေပးတာရွိတယ္။ အကုန္ေတာ့မဟုတ္ဘူး။ စိုက္ပ်ိဳးေရးဝန္ထမ္းေတြကိုေတာ့ ျပန္လႊတ္ေပးတယ္။ ပညာေရးဝန္ထမ္း (၁၂)ေယာက္ေလာက္ကိုေတာ့ ဆက္ၿပီး ဖမ္းထားတယ္လို႔ ေျပာတယ္။ မိသားစုဝင္ေတြေရာေပါ့" ဟု ၎က ဆက္လက္ေျပာသည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၂၈ရက္ေန႔တြင္လည္း PDF အဖြဲ႕ဝင္မ်ားသည္ တနသၤာရီတိုင္း၊ ထားဝယ္ၿမိဳ႕ ၊ ထားဝယ္နည္းပညာတကၠသိုလ္မွ ဒုပါေမာကၡခ်ဳပ္ ေဒါက္တာေက်ာ္ေအာင္ႏွင့္ ဌာနမႉး (၂)ဦးတို႔ကို ဖမ္းဆီးေခၚေဆာင္မႈ ျဖစ္ပြားခဲ့ဖူးသည္။
ထို႔ျပင္ ေဖေဖာ္ဝါရီလ ၂၅ရက္ေန႔တြင္လည္း စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕ရွိ ကေလးတကၠသိုလ္ကို PDF ပူးေပါင္းအဖြဲ႕မ်ားက ဝင္ေရာက္စီးနင္းကာ ဆရာ/ဆရာမႏွင့္ ေက်ာင္းသား/ေက်ာင္းသူမ်ားကို ဖမ္းဆီးေခၚေဆာင္သည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့ဖူးသည္။