တာချီလိတ်၌ လုံခြုံရေးအဖွဲ့အယောင်ဆောင်၍ ဓားပြမှုကျူး လွန်နေသည့် ဒုဦးစီးမှူး ဦးဆောင်သောအဖွဲ့ကို ဖမ်းဆီး

15349
မြူနစ် (NP News) - မတ် ၂
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်၌ လုံခြုံရေးအဖွဲ့ အယောင်ဆောင်၍ ဓားပြမှုကျူးလွန် နေသည့် ရွေးကော်ဒုဦးစီးမှူး ဦးဆောင်သောအဖွဲ့ကို ဖော်ထုတ်ဖမ်းဆီးလိုက်ကြောင်း လုံခြုံရေးအရာရှိများထံမှ သိရသည်။

တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ရုံး၏ ဒုဦးစီးမှူး အေးကိုကိုဦး အပါအဝင် (၇)ဦးကို ဖေဖော်ဝါရီ ၂၉ ရက် ည ၁၁ နာရီအချိန်ခန့်တွင် မယ်ခေါင်ရပ်ကွက် စိုက်ပျိုးရေးလမ်း ခရိုင်ကော်မ ရှင် ရုံးအိမ်ရာဝန်းအတွင်း ရှိနေအိမ်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါနေအိမ်သို့ သတင်း အရ လုံခြုံရေးအဖွဲ့ဝင်များ က ဝင်ရောက်ရှာဖွေစဉ် ဒုဦးစီးမှူး အေးကိုကိုဦး၊ စိုင်းမောင်ထွန်း(ခ) အိုက်ပီး၊ စိုင်းလှမောင်၊ စိုင်းခမ်းတွီ၊ ရဲသီဟလွင်၊ ကျိုင်းဆံ ဟိုင်းနှင့် စိုင်းဆိုင်မိန်းတို့ကို သက်သေခံ ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ဖမ်းဆီးရမိသူများသည် တပ်မတော် နှင့် ရဲတပ်ဖွဲ့ဝင်များ အယောင်ဆောင်ကာ တာချီလိတ် မြို့ပေါ်ရှိ ရပ်ကွက်များတွင် လုယက်မှု၊ ဓားပြတိုက်မှု များကို ကျူးလွန်နေကြောင်း အထက်ပါလုံခြုံရေး အရာရှိ သတင်းအရင်းအမြစ်က ပြောသည်။ ၎င်းတို့ ထံမှ တပ်မတော်ယူနီဖောင်းများ၊ ရဲတပ်ဖွဲ့ယူနီဖောင်းများအပါအဝင် ဩစတြေးလျနိုင်ငံထုတ် STEYR M9 A1 ပစ္စတို သေနတ်(၁)လက်၊ ၎င်းကျည်အိမ်(၁)ခု၊ တူရကီနိုင်ငံထုတ် ZORAKI M 906-T ပစ္စတို သေနတ်(၁)လက်နှင့် ကျည်အိမ်(၁) ခု၊ COLT အမျိုးအစား ပစ္စတိုသေနတ်(၁) လက်နှင့် ကျည်အိမ် (၁)ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် USA နိုင်ငံထုတ်၊ M4 A1 CarvineM-320461 (၁)လက်နှင့် ကျည်အိမ် (၂) ခု၊ ပွိုင့် ၂၂ သေနတ်အရှည်(၁)လက်၊ ကျည်အိမ်(၁)ခု၊၅.၅၆ ကျည်(၅၉)တောင့်၊ ၉ မမကျည်(၂၀) တောင့်၊ ၃၈ ကျည် (၉) တောင့်၊ ၂၂ ကျည်(၄)တောင့်၊ သေနတ်အိတ် (၃)ခုတို့ကိုလည်း သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။ဆက်လက်ပြီး ဓားပြမှုကျူးလွန် သူများထံမှ ပြည်သူ့စစ်ယူနီ ဖောင်းအပါအဝင်အခြားစစ်ဘက်ယူနီဖောင်းများ၊ စကားပြောစက်၊ မျက်နှာဖုံးအဖြူရောင်၊ ဆံပင်အတု၊ လက်ထိပ်များ၊ ဓားများနှင့်အတူ ကားများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထိုသို့ ဓားပြမှုကျူးလွန်နေသူများအနက် စိုင်းဆိုင်မိန်းကို တာချီလိတ်မြို့ ဆေခမ်းရပ် ကွက်ရှိ နေအိမ်တစ်လုံးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းထံမှ တူရကီနိုင်ငံထုတ် ပစ္စတိုသေနတ် နှင့်ကျည်ဆန်များကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“အရင်တုန်းကတော့ ဒီမှာက ဓားပြတိုက်တဲ့ ဖြစ်စဉ်တွေရှိတယ်။ အခုကိစ္စနဲ့ပတ်သက်ပြီးတော့ သေချာမ သိပေမယ့် အဲဒီသတင်းကိုတော့ ကြားမိတယ်။ ကြားမိသလိုပဲ ဒီလိုဒီကြောင်း ဖမ်းမိတယ် ဆိုတာပဲ သိရတာပါ”ဟု တာချီလိတ်မြို့ရှိ လူမှုကူ ညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
လက်ရှိတွင် လုံခြုံရေးအဖွဲ့အယောင်ဆောင်၍ ဓားပြမှုကျူးလွန်နေသူ (၇)ဦးကို တာချီလိတ်မြို့ မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

zawgyi version
တာခ်ီလိတ္၌ လုံၿခဳံေရးအဖြဲ႕အေယာင္ေဆာင္၍ ဓားျပမႈက်ဴး လြန္ေနသည့္ ဒုဦးစီးမႉး ဦးေဆာင္ေသာအဖြဲ႕ကို ဖမ္းဆီး
ျမဴနစ္ (NP News) - မတ္ ၂
ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ေပၚ၌ လုံၿခဳံေရးအဖြဲ႕ အေယာင္ေဆာင္၍ ဓားျပမႈက်ဴးလြန္ ေနသည့္ ေ႐ြးေကာ္ဒုဦးစီးမႉး ဦးေဆာင္ေသာအဖြဲ႕ကို ေဖာ္ထုတ္ဖမ္းဆီးလိုက္ေၾကာင္း လုံၿခဳံေရးအရာရွိမ်ားထံမွ သိရသည္။
တာခ်ီလိတ္ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္ ႐ုံး၏ ဒုဦးစီးမႉး ေအးကိုကိုဦး အပါအဝင္ (၇)ဦးကို ေဖေဖာ္ဝါရီ ၂၉ ရက္ ည ၁၁ နာရီအခ်ိန္ခန႔္တြင္ မယ္ေခါင္ရပ္ကြက္ စိုက္ပ်ိဳးေရးလမ္း ခ႐ိုင္ေကာ္မ ရွင္ ႐ုံးအိမ္ရာဝန္းအတြင္း ရွိေနအိမ္တြင္ ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။ အဆိုပါေနအိမ္သို႔ သတင္း အရ လုံၿခဳံေရးအဖြဲ႕ဝင္မ်ား က ဝင္ေရာက္ရွာေဖြစဥ္ ဒုဦးစီးမႉး ေအးကိုကိုဦး၊ စိုင္းေမာင္ထြန္း(ခ) အိုက္ပီး၊ စိုင္းလွေမာင္၊ စိုင္းခမ္းတြီ၊ ရဲသီဟလြင္၊ က်ိဳင္းဆံ ဟိုင္းႏွင့္ စိုင္းဆိုင္မိန္းတို႔ကို သက္ေသခံ ပစၥည္းမ်ားႏွင့္ အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ယခုကဲ့သို႔ ဖမ္းဆီးရမိသူမ်ားသည္ တပ္မေတာ္ ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား အေယာင္ေဆာင္ကာ တာခ်ီလိတ္ ၿမိဳ႕ေပၚရွိ ရပ္ကြက္မ်ားတြင္ လုယက္မႈ၊ ဓားျပတိုက္မႈ မ်ားကို က်ဴးလြန္ေနေၾကာင္း အထက္ပါလုံၿခဳံေရး အရာရွိ သတင္းအရင္းအျမစ္က ေျပာသည္။ ၎တို႔ ထံမွ တပ္မေတာ္ယူနီေဖာင္းမ်ား၊ ရဲတပ္ဖြဲ႕ယူနီေဖာင္းမ်ားအပါအဝင္ ဩစေၾတးလ်ႏိုင္ငံထုတ္ STEYR M9 A1 ပစၥတို ေသနတ္(၁)လက္၊ ၎က်ည္အိမ္(၁)ခု၊ တူရကီႏိုင္ငံထုတ္ ZORAKI M 906-T ပစၥတို ေသနတ္(၁)လက္ႏွင့္ က်ည္အိမ္(၁) ခု၊ COLT အမ်ိဳးအစား ပစၥတိုေသနတ္(၁) လက္ႏွင့္ က်ည္အိမ္ (၁)ခုတို႔ကို သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ USA ႏိုင္ငံထုတ္၊ M4 A1 CarvineM-320461 (၁)လက္ႏွင့္ က်ည္အိမ္ (၂) ခု၊ ပြိဳင့္ ၂၂ ေသနတ္အရွည္(၁)လက္၊ က်ည္အိမ္(၁)ခု၊၅.၅၆ က်ည္(၅၉)ေတာင့္၊ ၉ မမက်ည္(၂၀) ေတာင့္၊ ၃၈ က်ည္ (၉) ေတာင့္၊ ၂၂ က်ည္(၄)ေတာင့္၊ ေသနတ္အိတ္ (၃)ခုတို႔ကိုလည္း သိမ္းဆည္းရရွိခဲ့ ေၾကာင္း သိရသည္။ဆက္လက္ၿပီး ဓားျပမႈက်ဴးလြန္ သူမ်ားထံမွ ျပည္သူ႔စစ္ယူနီ ေဖာင္းအပါအဝင္အျခားစစ္ဘက္ယူနီေဖာင္းမ်ား၊ စကားေျပာစက္၊ မ်က္ႏွာဖုံးအျဖဴေရာင္၊ ဆံပင္အတု၊ လက္ထိပ္မ်ား၊ ဓားမ်ားႏွင့္အတူ ကားမ်ားကိုလည္း သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။ ထိုသို႔ ဓားျပမႈက်ဴးလြန္ေနသူမ်ားအနက္ စိုင္းဆိုင္မိန္းကို တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ ကြက္ရွိ ေနအိမ္တစ္လုံးတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ၿပီး ၎ထံမွ တူရကီႏိုင္ငံထုတ္ ပစၥတိုေသနတ္ ႏွင့္က်ည္ဆန္မ်ားကို သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရသည္။
“အရင္တုန္းကေတာ့ ဒီမွာက ဓားျပတိုက္တဲ့ ျဖစ္စဥ္ေတြရွိတယ္။ အခုကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ေသခ်ာမ သိေပမယ့္ အဲဒီသတင္းကိုေတာ့ ၾကားမိတယ္။ ၾကားမိသလိုပဲ ဒီလိုဒီေၾကာင္း ဖမ္းမိတယ္ ဆိုတာပဲ သိရတာပါ”ဟု တာခ်ီလိတ္ၿမိဳ႕ရွိ လူမႈကူ ညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
လက္ရွိတြင္ လုံၿခဳံေရးအဖြဲ႕အေယာင္ေဆာင္၍ ဓားျပမႈက်ဴးလြန္ေနသူ (၇)ဦးကို တာခ်ီလိတ္ၿမိဳ႕ မရဲစခန္းတြင္ ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း သိရသည္။