သီးခြားနိုင်ငံတော် ထူထောင်ရန် အစီအစဉ်ဆွဲထားခြင်းမျိုး မရှိသေးသော်လည်း ကွန်ဖက်ဒရေးရှင်းထက် မနိမ့်သောအဆင့်ကို ရလိုဟု AA ပြော

 8062

မြူနစ် (NP News) - မတ် ၄
သီးခြားနိုင်ငံတော် ထူထောင်ရန် အစီအစဉ်ဆွဲထားခြင်းမျိုး မရှိသေးသော်လည်း ကွန်ဖက်ဒရေးရှင်းထက် မနိမ့်သောအဆင့်ကို ရလိုကြောင်း ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA က ထုတ်ဖော်ပြောဆိုလိုက်သည်။

ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ယနေ့(မတ်လ ၄ ရက်)တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ခွဲထွက်ဖို့ အစီအစဉ်တော့ အခုလက်ရှိအချိန်ထိ မရှိပါသေးဘူး။ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိဖို့အတွက် ကျွန်တော်တို့ အကောင်းဆုံးပြင်ဆင်နေတာတော့ ရှိပါတယ်။ ကျွန်တော်တို့ ဆိုလိုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အာမခံချက်ဆိုတာက သူများက ပေးလာတဲ့ အာမခံချက်ထက် ကိုယ့်ဟာကိုယ်အကောင်းဆုံး ပြင်ဆင်ထားတဲ့ အာမခံချက်ကို ပိုပြီးတော့ သဘောကျပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

ထို့ပြင် သီးခြားနိုင်ငံတော် ထူထောင်ကာ ပြည်ထောင်စုမှ ခွဲထွက်ရန်အစီအစဉ် ဆွဲထားခြင်းမျိုး မရှိသေးသော်လည်း ကွန်ဖက်ဒရေးရှင်းထက် မနိမ့်သောအဆင့်ကို ရရှိလိုကြောင်းလည်း ၎င်းက ဆိုသည်။

“ကွန်ဖက်ဒရေးရှင်းထက် မနိမ့်တဲ့အဆင့်ကို ရကိုရဖို့ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းပြောထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ နိုင်ငံရေးရည်မှန်းချက်ကို ကျွန်တော်တို့က ဘယ်သူ့ဆီမှ တောင်းဆိုနေတာမဟုတ်၊ ကျွန်တော်တို့ ကိုယ်တိုင် အာမခံချက်ရှိအောင် လုပ်ဆောင်သွားမယ်” ဟု ဦးခိုင်သုခက ပြောသည်။

ရခိုင်ပြည်နယ်ကို ကွန်ဖက်ဒရိတ်အဆင့် ရရှိသည်အထိ ကြိုးစားသွားရန် ရည်မှန်းထားကြောင်း ULA/AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြီးခဲ့သောကာလများ၌ ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

သို့သော် ကွန်ဖက်ဒရေးရှင်းစနစ်သည် မြန်မာနိုင်ငံနှင့် မကိုက်ညီနိုင်ကြောင်းလည်း တိုင်းရင်းသားလက်နက်ကိုင်အသိုင်းအဝိုင်းတစ်ချို့က ထုတ်ဖော်ပြောဆိုထားမှုများလည်း ရှိနေသည်။

မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် (၃)ဖွဲ့ဖြစ်သော MNDAA၊ TNLA၊ AA တို့သည် ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း၌ တိုက်ပွဲများ ဖော်ဆောင်ခဲ့ကြသည်။

အဆိုပါစစ်ဆင်ရေးကာလအတွင်း၌ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့အချို့ကို MNDAA အဖွဲ့နှင့် TNLA အဖွဲ့တို့က သိမ်းပိုက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းများကို စတင်နေလျက်ရှိသည်။

လက်ရှိတွင် ၁၀၂၇ စစ်ဆင်ရေးသည် ရခိုင်ပြည်နယ်အတွင်း၌ ဆင်နွဲနေလျက်ရှိပြီး ရခိုင်လက်နက်ကိုင် AA အဖွဲ့အနေဖြင့်လည်း ရခိုင်ပြည်နယ်အတွင်းရှိ မြို့(၆)မြို့ခန့်ကို ထိန်းချုပ်သိမ်းပိုက်နိုင်နေလျက်ရှိသည်။

Zawgyi Version

သီးျခားႏိုင္ငံေတာ္ ထူေထာင္ရန္ အစီအစဥ္ဆြဲထားျခင္းမ်ိဳး မရွိေသးေသာ္လည္း ကြန္ဖက္ဒေရးရွင္းထက္ မနိမ့္ေသာအဆင့္ကို ရလိုဟု AA ေျပာ

ျမဴနစ္ (NP News) - မတ္ ၄
သီးျခားႏိုင္ငံေတာ္ ထူေထာင္ရန္ အစီအစဥ္ဆြဲထားျခင္းမ်ိဳး မရွိေသးေသာ္လည္း ကြန္ဖက္ဒေရးရွင္းထက္ မနိမ့္ေသာအဆင့္ကို ရလိုေၾကာင္း ရခိုင္လက္နက္ကိုင္အဖြဲ႕ ULA/AA က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

ULA/AA ေျပာခြင့္ရ ဦးခိုင္သုခက ယေန႔(မတ္လ ၄ ရက္)တြင္ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုလိုက္ျခင္းျဖစ္သည္။

“ကြၽန္ေတာ္တို႔ ခြဲထြက္ဖို႔ အစီအစဥ္ေတာ့ အခုလက္ရွိအခ်ိန္ထိ မရွိပါေသးဘူး။ အမ်ိဳးသားကိုယ္ပိုင္ျပ႒ာန္းခြင့္ ရရွိဖို႔အတြက္ ကြၽန္ေတာ္တို႔ အေကာင္းဆုံးျပင္ဆင္ေနတာေတာ့ ရွိပါတယ္။ ကြၽန္ေတာ္တို႔ ဆိုလိုတဲ့ ကိုယ္ပိုင္ျပ႒ာန္းခြင့္အတြက္ အာမခံခ်က္ဆိုတာက သူမ်ားက ေပးလာတဲ့ အာမခံခ်က္ထက္ ကိုယ့္ဟာကိုယ္အေကာင္းဆုံး ျပင္ဆင္ထားတဲ့ အာမခံခ်က္ကို ပိုၿပီးေတာ့ သေဘာက်ပါတယ္” ဟု ဦးခိုင္သုခက ေျပာသည္။

ထို႔ျပင္ သီးျခားႏိုင္ငံေတာ္ ထူေထာင္ကာ ျပည္ေထာင္စုမွ ခြဲထြက္ရန္အစီအစဥ္ ဆြဲထားျခင္းမ်ိဳး မရွိေသးေသာ္လည္း ကြန္ဖက္ဒေရးရွင္းထက္ မနိမ့္ေသာအဆင့္ကို ရရွိလိုေၾကာင္းလည္း ၎က ဆိုသည္။

“ကြန္ဖက္ဒေရးရွင္းထက္ မနိမ့္တဲ့အဆင့္ကို ရကိုရဖို႔ ကြၽန္ေတာ္တို႔ ရွင္းရွင္းလင္းလင္းေျပာထားၿပီး ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ လိုခ်င္တဲ့ ႏိုင္ငံေရးရည္မွန္းခ်က္ကို ကြၽန္ေတာ္တို႔က ဘယ္သူ႔ဆီမွ ေတာင္းဆိုေနတာမဟုတ္၊ ကြၽန္ေတာ္တို႔ ကိုယ္တိုင္ အာမခံခ်က္ရွိေအာင္ လုပ္ေဆာင္သြားမယ္” ဟု ဦးခိုင္သုခက ေျပာသည္။

ရခိုင္ျပည္နယ္ကို ကြန္ဖက္ဒရိတ္အဆင့္ ရရွိသည္အထိ ႀကိဳးစားသြားရန္ ရည္မွန္းထားေၾကာင္း ULA/AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္က ၿပီးခဲ့ေသာကာလမ်ား၌ ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးသည္။

သို႔ေသာ္ ကြန္ဖက္ဒေရးရွင္းစနစ္သည္ ျမန္မာႏိုင္ငံႏွင့္ မကိုက္ညီႏိုင္ေၾကာင္းလည္း တိုင္းရင္းသားလက္နက္ကိုင္အသိုင္းအဝိုင္းတစ္ခ်ိဳ႕က ထုတ္ေဖာ္ေျပာဆိုထားမႈမ်ားလည္း ရွိေနသည္။

ေျမာက္ပိုင္းမဟာမိတ္လက္နက္ကိုင္ (၃)ဖြဲ႕ျဖစ္ေသာ MNDAA၊ TNLA၊ AA တို႔သည္ ၁၀၂၇ စစ္ဆင္ေရးအမည္ျဖင့္ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာ ၂၇ ရက္မွစတင္ကာ ရွမ္းျပည္နယ္ေျမာက္ပိုင္းအတြင္း၌ တိုက္ပြဲမ်ား ေဖာ္ေဆာင္ခဲ့ၾကသည္။

အဆိုပါစစ္ဆင္ေရးကာလအတြင္း၌ ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ ၿမိဳ႕အခ်ိဳ႕ကို MNDAA အဖြဲ႕ႏွင့္ TNLA အဖြဲ႕တို႔က သိမ္းပိုက္ထိန္းခ်ဳပ္ထားၿပီး အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ားကို စတင္ေနလ်က္ရွိသည္။

လက္ရွိတြင္ ၁၀၂၇ စစ္ဆင္ေရးသည္ ရခိုင္ျပည္နယ္အတြင္း၌ ဆင္ႏြဲေနလ်က္ရွိၿပီး ရခိုင္လက္နက္ကိုင္ AA အဖြဲ႕အေနျဖင့္လည္း ရခိုင္ျပည္နယ္အတြင္းရွိ ၿမိဳ႕(၆)ၿမိဳ႕ခန႔္ကို ထိန္းခ်ဳပ္သိမ္းပိုက္ႏိုင္ေနလ်က္ရွိသည္။

Related news

© 2021. All rights reserved.