AA ၏ တိုက်ပွဲနည်းဗျူဟာနှင့် ကုလသမဂ္ဂအစီရင်ခံစာ (ဘာသာပြန်ဆောင်းပါး)

 2304

Htay Oung (NP News) - မတ် ၄

ဒီအတိုင်း ငုတ်တုပ်ထိုင်အသတ်ခံနေမယ့်အစား လက်နက်ကိုင်ဆောင်ပြီး စစ်အစိုးရကို ရှေ့တန်းမှာ တိုက်ခိုက်ဖို့ ရက္ခိုင့်တပ် (AA) နဲ့ အတူ ပူးပေါင်းသင့်တယ်လို့ ဘင်္ဂါလီလူငယ်များက စိတ်ကူးနေပါတယ်။ အဲဒီသဘောထားဟာ ဘင်္ဂါလီလူ့အဖွဲ့အစည်းအတွင်း AA တပ်များ ဝင်ရောက်လာမှုကို တားဆီးရန် ဘူးသီးတောင် နဲ့ စစ်တွေမြို့နယ်များရှိ ဘင်္ဂါလီကျေးရွာနေ အမျိုးသားများကို (စစ်သင်တန်း) ပေးဖို့ ဖေဖော်ဝါရီ ၁၆ ရက်မှာ မြန်မာစစ်တပ်က ကျေးရွာ ခေါင်းဆောင်များထံ ကမ်းလှမ်းကြောင်း၊ AA တို့ရဲ့လတ်တလော ဗျူဟာမြောက်အောင်ပွဲတွေဟာ တပ်မတော် အတွက် ခေါင်းခဲစရာဖြစ်လာပြီး ပဋိပက္ခများ ပိုမိုရှုတ်ထွေးလာတော့မှာဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာပြီး နောက် ရခိုင်မြောက်ပိုင်းဘင်္ဂါလီတို့အကြား ပျံ့နှံ့လာခြင်းဖြစ်တယ်လို့ “ရှေဖာ_ရာမန်” က ဒါကာထရိုင်ဗြွန်း သတင်းစာမှာ ယမန်နေ့ ရေးသားပါတယ်။

လန်ဒန်အခြေစိုက် ဘင်္ဂါင်္လီလူမျိုး မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ရှေဖာရာမန်က ဆက်လက်ဖော်ပြပါတယ်။ ဒီဖြစ်စဉ်ဟာ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ နစကအစိုးရရဲ့စစ်မှုထမ်းဥပဒေကို ပြန်လည် အသက်သွင်းခြင်းနောက် ထပ်ချပ်မကွာ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်းကိစ္စကို တရားဝင်ဖြစ်စေရန် ကြိုးပမ်းမှု သိသိသာသာတိုးမြင့်လာကြောင်း၊ ဥပဒေအရ မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသား များနဲ့ အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးတို့အနေနဲ့ စစ်မှုထမ်းရန် အရည်အချင်းပြည့်မီနေတယ်လို့ ဆိုလိုရာ ရောက်ပါတယ်။

စစ်ဘက်အကျိုးစီးပွားအတွက် အရပ်သားများအပေါ် တမင်ရည်ရွယ်ခြယ်လှယ်ခြင်းဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေနဲ့ လူ့အခွင့်အရေးမူများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ရောက်ပါတယ်။ AA လုပ်ဆောင်ချက်တွေဟာ ရခိုင်မြောက်ပိုင်းနေ ဘင်္ဂါလီအသိုက်အဝန်းအတွက် ကြီးမားတဲ့ဒုက္ခနဲ့ ဆုံးရှုံးနစ်နာမှု များဖြစ်စေခဲ့ပြီး သူတို့ရဲ့မရေရာဖြစ်နှင့်ပြီး အခြေအနေများကိုလည်း ပိုမိုဆိုးရွားစေခဲ့ပါတယ်။

တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံတကာအသိုက်အဝန်းတို့ အပါအဝင် မြန်မာနိုင်ငံ ပဋိပက္ခများမှာ ပါဝင်ပတ်သက်နေသူ အင်အားစုအားလုံးတို့အနေနဲ့ အရပ်သားများအပေါ် အကာအကွယ်ပေးရေး၊ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာအခြေခံမူများကို လိုက်နာဖို့ အရေးကြီးပါတယ်။ လူသားဒိုင်းများအဖြစ် ၎င်း အရပ်သားများကို အန္တရာယ်ဖြစ်စေလောက်တဲ့ အခြားနည်းပရိယာယ်များကို အသုံးပြုခြင်းဟာ ဘယ်လို အခြေ အနေအချိန်အခါမျိုးမှာမဆို တရားမျှတမှု မရှိပါဘူး။

အဲဒီဖြစ်စဉ်ကြောင့် မိမိတို့ရဲ့ရပ်ရွာအခွင့်အရေးနဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရာမှာ ရခိုင်မြောက်ပိုင်းနေ ဘင်္ဂါလီခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနဲ့ အဖွဲ့အစည်းများအားလုံးတို့အနေနဲ့ မိမိတို့ နှစ်မြှုပ်လုပ်ကိုင်နေတဲ့ ကတိကဝတ်များအတိုင်း လိုက်နာရန် အရေးကြီးပါတယ်။ ဒီနေရာမှာ (ပုဂ္ဂလိက) ဆက်စပ်မှု (သို့မဟုတ်) နိုင်ငံရေးစေ့ဆော်မှုတို့ မပါဝင်ဘဲ လုပ်ဆောင်ချက်အားတိုင်းအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ သက်ဆိုင်သူများအဖြစ် ပါဝင်ရပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ အခြေအနေတွေ ပြောင်းလဲဖြစ်ပေါ်လာသည်နှင့်အမျှ ရခိုင်မြောက်ပိုင်း ဘင်္ဂါလီများ အပါအဝင် လူအားလုံးတို့ရဲ့ ရပိုင်ခွင့်နဲ့ ဂုဏ်သိက္ခာကို လေးစားသောအားဖြင့် ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်တဲ့ ဖြေရှင်းရေးကို သက်ဆိုင်သူအားလုံးတို့အနေနဲ့ မဖြစ်မနေလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေး မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာမှသာလျှင် မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဥရောပရိုဟင်ဂျာဆိုသူများ ကောင်စီမှ ဒေါက်တာ_ပရာဗီး_အမ်မီယာက AA နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကို အလေးထားပြီး ရိုဟင်ဂျာအခွင့်အရေတိုက်ပွဲ မှာ အလားအလာရှိတဲ့ မဟာမိတ်အဖြစ် သဘောထားပါတယ်။

ဒီနေရာမှာ ဒေါက်တာ ပရာဗီး၊ နေဆန်းလွင်၊ ထွန်းခင်တို့လို ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေရဲ့ ပြောဆိုချက်ဟာ AA ရဲ့လုပ်ရပ်နဲ့ ခံယူချက်အတွေးအခေါ်ကြောင့် ဖြစ်ပေါ်လာတဲ့အန္တရာယ်များကို မီးမောင်းထိုးပြ ပြီး သံသယကြီးစွာ ဝေဖန်မှုများနဲ့ အတိအလင်း ကွဲလွဲနေပါတယ်။ ဘင်္ဂါလီအသိုင်းအဝန်းအကြား စည်းလုံး ညီညွတ်မှုတည်ဆောက်ဖို့အတွက် AA၊ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပါအဝင် သက်ဆိုင်သူ အသီးသီးတို့နဲ့ တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း၊ အဲ့ဒီနည်းလမ်းသည်သာ ရခိုင်ပြည်နယ်အတွင်း ရှုပ်ထွေး လှတဲ့ အရွေ့များကို ကိုင်တွယ်ဖြေရှင်းရာမှာ လက်တွေ့ကျတဲ့ ချဉ်းကပ်မှုအဖြစ် ဒေါက်တာ ပရာဗီးတို့က ရှု့မြင်ပါတယ်။

ရှုပ်ထွေးမှုများကြောင့် စိုးရိမ်ထိတ်လန့်နေကြတဲ့ နေဆန်းလွင်၊ ရေဇာအူဒင်နဲ့ ထွန်းခင်တို့လို့ ထင်ရှားတဲ့ ရိုဟင်ဂျာဆိုသူ ပုဂ္ဂိုလ်များကတော့ ဖေဖော်ဝါရီ ၁၉ ရက် Facebook တိုက်ရိုက်အစည်းအဝေးမှာ ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ပါတယ် နစကရဲ့ကြိုးပမ်းအားထုတ်မှုများကို အထောက်အကူမပြုရန် အရေးကြီးကြောင်း၊ စစ်တပ်ရဲ့ ဖိနှိပ်မှုနည်းပရိယာယ်ကို ဆန့်ကျင်ပြီး ရခိုင်မြောက်ပိုင်း ဘင်္ဂါလီတို့အနေနဲ့ စည်းလုံးညီညွတ်စွာ ရပ်တည်ရန် လိုအပ်ကြောင်း၊ ဘင်္ဂါလီများ ရင်ဆိုင်နေရတဲ့ သမိုင်းဝင် မတရားမှုတွေကို ပြန်ပြောင်းပြောပြပြီး တခြား တိုင်းရင်းသားများ၊ အထူးသဖြင့် ရခိုင်လူမျိုးတွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ လိုအပ်ကြောင်း မီးမောင်းထိုး ပြခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ အပြောင်းအလဲဖြစ်စေနိုင်တဲ့ စစ်ဘက်ဆိုင်ရာအင်အားကို ခွဲခြမ်းစိတ်ဖြာပြီး တပ်မတော်ရဲ့ သြဇာအာဏာကျဆင်းလာမှု၊ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့အမျိုးသားရေးခုခံမှု ကျယ်ပြန့်လာပုံတို့ ကို ဆွေးနွေးခဲ့ကြပါတယ်။ စစ်တပ်ရဲ့ ဗျူဟာမှာ အာဏာချုပ်ကိုင်မှု အားနည်းသွားခြင်းကို ရှောင်လွှဲဖို့အတွက် ဘာသာရေးနဲ့ လူမျိုးစုများအကြား တင်းမာမှုများ တိုးမြင့်လာစေရန် ဖန်တီးနိုင်တဲ့ကိစ္စများလည်း ပါဝင်ပါတယ်။

မည်သို့ပင်ဖြစ်စေ ရခိုင်ပြည်နယ်အတွင်း AA ရဲ့ လုပ်ရပ်များကို ပြန်ပြောင်း စေ့ငုတဲ့အခါ ဇာတ်ကြောင်းဟာ ရှုပ် ထွေးသွားပါတယ်။ ရခိုင်မြောက်ပိုင်း ဘင်္ဂါလီများကို အတင်းအဓမ္မ လူစုဆောင်းမယ့် တပ်မတော်ရဲ့ မဟာဗျူဟာနဲ့ ဆက်စပ်ဆိုးရွားတဲ့အန္တရာယ်များ၊ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွားရာဒေသများမှာ လူသားဒိုင်းများ အဖြစ် အသုံးပြုဖွယ်အလားအလာများကို သတိပေးကြပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ဘင်္ဂါလီကျေးရွာတွေ ကို လူသားဒိုင်းများအလားတူ ဆက်လက်အသုံးပြူနေကြောင်း စွပ်စွဲခြင်းခံထားရတဲ့ AA နဲ့ ပတ်သက်ပြီးတော့ ရေငုံ နှုတ်ပိတ်လုပ်နေကြပါတယ်။ နှစ်ဖက်လုံးအပေါ် ရှုတ်ရှုံ့ချသင့်တဲ့အတွက် သူတို့ရဲ့သမာသမတ်ကျမှုနှင့် ပတ်သက် ပြီး မေးခွန်းထုတ်စရာ ကောင်းလှပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ ရခိုင်ပြည်နယ်အတွင်း AA ရဲ့ နည်းဗျူဟာတွေဟာ အထူးသဖြင့် ဘူးသီးတောင်မြို့နယ် တောင်ပိုင်းရှိ ဘင်္ဂါလီကျေးရွာများအတွက် ဆိုးရွားတဲ့ အကျိုးဆက်များ ဖြစ်ပေါ် စေခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၄- ခုနှစ် ဇန်နဝါရီလနှောင်းပိုင်း AA တိုက်ခိုက်ရေးသမားတွေဟာ မြန်မာ စစ်စခန်းအပေါ် ဗျူဟာမြောက် အသာစီးရစေရန်ရည်ရွယ်ပြီး ဖုန်ညိုလိပ် ဘင်္ဂါလီကျေးရွာအနီး တမင်နေရာယူခဲ့ပါတယ်။

AA ရဲ့ လုပ်ရပ်ဟာ မြန်မာစစ်တပ်က ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခြင်း၊ အမြောက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မြေပြင်ထိုးစစ်များ အပါအဝင် ပြင်းထန်စွာ တုံ့ပြန်ဖို့ ဖြစ်လာတဲ့အခါ အရပ်သားများ သေဆုံးမှု၊ အိုးအိမ်များ အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အဆိုပါ ကျေးရွာများကို လူသားဒိုင်းအဖြစ် ထိရောက်စွာ အသုံးပြုဖို့ အတွက် AA ရောက်ရှိနေခြင်းခြင်းဟာ ကြေကွဲဖွယ်ရလဒ်များကို ဖြစ်ပေါ်စေပြီး ဘင်္ဂါလီအရပ်သား တစ်ဒါဇင်ကျော် သေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရရှိကာ အိမ်ခြေ ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ နေဆန်းလွင်ရဲ့ လူမှုကွန်ရက်မှာ အဲဒီလိုဖြစ်ရပ်ပေါင်းများစွာကို ဖော်ပြထားပါတယ်။ ထူးဆန်းစွာပင် ပြောရေးဆိုခွင့်ရှိသူ သုံးဦးစလုံး ဟာ အဲဒီဖြစ်ရပ်များကို ပြန်လည်ရည်ညွှန်းဖို့ အားလုံးက လက်ရှောင်နေခဲ့ပါတယ်၊ နေဆန်းလွင် ကိုယ်တိုင် မြန်မာ စစ်တပ်က အသုံးပြုဖွယ် “လူသားဒိုင်း” နည်းပရိယာယ်အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ထပ်ခါတလဲလဲ ပြောဆိုခဲ့ပေမယ့် AA က လုပ်ဆောင်နေတဲ့ အလားတူနည်းဗျူဟာက ရည်ညွှန်းခြင်း မရှိပါဘူး။ ဒီအကြောင်း မှတ်ချက်ပေးရန် သူတို့နှစ်ဦးကို မေတ္တာရပ်ခံခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

AA ခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့မကြာသေးမီက BBC အင်တာဗျူးအရ မြန်မာနိုင်ငံ ရိုဟင်ဂျာဆိုသူများ အသိုင်းအဝန်းနဲ့ ပတ်ဝန်းကျင် အခြေအနေတွေက ပိုမိုရှုပ်ထွေးလာခဲ့ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများရဲ့သမိုင်း၊ အထောက်အထားနဲ့သူတို့ရဲ့မျိုးရိုးဗီဇဆိုင်ရာ ဆက်နွယ်ပုံများအတွက် ထွန်းမြတ်နိုင်ရဲ့ မှတ်ချက်တွေဟာ အငြင်းပွားဖွယ်ရာများကို မီးထိုးပေးခဲ့ပါတယ်။

“သမိုင်းဆိုင်ရာဖန်တီးမှုများနဲ့ ဇာတ်ကြောင်းများကို ရိုးသားစွာ ဝန်ခံရလိမ့်မယ်” လို့ ပြောဆိုချက်ဟာ ရိုဟင်ဂျာများ ပြောပြနေတဲ့သမိုင်းကြောင်းများဆိုတာ ဖုံးကွယ်ထားတဲ့ ဆင်ခြေဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ သူတို့ရဲ့သမိုင်းမှတ်တမ်းများဟာ လိမ်လည်ခြင်း (သို့မဟုတ်) လှည့်စားခြင်းများသာဖြစ်တယ်လို့ အဓိပ္ပာယ် ထွက်နေပါတယ်။ ဒေသတွင်း သမိုင်းဝင်တည်ရှိမှုဆိုင်ရာ ရိုဟင်ဂျာတို့ရဲ့တောင်းဆိုမှုများကို စိန်ခေါ်နေပြီး အထောက်အထားနဲ့ အခွင့်အရေးများကို ပိုမိုကျယ်ပြန့်စွာ ငြင်းဆိုနေကြောင်း အရိပ်အမြွက်ပြနေပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာဆိုတာ ဌာနေတိုင်းရင်းသားများဖြစ်တယ်ဆိုတာထက် ရခိုင်ပြည်နယ်အတွင်း (နောက်မှ)ဝင်ရောက်လာသူများ သို့မဟုတ် အပြင်လူများအဖြစ် သူ့ရဲ့မှတ်ချက်တွေက သိမ်မွေ့စွာ ပုံဖော်ထားပါ တယ်။ ဒီတစ်ချက်တည်းနဲ့တင် ရိုဟင်ဂျာဆိုတာ ပြည်ပမှ ကျူးကျော်ဝင်ရောက်လာသူများဖြစ်ကြောင်း အယူအဆ ကို ထောက်ခံနေပြီး မြန်မာနိုင်ငံအတွင်း နိုင်ငံသားဖြစ်ခွင့်နဲ့ ရပိုင်ခွင့်များကို ပျက်ပြားစေပါတယ်။ ထွန်းမြတ်နိုင်ရဲ့ ဘင်္ဂါလီ၊ စစ်တကောင်းနဲ့ ရိုဟင်ဂျာတို့ရဲ့ (အမျိုးသားရေး) လက္ခဏာများကို သိမ်းကြုံးပေါင်းစပ်ခြင်းဟာ ရိုဟင်ဂျာ တို့ရဲ့ယဉ်ကျေးမှုဆိုင်ရာ လက္ခဏာများကို မှေးမှိန်စေပြီး သီးခြားလူမျိုးတစ်မျိုးဖြစ်ကြောင်း ငြင်းပယ်တယ်လို့ ဆိုလို ရာ ရောက်ရှိပါတယ်။

#ရခိုင်မြောက်ပိုင်း_ဘင်္ဂါလီ #ပြည်သူ့စစ်မှုထမ်းဥပဒေ #လူသားဒိုင်း #ရက္ခိုင်တပ် #ထွန်းမြတ်နိုင်

(Dhaka Tribune., 2 March 2024,” The Rohingya in the shadow of the Arakan army” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
AA ၏ တိုက္ပြဲနည္းဗ်ဴဟာႏွင့္ ကုလသမဂၢအစီရင္ခံစာ (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - မတ္ ၄

ဒီအတိုင္း ငုတ္တုပ္ထိုင္အသတ္ခံေနမယ့္အစား လက္နက္ကိုင္ေဆာင္ၿပီး စစ္အစိုးရကို ေရွ႕တန္းမွာ တိုက္ခိုက္ဖို႔ ရကၡိဳင့္တပ္ (AA) နဲ႔ အတူ ပူးေပါင္းသင့္တယ္လို႔ ဘဂၤါလီလူငယ္မ်ားက စိတ္ကူးေနပါတယ္။ အဲဒီသေဘာထားဟာ ဘဂၤါလီလူ႔အဖြဲ႕အစည္းအတြင္း AA တပ္မ်ား ဝင္ေရာက္လာမႈကို တားဆီးရန္ ဘူးသီးေတာင္ နဲ႔ စစ္ေတြၿမိဳ႕နယ္မ်ားရွိ ဘဂၤါလီေက်း႐ြာေန အမ်ိဳးသားမ်ားကို (စစ္သင္တန္း) ေပးဖို႔ ေဖေဖာ္ဝါရီ ၁၆ ရက္မွာ ျမန္မာစစ္တပ္က ေက်း႐ြာ ေခါင္းေဆာင္မ်ားထံ ကမ္းလွမ္းေၾကာင္း၊ AA တို႔ရဲ႕လတ္တေလာ ဗ်ဴဟာေျမာက္ေအာင္ပြဲေတြဟာ တပ္မေတာ္ အတြက္ ေခါင္းခဲစရာျဖစ္လာၿပီး ပဋိပကၡမ်ား ပိုမိုရႈတ္ေထြးလာေတာ့မွာျဖစ္ေၾကာင္း သတင္းမ်ား ထြက္ေပၚလာၿပီး ေနာက္ ရခိုင္ေျမာက္ပိုင္းဘဂၤါလီတို႔အၾကား ပ်ံ႕ႏွံ႔လာျခင္းျဖစ္တယ္လို႔ “ေရွဖာ_ရာမန္” က ဒါကာထ႐ိုင္ႁဗြန္း သတင္းစာမွာ ယမန္ေန႔ ေရးသားပါတယ္။

လန္ဒန္အေျခစိုက္ ဘဂၤါလႌလူမ်ိဳး မွတ္တမ္း႐ုပ္ရွင္ ႐ိုက္ကူးသူ ဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ့ ေရွဖာရာမန္က ဆက္လက္ေဖာ္ျပပါတယ္။ ဒီျဖစ္စဥ္ဟာ ေဖေဖၚဝါရီလ ၁၀ ရက္ေန႔ နစကအစိုးရရဲ႕စစ္မႈထမ္းဥပေဒကို ျပန္လည္ အသက္သြင္းျခင္းေနာက္ ထပ္ခ်ပ္မကြာ ေပၚေပါက္လာျခင္းျဖစ္ေၾကာင္း၊ စစ္မႈထမ္းကိစၥကို တရားဝင္ျဖစ္ေစရန္ ႀကိဳးပမ္းမႈ သိသိသာသာတိုးျမင့္လာေၾကာင္း၊ ဥပေဒအရ ျမန္မာႏိုင္ငံမွာ အသက္ ၁၈ ႏွစ္မွ ၃၅ ႏွစ္ၾကား အမ်ိဳးသား မ်ားနဲ႔ အသက္ ၁၈ ႏွစ္မွ ၂၇ ႏွစ္ၾကား အမ်ိဳးသမီးတို႔အေနနဲ႔ စစ္မႈထမ္းရန္ အရည္အခ်င္းျပည့္မီေနတယ္လို႔ ဆိုလိုရာ ေရာက္ပါတယ္။

စစ္ဘက္အက်ိဳးစီးပြားအတြက္ အရပ္သားမ်ားအေပၚ တမင္ရည္႐ြယ္ျခယ္လွယ္ျခင္းဟာ ႏိုင္ငံတကာ လူသားခ်င္းစာနာမႈဆိုင္ရာဥပေဒနဲ႔ လူ႔အခြင့္အေရးမူမ်ားကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္ရာ ေရာက္ပါတယ္။ AA လုပ္ေဆာင္ခ်က္ေတြဟာ ရခိုင္ေျမာက္ပိုင္းေန ဘဂၤါလီအသိုက္အဝန္းအတြက္ ႀကီးမားတဲ့ဒုကၡနဲ႔ ဆုံးရႈံးနစ္နာမႈ မ်ားျဖစ္ေစခဲ့ၿပီး သူတို႔ရဲ႕မေရရာျဖစ္ႏွင့္ၿပီး အေျခအေနမ်ားကိုလည္း ပိုမိုဆိုး႐ြားေစခဲ့ပါတယ္။

တပ္မေတာ္၊ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ား၊ ႏိုင္ငံတကာအသိုက္အဝန္းတို႔ အပါအဝင္ ျမန္မာႏိုင္ငံ ပဋိပကၡမ်ားမွာ ပါဝင္ပတ္သက္ေနသူ အင္အားစုအားလုံးတို႔အေနနဲ႔ အရပ္သားမ်ားအေပၚ အကာအကြယ္ေပးေရး၊ လူ႔အခြင့္အေရးနဲ႔ လူသားခ်င္းစာနာမႈဆိုင္ရာအေျခခံမူမ်ားကို လိုက္နာဖို႔ အေရးႀကီးပါတယ္။ လူသားဒိုင္းမ်ားအျဖစ္ ၎ အရပ္သားမ်ားကို အႏၲရာယ္ျဖစ္ေစေလာက္တဲ့ အျခားနည္းပရိယာယ္မ်ားကို အသုံးျပဳျခင္းဟာ ဘယ္လို အေျခ အေနအခ်ိန္အခါမ်ိဳးမွာမဆို တရားမွ်တမႈ မရွိပါဘူး။

အဲဒီျဖစ္စဥ္ေၾကာင့္ မိမိတို႔ရဲ႕ရပ္႐ြာအခြင့္အေရးနဲ႔ အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ေစာင့္ေရွာက္ရာမွာ ရခိုင္ေျမာက္ပိုင္းေန ဘဂၤါလီေခါင္းေဆာင္မ်ား၊ တက္ႂကြလႈပ္ရွားသူမ်ားနဲ႔ အဖြဲ႕အစည္းမ်ားအားလုံးတို႔အေနနဲ႔ မိမိတို႔ ႏွစ္ျမႇဳပ္လုပ္ကိုင္ေနတဲ့ ကတိကဝတ္မ်ားအတိုင္း လိုက္နာရန္ အေရးႀကီးပါတယ္။ ဒီေနရာမွာ (ပုဂၢလိက) ဆက္စပ္မႈ (သို႔မဟုတ္) ႏိုင္ငံေရးေစ့ေဆာ္မႈတို႔ မပါဝင္ဘဲ လုပ္ေဆာင္ခ်က္အားတိုင္းအတြက္ တာဝန္ယူမႈ၊ တာဝန္ခံမႈရွိတဲ့ သက္ဆိုင္သူမ်ားအျဖစ္ ပါဝင္ရပါလိမ့္မယ္။

ျမန္မာႏိုင္ငံမွာ အေျခအေနေတြ ေျပာင္းလဲျဖစ္ေပၚလာသည္ႏွင့္အမွ် ရခိုင္ေျမာက္ပိုင္း ဘဂၤါလီမ်ား အပါအဝင္ လူအားလုံးတို႔ရဲ႕ ရပိုင္ခြင့္နဲ႔ ဂုဏ္သိကၡာကို ေလးစားေသာအားျဖင့္ ၿငိမ္းခ်မ္းၿပီး အားလုံးပါဝင္ႏိုင္တဲ့ ေျဖရွင္းေရးကို သက္ဆိုင္သူအားလုံးတို႔အေနနဲ႔ မျဖစ္မေနလုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္။ စစ္မွန္တဲ့ ေတြ႕ဆုံေဆြးေႏြး မႈ၊ ပူးေပါင္းေဆာင္႐ြက္မႈနဲ႔ လူ႔အခြင့္အေရးအေပၚ ေလးစားလိုက္နာမွသာလွ်င္ ျမန္မာႏိုင္ငံမွာ ေရရွည္တည္တံ့တဲ့ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေအးခ်မ္းေရးကို ရရွိႏိုင္မွာျဖစ္ပါတယ္။ ဥေရာပ႐ိုဟင္ဂ်ာဆိုသူမ်ား ေကာင္စီမွ ေဒါက္တာ_ပရာဗီး_အမ္မီယာက AA နဲ႔ ပူးေပါင္းေဆာင္႐ြက္ျခင္းကို အေလးထားၿပီး ႐ိုဟင္ဂ်ာအခြင့္အေရတိုက္ပြဲ မွာ အလားအလာရွိတဲ့ မဟာမိတ္အျဖစ္ သေဘာထားပါတယ္။

ဒီေနရာမွာ ေဒါက္တာ ပရာဗီး၊ ေနဆန္းလြင္၊ ထြန္းခင္တို႔လို ႐ိုဟင္ဂ်ာအေရး တက္ႂကြလႈပ္ရွားသူေတြရဲ႕ ေျပာဆိုခ်က္ဟာ AA ရဲ႕လုပ္ရပ္နဲ႔ ခံယူခ်က္အေတြးအေခၚေၾကာင့္ ျဖစ္ေပၚလာတဲ့အႏၲရာယ္မ်ားကို မီးေမာင္းထိုးျပ ၿပီး သံသယႀကီးစြာ ေဝဖန္မႈမ်ားနဲ႔ အတိအလင္း ကြဲလြဲေနပါတယ္။ ဘဂၤါလီအသိုင္းအဝန္းအၾကား စည္းလုံး ညီၫြတ္မႈတည္ေဆာက္ဖို႔အတြက္ AA၊ NUG နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား အပါအဝင္ သက္ဆိုင္သူ အသီးသီးတို႔နဲ႔ ေတြ႕ဆုံေဆြးေႏြးရန္ လိုအပ္ေၾကာင္း၊ အဲ့ဒီနည္းလမ္းသည္သာ ရခိုင္ျပည္နယ္အတြင္း ရႈပ္ေထြး လွတဲ့ အေ႐ြ႕မ်ားကို ကိုင္တြယ္ေျဖရွင္းရာမွာ လက္ေတြ႕က်တဲ့ ခ်ဥ္းကပ္မႈအျဖစ္ ေဒါက္တာ ပရာဗီးတို႔က ရႈ႕ျမင္ပါတယ္။

ရႈပ္ေထြးမႈမ်ားေၾကာင့္ စိုးရိမ္ထိတ္လန႔္ေနၾကတဲ့ ေနဆန္းလြင္၊ ေရဇာအူဒင္နဲ႔ ထြန္းခင္တို႔လို႔ ထင္ရွားတဲ့ ႐ိုဟင္ဂ်ာဆိုသူ ပုဂၢိဳလ္မ်ားကေတာ့ ေဖေဖာ္ဝါရီ ၁၉ ရက္ Facebook တိုက္႐ိုက္အစည္းအေဝးမွာ ျပင္းျပင္းထန္ထန္ ေတာင္းဆိုခဲ့ပါတယ္ နစကရဲ႕ႀကိဳးပမ္းအားထုတ္မႈမ်ားကို အေထာက္အကူမျပဳရန္ အေရးႀကီးေၾကာင္း၊ စစ္တပ္ရဲ႕ ဖိႏွိပ္မႈနည္းပရိယာယ္ကို ဆန႔္က်င္ၿပီး ရခိုင္ေျမာက္ပိုင္း ဘဂၤါလီတို႔အေနနဲ႔ စည္းလုံးညီၫြတ္စြာ ရပ္တည္ရန္ လိုအပ္ေၾကာင္း၊ ဘဂၤါလီမ်ား ရင္ဆိုင္ေနရတဲ့ သမိုင္းဝင္ မတရားမႈေတြကို ျပန္ေျပာင္းေျပာျပၿပီး တျခား တိုင္းရင္းသားမ်ား၊ အထူးသျဖင့္ ရခိုင္လူမ်ိဳးေတြနဲ႔ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ဖို႔ လိုအပ္ေၾကာင္း မီးေမာင္းထိုး ျပခဲ့ပါတယ္။ ျမန္မာ့ႏိုင္ငံေရးနဲ႔ အေျပာင္းအလဲျဖစ္ေစႏိုင္တဲ့ စစ္ဘက္ဆိုင္ရာအင္အားကို ခြဲျခမ္းစိတ္ျဖာၿပီး တပ္မေတာ္ရဲ႕ ၾသဇာအာဏာက်ဆင္းလာမႈ၊ စစ္အုပ္ခ်ဳပ္ေရးကို ဆန႔္က်င္တဲ့အမ်ိဳးသားေရးခုခံမႈ က်ယ္ျပန႔္လာပုံတို႔ ကို ေဆြးေႏြးခဲ့ၾကပါတယ္။ စစ္တပ္ရဲ႕ ဗ်ဴဟာမွာ အာဏာခ်ဳပ္ကိုင္မႈ အားနည္းသြားျခင္းကို ေရွာင္လႊဲဖို႔အတြက္ ဘာသာေရးနဲ႔ လူမ်ိဳးစုမ်ားအၾကား တင္းမာမႈမ်ား တိုးျမင့္လာေစရန္ ဖန္တီးႏိုင္တဲ့ကိစၥမ်ားလည္း ပါဝင္ပါတယ္။

မည္သို႔ပင္ျဖစ္ေစ ရခိုင္ျပည္နယ္အတြင္း AA ရဲ႕ လုပ္ရပ္မ်ားကို ျပန္ေျပာင္း ေစ့ငုတဲ့အခါ ဇာတ္ေၾကာင္းဟာ ရႈပ္ ေထြးသြားပါတယ္။ ရခိုင္ေျမာက္ပိုင္း ဘဂၤါလီမ်ားကို အတင္းအဓမၼ လူစုေဆာင္းမယ့္ တပ္မေတာ္ရဲ႕ မဟာဗ်ဴဟာနဲ႔ ဆက္စပ္ဆိုး႐ြားတဲ့အႏၲရာယ္မ်ား၊ ရခိုင္ျပည္နယ္ ပဋိပကၡျဖစ္ပြားရာေဒသမ်ားမွာ လူသားဒိုင္းမ်ား အျဖစ္ အသုံးျပဳဖြယ္အလားအလာမ်ားကို သတိေပးၾကပါတယ္။ ဒါေပမယ့္ တစ္ဖက္မွာလည္း ဘဂၤါလီေက်း႐ြာေတြ ကို လူသားဒိုင္းမ်ားအလားတူ ဆက္လက္အသုံးျပဴေနေၾကာင္း စြပ္စြဲျခင္းခံထားရတဲ့ AA နဲ႔ ပတ္သက္ၿပီးေတာ့ ေရငုံ ႏႈတ္ပိတ္လုပ္ေနၾကပါတယ္။ ႏွစ္ဖက္လုံးအေပၚ ရႈတ္ရႈံ႕ခ်သင့္တဲ့အတြက္ သူတို႔ရဲ႕သမာသမတ္က်မႈႏွင့္ ပတ္သက္ ၿပီး ေမးခြန္းထုတ္စရာ ေကာင္းလွပါတယ္။

ကုလသမဂၢ လူ႔အခြင့္အေရးအဖြဲ႕ရဲ႕ အစီရင္ခံစာအရ ရခိုင္ျပည္နယ္အတြင္း AA ရဲ႕ နည္းဗ်ဴဟာေတြဟာ အထူးသျဖင့္ ဘူးသီးေတာင္ၿမိဳ႕နယ္ ေတာင္ပိုင္းရွိ ဘဂၤါလီေက်း႐ြာမ်ားအတြက္ ဆိုး႐ြားတဲ့ အက်ိဳးဆက္မ်ား ျဖစ္ေပၚ ေစခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ ၂၀၂၄- ခုႏွစ္ ဇန္နဝါရီလေႏွာင္းပိုင္း AA တိုက္ခိုက္ေရးသမားေတြဟာ ျမန္မာ စစ္စခန္းအေပၚ ဗ်ဴဟာေျမာက္ အသာစီးရေစရန္ရည္႐ြယ္ၿပီး ဖုန္ညိဳလိပ္ ဘဂၤါလီေက်း႐ြာအနီး တမင္ေနရာယူခဲ့ပါတယ္။

AA ရဲ႕ လုပ္ရပ္ဟာ ျမန္မာစစ္တပ္က ရဟတ္ယာဥ္ျဖင့္ တိုက္ခိုက္ျခင္း၊ အေျမာက္ႀကီးမ်ားျဖင့္ ပစ္ခတ္ျခင္း၊ ေျမျပင္ထိုးစစ္မ်ား အပါအဝင္ ျပင္းထန္စြာ တုံ႔ျပန္ဖို႔ ျဖစ္လာတဲ့အခါ အရပ္သားမ်ား ေသဆုံးမႈ၊ အိုးအိမ္မ်ား အႀကီးအက်ယ္ ပ်က္စီးဆုံးရႈံးခဲ့ရပါတယ္။ အဆိုပါ ေက်း႐ြာမ်ားကို လူသားဒိုင္းအျဖစ္ ထိေရာက္စြာ အသုံးျပဳဖို႔ အတြက္ AA ေရာက္ရွိေနျခင္းျခင္းဟာ ေၾကကြဲဖြယ္ရလဒ္မ်ားကို ျဖစ္ေပၚေစၿပီး ဘဂၤါလီအရပ္သား တစ္ဒါဇင္ေက်ာ္ ေသဆုံး၊ ၁၀၀ ေက်ာ္ ဒဏ္ရာရရွိကာ အိမ္ေျခ ၁၀၀ ေက်ာ္ ပ်က္စီးဆုံးရႈံးခဲ့ရပါတယ္။ ေနဆန္းလြင္ရဲ႕ လူမႈကြန္ရက္မွာ အဲဒီလိုျဖစ္ရပ္ေပါင္းမ်ားစြာကို ေဖာ္ျပထားပါတယ္။ ထူးဆန္းစြာပင္ ေျပာေရးဆိုခြင့္ရွိသူ သုံးဦးစလုံး ဟာ အဲဒီျဖစ္ရပ္မ်ားကို ျပန္လည္ရည္ၫႊန္းဖို႔ အားလုံးက လက္ေရွာင္ေနခဲ့ပါတယ္၊ ေနဆန္းလြင္ ကိုယ္တိုင္ ျမန္မာ စစ္တပ္က အသုံးျပဳဖြယ္ “လူသားဒိုင္း” နည္းပရိယာယ္အေၾကာင္း သတင္းစာရွင္းလင္းပြဲမွာ ထပ္ခါတလဲလဲ ေျပာဆိုခဲ့ေပမယ့္ AA က လုပ္ေဆာင္ေနတဲ့ အလားတူနည္းဗ်ဴဟာက ရည္ၫႊန္းျခင္း မရွိပါဘူး။ ဒီအေၾကာင္း မွတ္ခ်က္ေပးရန္ သူတို႔ႏွစ္ဦးကို ေမတၱာရပ္ခံခဲ့ေပမယ့္ ျပန္လည္ေျဖၾကားျခင္း မရွိပါဘူး။

AA ေခါင္းေဆာင္ ထြန္းျမတ္ႏိုင္ရဲ႕မၾကာေသးမီက BBC အင္တာဗ်ဴးအရ ျမန္မာႏိုင္ငံ ႐ိုဟင္ဂ်ာဆိုသူမ်ား အသိုင္းအဝန္းနဲ႔ ပတ္ဝန္းက်င္ အေျခအေနေတြက ပိုမိုရႈပ္ေထြးလာခဲ့ပါတယ္။ အထူးသျဖင့္ ရခိုင္ျပည္နယ္ရွိ ႐ိုဟင္ဂ်ာလူမ်ိဳးမ်ားရဲ႕သမိုင္း၊ အေထာက္အထားနဲ႔သူတို႔ရဲ႕မ်ိဳး႐ိုးဗီဇဆိုင္ရာ ဆက္ႏြယ္ပုံမ်ားအတြက္ ထြန္းျမတ္ႏိုင္ရဲ႕ မွတ္ခ်က္ေတြဟာ အျငင္းပြားဖြယ္ရာမ်ားကို မီးထိုးေပးခဲ့ပါတယ္။

“သမိုင္းဆိုင္ရာဖန္တီးမႈမ်ားနဲ႔ ဇာတ္ေၾကာင္းမ်ားကို ႐ိုးသားစြာ ဝန္ခံရလိမ့္မယ္” လို႔ ေျပာဆိုခ်က္ဟာ ႐ိုဟင္ဂ်ာမ်ား ေျပာျပေနတဲ့သမိုင္းေၾကာင္းမ်ားဆိုတာ ဖုံးကြယ္ထားတဲ့ ဆင္ေျချဖစ္ေၾကာင္း၊ ရခိုင္ျပည္နယ္ရွိ သူတို႔ရဲ႕သမိုင္းမွတ္တမ္းမ်ားဟာ လိမ္လည္ျခင္း (သို႔မဟုတ္) လွည့္စားျခင္းမ်ားသာျဖစ္တယ္လို႔ အဓိပၸာယ္ ထြက္ေနပါတယ္။ ေဒသတြင္း သမိုင္းဝင္တည္ရွိမႈဆိုင္ရာ ႐ိုဟင္ဂ်ာတို႔ရဲ႕ေတာင္းဆိုမႈမ်ားကို စိန္ေခၚေနၿပီး အေထာက္အထားနဲ႔ အခြင့္အေရးမ်ားကို ပိုမိုက်ယ္ျပန႔္စြာ ျငင္းဆိုေနေၾကာင္း အရိပ္အႁမြက္ျပေနပါတယ္။

ဒါ့အျပင္ ႐ိုဟင္ဂ်ာဆိုတာ ဌာေနတိုင္းရင္းသားမ်ားျဖစ္တယ္ဆိုတာထက္ ရခိုင္ျပည္နယ္အတြင္း (ေနာက္မွ)ဝင္ေရာက္လာသူမ်ား သို႔မဟုတ္ အျပင္လူမ်ားအျဖစ္ သူ႔ရဲ႕မွတ္ခ်က္ေတြက သိမ္ေမြ႕စြာ ပုံေဖာ္ထားပါ တယ္။ ဒီတစ္ခ်က္တည္းနဲ႔တင္ ႐ိုဟင္ဂ်ာဆိုတာ ျပည္ပမွ က်ဴးေက်ာ္ဝင္ေရာက္လာသူမ်ားျဖစ္ေၾကာင္း အယူအဆ ကို ေထာက္ခံေနၿပီး ျမန္မာႏိုင္ငံအတြင္း ႏိုင္ငံသားျဖစ္ခြင့္နဲ႔ ရပိုင္ခြင့္မ်ားကို ပ်က္ျပားေစပါတယ္။ ထြန္းျမတ္ႏိုင္ရဲ႕ ဘဂၤါလီ၊ စစ္တေကာင္းနဲ႔ ႐ိုဟင္ဂ်ာတို႔ရဲ႕ (အမ်ိဳးသားေရး) လကၡဏာမ်ားကို သိမ္းႀကဳံးေပါင္းစပ္ျခင္းဟာ ႐ိုဟင္ဂ်ာ တို႔ရဲ႕ယဥ္ေက်းမႈဆိုင္ရာ လကၡဏာမ်ားကို ေမွးမွိန္ေစၿပီး သီးျခားလူမ်ိဳးတစ္မ်ိဳးျဖစ္ေၾကာင္း ျငင္းပယ္တယ္လို႔ ဆိုလို ရာ ေရာက္ရွိပါတယ္။

#ရခိုင္ေျမာက္ပိုင္း_ဘဂၤါလီ #ျပည္သူ႔စစ္မႈထမ္းဥပေဒ #လူသားဒိုင္း #ရကၡိဳင္တပ္ #ထြန္းျမတ္ႏိုင္

(Dhaka Tribune., 2 March 2024,” The Rohingya in the shadow of the Arakan army” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.