ဘားအံမြို့တွင် အမျိုးသားတစ်ဦးက Facebook တွင် နောက်ဆုံး Posts တင်နှုတ်ဆက်ကာ သံလွင်မြစ်အတွင်းသို့ ခုန်ချအဆုံးစီမှုဖြစ်ပွား

 32866

သန့်ဇင် (NP News) - မတ် ၆

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အမျိုးသားတစ်ဦးက Facebookတွင် နောက်ဆုံး Posts တင်နှုတ်ဆက်ကာ သံလွင်မြစ်အတွင်းသို့ ခုန်ချအဆုံးစီမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ဘားအံမြို့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(မတ်လ ၄ ရက်)၊ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က အမှတ်-၃ ရပ်ကွက်၊ ၁၅ဝ-ကွက်သစ်၊ ရေ အရင်းမြစ် ရုံးအနောက်ဘက် သံလွင်မြစ်ကမ်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အမျိုသားက ကမ်းနားကနေ ခုန်ချသွားတာပေါ့။ မြင်တဲ့သူတွေပြောတာတော့ အနားမှာ ရပ်နေပြီးတော့ ခုန်ချသွားတာလို့ မျက်မြင်တွေက ပြောတယ်” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဘားအံမြို့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

မြစ်ထဲသို့ ခုန်ချအဆုံးစီရင်သွားသူ အမျိုးသားမှာ အသက်(၃၈)နှစ်အရွယ်ခန့်ရှိသူဖြစ်ပြီး ဘားအံမြို့၊ အမှတ်(၂) ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

“မခုန်ချခင်တောင် သူ့ Facebook အကောင့်ကနေ နှုတ်ဆက်စာ ရေးတင်သွားသေးတယ်။ ကျွန်တော်တို့လည်း တာဝန်ရှိသူတွေကို စောင့်ပြီးရှာဖွေရေးလုပ်တော့ သူခုန်ချသွားတဲ့နေရာလေးမှာပဲ အလောင်းကို ပြန်တွေ့တာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါဖြစ်စဉ်တွင် ခုန်ချအဆုံးစီရင်သူအမျိုးသားကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ရေငုတ်ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့- ကရင်ပြည်နယ်) နှင့် အခြားအသင်းအဖွဲ့များပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးများပြုခဲ့ကြရာ ၃ နာရီကျော်အကြာတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ဘားအံက သယ်ဆောင်ကာ ဘားအံမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ဘားအံၿမိဳ႕တြင္ အမ်ိဳးသားတစ္ဦးက Facebook တြင္ ေနာက္ဆုံး Posts တင္ႏႈတ္ဆက္ကာ သံလြင္ျမစ္အတြင္းသို႔ ခုန္ခ်အဆုံးစီမႈျဖစ္ပြား
သန႔္ဇင္ (NP News) - မတ္ ၆

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕တြင္ အမ်ိဳးသားတစ္ဦးက Facebookတြင္ ေနာက္ဆုံး Posts တင္ႏႈတ္ဆက္ကာ သံလြင္ျမစ္အတြင္းသို႔ ခုန္ခ်အဆုံးစီမႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအသင္း ဘားအံၿမိဳ႕ထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(မတ္လ ၄ ရက္)၊ ညေန ၄ နာရီ ၄၅ မိနစ္အခ်ိန္ခန႔္က အမွတ္-၃ ရပ္ကြက္၊ ၁၅ဝ-ကြက္သစ္၊ ေရ အရင္းျမစ္ ႐ုံးအေနာက္ဘက္ သံလြင္ျမစ္ကမ္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အမ်ိဳသားက ကမ္းနားကေန ခုန္ခ်သြားတာေပါ့။ ျမင္တဲ့သူေတြေျပာတာေတာ့ အနားမွာ ရပ္ေနၿပီးေတာ့ ခုန္ခ်သြားတာလို႔ မ်က္ျမင္ေတြက ေျပာတယ္” ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ ဘားအံၿမိဳ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ျမစ္ထဲသို႔ ခုန္ခ်အဆုံးစီရင္သြားသူ အမ်ိဳးသားမွာ အသက္(၃၈)ႏွစ္အ႐ြယ္ခန႔္ရွိသူျဖစ္ၿပီး ဘားအံၿမိဳ႕၊ အမွတ္(၂) ရပ္ကြက္တြင္ ေနထိုင္သူျဖစ္ေၾကာင္း သိရသည္။

“မခုန္ခ်ခင္ေတာင္ သူ႔ Facebook အေကာင့္ကေန ႏႈတ္ဆက္စာ ေရးတင္သြားေသးတယ္။ ကြၽန္ေတာ္တို႔လည္း တာဝန္ရွိသူေတြကို ေစာင့္ၿပီးရွာေဖြေရးလုပ္ေတာ့ သူခုန္ခ်သြားတဲ့ေနရာေလးမွာပဲ အေလာင္းကို ျပန္ေတြ႕တာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။

အဆိုပါျဖစ္စဥ္တြင္ ခုန္ခ်အဆုံးစီရင္သူအမ်ိဳးသားကို ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(ေရငုတ္ရွာေဖြ ကယ္ဆယ္ေရးအဖြဲ႕- ကရင္ျပည္နယ္) ႏွင့္ အျခားအသင္းအဖြဲ႕မ်ားပူးေပါင္း၍ ရွာေဖြကယ္ဆယ္ေရးမ်ားျပဳခဲ့ၾကရာ ၃ နာရီေက်ာ္အၾကာတြင္ ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

ေသဆုံးသူအမ်ိဳးသား၏ ႐ုပ္အေလာင္းကို ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ဘားအံက သယ္ေဆာင္ကာ ဘားအံၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

© 2021. All rights reserved.