ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီသယ်ယာဉ်တစ်စီး ဘီးပေါက်၍ တိမ်းမှောက်မီးလောင်ခဲ့ရာ ဆီဂါလံ(၉၀၀၀)နီးပါး ဆုံးရှုံး

 8373

သန့်ဇင် (NP News) - မတ် ၆

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီသယ်ယာဉ်တစ်စီး ဘီးပေါက်၍တိမ်းမှောက်မီးလောင်ခဲ့ရာ ဆီဂါလံ(၉၀၀၀)နီးပါး ဆုံးရှုံးခဲ့ကြောင်း ပျော်ဖွယ်မြို့နယ်မီးသတ်ဦးစီမှူးထံမှ သိရသည်။

အဆိုပါဆီသယ်ယာဉ်မီးလောင်မှုသည် ယနေ့(မတ်လ ၆ ရက်)၊ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တ လေး လမ်းဟောင်း၊ ယင်းတော်ကျေးရွာ၊ မိုင်တိုင်အမှတ် ၂၉၇ မိုင်၊ ၁ဖာလုံ၊ ဘုန်းကျော်သာ စက်သုံးဆီဆိုင်ရှေ့၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဆီကားက ရန်ကုန်သီလဝါဆိပ်ကမ်းကနေ မန္တလေးဘက်ကိုမောင်းလာတာမှာ လမ်းဘေးစက်သုံးဆီဆိုင်ရှေ့မှာ ညာဘက်ရှေ့ဘီးပွင့်ပြီးတော့ အရှိန်မထိန်းနိုင်ပဲနဲ့ ဘယ်ဘက်ကိုပြောင်းပြန်လည်ပြီးတော့ မှောက်သွားတာ။ အဲဒီမှာ အရှိန်ပြင်းတော့ ကတ္တရာလမ်းနဲ့ ဆီသယ်ယာဉ် ကိုယ်ထည်နဲ့ ရိုက်မိတာမှာ အစထွက်ပြီး မီးလောင်တာပါ” ဟု ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးမှူးက NP News ကိုပြောသည်။

အဆိုပါဆီသယ်ယာဉ် တိမ်းမှောက်မီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း 92 ဓာတ်ဆီ၊ Disel နှင့် Premium Diesel ဆီဂါလံ ပေါင်း (၈၈၀၀)ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“လူထိခိုက်တာတော့မရှိပါဘူး။ ဆီတွေတော့ မီးလောင်သွားတာပေါ့။ ဆီကအကုန်လုံးမလောင်ပေမဲ့ ကျန်တဲ့ဆီတွေလည်း သုံးလို့မရ တော့တာပေါ့။ အနားမှာရှိတဲ့ စက်သုံးဆီဆိုင်ကိုလည်း မီးမကူးလို့တော်သေးတာပေါ့။ ဒါပေမဲ့ ဒီမီးလောင်မှုကို တော်တော်လေးလည်း ထိန်းချုပ်ခဲ့ရပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ထို့နောက် ၎င်းဆီသယ်ယာဉ်မီးလောင်မှုဖြစ်စဉ်ကို ပျော်ဘွယ်မီးသတ်စခန်းမှမီးသတ်ယာဉ်(၅)စီး၊ ယင်းတော်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီးနှင့် မိတ္ထီလာမြို့မီးသတ်စခန်းမှမီးသတ်ယာဉ်(၄)စီးတို့ဖြင့် တစ်နာရီခန့်အကြာ သွားရောက်မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

“စက်သုံးဆီကားတွေက ရန်ကုန်-မန္တလေးလမ်းမှာ တစ်နေ့ကို အစီး(၂၀၀)လောက်ဖြတ်နေကြတယ်။ အဲဒီလိုဖြတ်တော့ ဘာဖြစ်ကြ လဲဆိုတော့ တစ်စီးနဲ့တစ်စီးက အမြန်ရောက်ချင်လို့ အရှိန်ပြင်းစွာမောင်းနှင်ကြတယ်။ အဲဒီလိုမောင်းကြတော့ သူတို့တွေက စိတ်စောပြီး အခုလိုမျိုးတွေ မကြာမဏဖြစ်တယ်။ ပြီးခဲ့တဲ့ လပိုင်းလောက်ကပဲ ဆီသယ်ယာဉ်တစ်စီးတိမ်းမှောက်တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ဖူးတယ်။ အဓိကတော့ အခုလိုဖြစ်စဉ်တွေကြောင့် ယာဉ်လည်းဆုံးရှုံးတယ်။ ဆီလည်း ဆုံးရှုံးတယ်။ အဲဒါကြောင့် ဆီသယ်ယာဉ်မောင်းတဲ့ ယာဉ်မောင်းတွေ အနေနဲ့ ဂရုစိုက်ပြီးမောင်းနှင်ကြဖို့ပြောချင်ပါတယ်” ဟု ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးမှူးက အကြံပြုပြောသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈ရက်တွင်လည်း ကျောက်ဆည်မြို့၊ မြို့ရှောင်လမ်း၌ ဆီသယ်ယာဉ်တစ်စီး လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့ရာ ဆီဂါလံပေါင်း(၈၀၀၀)မီးလောင် ဆုံးရှုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။

zawgyi version
ရန္ကုန္-မႏၲေလးလမ္းေဟာင္းတြင္ ဆီသယ္ယာဥ္တစ္စီး ဘီးေပါက္၍ တိမ္းေမွာက္မီးေလာင္ခဲ့ရာ ဆီဂါလံ(၉၀၀၀)နီးပါး ဆုံးရႈံး
သန႔္ဇင္ (NP News) - မတ္ ၆

မႏၲေလးတိုင္း၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးလမ္းေဟာင္းတြင္ ဆီသယ္ယာဥ္တစ္စီး ဘီးေပါက္၍တိမ္းေမွာက္မီးေလာင္ခဲ့ရာ ဆီဂါလံ(၉၀၀၀)နီးပါး ဆုံးရႈံးခဲ့ေၾကာင္း ေပ်ာ္ဖြယ္ၿမိဳ႕နယ္မီးသတ္ဦးစီမႉးထံမွ သိရသည္။

အဆိုပါဆီသယ္ယာဥ္မီးေလာင္မႈသည္ ယေန႔(မတ္လ ၆ ရက္)၊ နံနက္ ၆ နာရီခြဲအခ်ိန္ခန႔္တြင္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ ရန္ကုန္-မႏၲ ေလး လမ္းေဟာင္း၊ ယင္းေတာ္ေက်း႐ြာ၊ မိုင္တိုင္အမွတ္ ၂၉၇ မိုင္၊ ၁ဖာလုံ၊ ဘုန္းေက်ာ္သာ စက္သုံးဆီဆိုင္ေရွ႕၌ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ဆီကားက ရန္ကုန္သီလဝါဆိပ္ကမ္းကေန မႏၲေလးဘက္ကိုေမာင္းလာတာမွာ လမ္းေဘးစက္သုံးဆီဆိုင္ေရွ႕မွာ ညာဘက္ေရွ႕ဘီးပြင့္ၿပီးေတာ့ အရွိန္မထိန္းႏိုင္ပဲနဲ႔ ဘယ္ဘက္ကိုေျပာင္းျပန္လည္ၿပီးေတာ့ ေမွာက္သြားတာ။ အဲဒီမွာ အရွိန္ျပင္းေတာ့ ကတၱရာလမ္းနဲ႔ ဆီသယ္ယာဥ္ ကိုယ္ထည္နဲ႔ ႐ိုက္မိတာမွာ အစထြက္ၿပီး မီးေလာင္တာပါ” ဟု ေပ်ာ္ဘြယ္ၿမိဳ႕နယ္မီးသတ္ဦးစီးမႉးက NP News ကိုေျပာသည္။

အဆိုပါဆီသယ္ယာဥ္ တိမ္းေမွာက္မီးေလာင္မႈတြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း 92 ဓာတ္ဆီ၊ Disel ႏွင့္ Premium Diesel ဆီဂါလံ ေပါင္း (၈၈၀၀)ဆုံးရႈံးခဲ့ေၾကာင္း သိရသည္။

“လူထိခိုက္တာေတာ့မရွိပါဘူး။ ဆီေတြေတာ့ မီးေလာင္သြားတာေပါ့။ ဆီကအကုန္လုံးမေလာင္ေပမဲ့ က်န္တဲ့ဆီေတြလည္း သုံးလို႔မရ ေတာ့တာေပါ့။ အနားမွာရွိတဲ့ စက္သုံးဆီဆိုင္ကိုလည္း မီးမကူးလို႔ေတာ္ေသးတာေပါ့။ ဒါေပမဲ့ ဒီမီးေလာင္မႈကို ေတာ္ေတာ္ေလးလည္း ထိန္းခ်ဳပ္ခဲ့ရပါတယ္”ဟု ၎က ဆက္ေျပာသည္။

ထို႔ေနာက္ ၎ဆီသယ္ယာဥ္မီးေလာင္မႈျဖစ္စဥ္ကို ေပ်ာ္ဘြယ္မီးသတ္စခန္းမွမီးသတ္ယာဥ္(၅)စီး၊ ယင္းေတာ္မီးသတ္စခန္းမွ မီးသတ္ယာဥ္ (၁)စီးႏွင့္ မိတၳီလာၿမိဳ႕မီးသတ္စခန္းမွမီးသတ္ယာဥ္(၄)စီးတို႔ျဖင့္ တစ္နာရီခန႔္အၾကာ သြားေရာက္မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

“စက္သုံးဆီကားေတြက ရန္ကုန္-မႏၲေလးလမ္းမွာ တစ္ေန႔ကို အစီး(၂၀၀)ေလာက္ျဖတ္ေနၾကတယ္။ အဲဒီလိုျဖတ္ေတာ့ ဘာျဖစ္ၾက လဲဆိုေတာ့ တစ္စီးနဲ႔တစ္စီးက အျမန္ေရာက္ခ်င္လို႔ အရွိန္ျပင္းစြာေမာင္းႏွင္ၾကတယ္။ အဲဒီလိုေမာင္းၾကေတာ့ သူတို႔ေတြက စိတ္ေစာၿပီး အခုလိုမ်ိဳးေတြ မၾကာမဏျဖစ္တယ္။ ၿပီးခဲ့တဲ့ လပိုင္းေလာက္ကပဲ ဆီသယ္ယာဥ္တစ္စီးတိမ္းေမွာက္တဲ့ ျဖစ္စဥ္ျဖစ္ခဲ့ဖူးတယ္။ အဓိကေတာ့ အခုလိုျဖစ္စဥ္ေတြေၾကာင့္ ယာဥ္လည္းဆုံးရႈံးတယ္။ ဆီလည္း ဆုံးရႈံးတယ္။ အဲဒါေၾကာင့္ ဆီသယ္ယာဥ္ေမာင္းတဲ့ ယာဥ္ေမာင္းေတြ အေနနဲ႔ ဂ႐ုစိုက္ၿပီးေမာင္းႏွင္ၾကဖို႔ေျပာခ်င္ပါတယ္” ဟု ေပ်ာ္ဘြယ္ၿမိဳ႕နယ္မီးသတ္ဦးစီးမႉးက အႀကံျပဳေျပာသည္။

အလားတူ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာ ၈ရက္တြင္လည္း ေက်ာက္ဆည္ၿမိဳ႕၊ ၿမိဳ႕ေရွာင္လမ္း၌ ဆီသယ္ယာဥ္တစ္စီး လမ္းေဘးထိုးက် တိမ္းေမွာက္ခဲ့ရာ ဆီဂါလံေပါင္း(၈၀၀၀)မီးေလာင္ ဆုံးရႈံးခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.