အိန္ဒိယ ဘီလျံနာအမွေဆက်ခံသူရဲ့အကြိုမင်္ဂလာပွဲကို ရီဟားနား၊ မက်ခ်ဇူကာဘက်၊ အိုင်ဗန်ကာနဲ့ ဘီဂိတ်တို့ တက်ရောက်ဂုဏ်ပြု

1986

ရောင်နီ (NP News) - မတ် ၆
အိန္ဒိယ ဘီလျံနာအမွေဆက်ခံသူ အာနက်အမ်ဘာနီရဲ့အကြိုမင်္ဂလာပွဲကို ဒိတ်ဒိတ်ကျဲသူဋ္ဌေးတွေဖြစ်ကြတဲ့ မာ့ခ်ဇူကာဘတ်၊ ဘီလ်ဂိတ်၊ အိုင်ဗန်ကာထရန့်နဲ့ ပေါ့စ်အဆိုတော် ရီဟားနား အပါအဝင် နာမည်ကျော်များက တက်ရောက်ဂုဏ်ပြု အားပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါအကြိုမင်္ဂလာပွဲကြီးဟာ ၃ ရက်တာ ကျင်းပခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့(မတ်လ ၃ ရက်) မှာ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ ပေါ့ပ်စူပါစတား ရီဟားနားနဲ့ ဒေးဗစ်ဘလိန်းတို့က ဒီ ၃ ရက်တာ အခမ်းအနားမှာ ဖျော်ဖြေ တင်ဆက်မှုများ ပြုလုပ်ခဲ့သလို Silicon Valley၊ Bollywood ၊ အခြားနိုင်ငံများမှ ခရစ်ကတ်အကျော်အမော် ဆာချင်တန်ဒူလ်ကာ၊ သရုပ်ဆောင် ရှာရက်ခမ်းတို့လည်း ဒီအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
အမ်ဘာနီဟာ အာရှရဲ့အချမ်းသာဆုံး၊ ခန့်မှန်းခြေ ကြွယ်ဝချမ်းသာမှု ဒေါ်လာ ၁၁၇ ဘီလျံထိရှိတဲ့ သူဋ္ဌေးကြီး မူခက်ရှ်အမ်ဘိုနီရဲ့ အသက် ၂၈ နှစ်အရွယ် အငယ်ဆုံးသားဖြစ်ပြီး လက်ရှိ ၎င်းဟာ အဘိုးဖြစ်သူ တည်ထောင်ခဲ့တဲ့ အိန္ဒိယလုပ်ငန်းစုကြီး Reliance ရဲ့ စွမ်းအင်လုပ်ငန်းတစ်ခုမှာ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
အာနက်အန်ဘာနီနဲ့ ၎င်းရဲ့အသက် ၂၉ နှစ်အရွယ် ချစ်သူ ရက်ဒီကာမာချန့်တို့ဟာ ဇူလိုင်လမှာ လက်ထပ်ဖို့ စီစဉ် ထားတာဖြစ်ပြီး အခုအကြိုမင်္ဂလာပွဲကိုလည်း ခမ်းနားထည်ဝါစွာ အကုန်အကျများစွာကျခံပြီး ကျင်းပပြုလုပ်ခဲ့ပါ တယ်။ အကြိုမင်္ဂလာပွဲဟာ Reliance ရဲ့ အဓိကရေနံချက်စက်ရုံအနီး အနောက်ဘက်ဂူဂျာရတ်ပြည်နယ်၊ ဂျန်နာဂါ မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

Zawgyi Version;
အိႏၵိယ ဘီလ်ံနာအေမြဆက္ခံသူရဲ႕အႀကိဳမဂၤလာပြဲကို ရီဟားနား၊ မက္ခ္ဇူကာဘက္၊ အိုင္ဗန္ကာနဲ႔ ဘီဂိတ္တို႔ တက္ေရာက္ဂုဏ္ျပဳ
ေရာင္နီ (NP News) - မတ္ ၆
အိႏၵိယ ဘီလ်ံနာအေမြဆက္ခံသူ အာနက္အမ္ဘာနီရဲ႕အႀကိဳမဂၤလာပြဲကို ဒိတ္ဒိတ္က်ဲသူေ႒းေတြျဖစ္ၾကတဲ့ မာ့ခ္ဇူကာဘတ္၊ ဘီလ္ဂိတ္၊ အိုင္ဗန္ကာထရန္႔နဲ႔ ေပါ့စ္အဆိုေတာ္ ရီဟားနား အပါအဝင္ နာမည္ေက်ာ္မ်ားက တက္ေရာက္ဂုဏ္ျပဳ အားေပးခဲ့တယ္လို႔ သိရပါတယ္။
အဆိုပါအႀကိဳမဂၤလာပြဲႀကီးဟာ ၃ ရက္တာ က်င္းပခဲ့တာျဖစ္ၿပီး တနဂၤေႏြေန႔(မတ္လ ၃ ရက္) မွာ ၿပီးဆုံးခဲ့တာ ျဖစ္ပါတယ္။ ေပါ့ပ္စူပါစတား ရီဟားနားနဲ႔ ေဒးဗစ္ဘလိန္းတို႔က ဒီ ၃ ရက္တာ အခမ္းအနားမွာ ေဖ်ာ္ေျဖ တင္ဆက္မႈမ်ား ျပဳလုပ္ခဲ့သလို Silicon Valley၊ Bollywood ၊ အျခားႏိုင္ငံမ်ားမွ ခရစ္ကတ္အေက်ာ္အေမာ္ ဆာခ်င္တန္ဒူလ္ကာ၊ သ႐ုပ္ေဆာင္ ရွာရက္ခမ္းတို႔လည္း ဒီအခမ္းအနားကို တက္ေရာက္ခဲ့ပါတယ္။
အမ္ဘာနီဟာ အာရွရဲ႕အခ်မ္းသာဆုံး၊ ခန္႔မွန္းေျခ ႂကြယ္ဝခ်မ္းသာမႈ ေဒၚလာ ၁၁၇ ဘီလ်ံထိရွိတဲ့ သူေ႒းႀကီး မူခက္ရွ္အမ္ဘိုနီရဲ႕ အသက္ ၂၈ ႏွစ္အ႐ြယ္ အငယ္ဆုံးသားျဖစ္ၿပီး လက္ရွိ ၎ဟာ အဘိုးျဖစ္သူ တည္ေထာင္ခဲ့တဲ့ အိႏၵိယလုပ္ငန္းစုႀကီး Reliance ရဲ႕ စြမ္းအင္လုပ္ငန္းတစ္ခုမွာ ဒါ႐ိုက္တာအျဖစ္ တာဝန္ထမ္းေဆာင္ေနပါတယ္။
အာနက္အန္ဘာနီနဲ႔ ၎ရဲ႕အသက္ ၂၉ ႏွစ္အ႐ြယ္ ခ်စ္သူ ရက္ဒီကာမာခ်န္႔တို႔ဟာ ဇူလိုင္လမွာ လက္ထပ္ဖို႔ စီစဥ္ ထားတာျဖစ္ၿပီး အခုအႀကိဳမဂၤလာပြဲကိုလည္း ခမ္းနားထည္ဝါစြာ အကုန္အက်မ်ားစြာက်ခံၿပီး က်င္းပျပဳလုပ္ခဲ့ပါ တယ္။ အႀကိဳမဂၤလာပြဲဟာ Reliance ရဲ႕ အဓိကေရနံခ်က္စက္႐ုံအနီး အေနာက္ဘက္ဂူဂ်ာရတ္ျပည္နယ္၊ ဂ်န္နာဂါ မွာ က်င္းပခဲ့တာျဖစ္ပါတယ္။