စစ်ပွဲအတွက် ပြင်ဆင်မှုများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ရန် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း အမိန့်ပေး

 1408

Pika (NP News) - မတ် ၇

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် မတ်လ(၆)ရက်တွင် နိုင်ငံအနောက်ပိုင်းဒေသရှိ အဓိကစစ်စခန်း တစ်ခုတွင် တပ်ဖွဲ့ဝင်များ၏ ကွင်းဆင်းလေ့ကျင့်မှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စစ်ပွဲအတွက် ပြင်ဆင်မှု များကို ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် အမိန့်ပေးခဲ့ကြောင်း KCNA သတင်းအေဂျင်စီက မတ်လ(၇)ရက်တွင် ရေးသား ဖော်ပြခဲ့သည်။

အမေရိကန် နှင့် တောင်ကိုရီးယားတပ်ဖွဲ့များသည် နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို မတ်လ(၄)ရက်တွင် စတင် ခဲ့ပြီးနောက် ကင်ဂျုံအန်း၏ သွားရောက်လည်ပတ်မှု ခရီးစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော်လည်း အဆိုပါ စစ်စခန်း၏ နေရာကို အတိအကျဖော်ပြထားခြင်းမျိုး မရှိကြောင်းလည်း သိရသည်။

အမေရိကန် နှင့် တောင်ကိုရီးယားတို့၏ နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယားတပ်ဖွဲ့ဝင်အရေ အတွက်သည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်မည်ဆိုပါက နှစ်ဆတိုးလာကြောင်း သိရသည်။ မြောက်ကိုရီးယားစစ်တပ် သည် လက်ရှိအချိန်တွင် ဖြစ်ပွားနေသောအခြေအနေများ၏ လိုအပ်ချက်နှင့်အညီ စစ်ပွဲအတွက် ပြင်ဆင်မှုများကို ပိုမိုအရှိန်မြှင့်တင်ရန်လုပ်ဆောင်သင့်သည်ဟု ကင်ဂျုံအန်းက ပြောဆိုခဲ့ကြောင်း KCNA သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့သည်။

ကင်ဂျုံအန်းက "ကျွန်တော်တို့ရဲ့စစ်တပ်ဟာ ပြီးပြည့်စုံတဲ့စစ်ပွဲပြင်ဆင်မှုတွေအတွက် တိုက်ခိုက်ရေးစွမ်းရည်တွေ ကို လျင်မြန်စွာ မြှင့်တင်ဖို့ရည်ရွယ်ထားတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်သင့်ပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် စစ်ပွဲအတွက် လက်တွေ့စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသည့်တပ်ဖွဲ့ဝင်များကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း ကင်ဂျုံအန်းက ပြောခဲ့သည်။

Zawgyi Version;
စစ္ပြဲအတြက္ ျပင္ဆင္မႈမ်ားကို ပိုမိုအရွိန္ျမႇင့္လုပ္ေဆာင္ရန္ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္း အမိန႔္ေပး
Pika (NP News) - မတ္ ၇

ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းသည္ မတ္လ(၆)ရက္တြင္ ႏိုင္ငံအေနာက္ပိုင္းေဒသရွိ အဓိကစစ္စခန္း တစ္ခုတြင္ တပ္ဖြဲ႕ဝင္မ်ား၏ ကြင္းဆင္းေလ့က်င့္မႈမ်ားကို သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ၿပီး စစ္ပြဲအတြက္ ျပင္ဆင္မႈ မ်ားကို ပိုမိုတိုးျမႇင့္လုပ္ေဆာင္ရန္ အမိန႔္ေပးခဲ့ေၾကာင္း KCNA သတင္းေအဂ်င္စီက မတ္လ(၇)ရက္တြင္ ေရးသား ေဖာ္ျပခဲ့သည္။

အေမရိကန္ ႏွင့္ ေတာင္ကိုရီးယားတပ္ဖြဲ႕မ်ားသည္ ႏွစ္စဥ္ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားကို မတ္လ(၄)ရက္တြင္ စတင္ ခဲ့ၿပီးေနာက္ ကင္ဂ်ဳံအန္း၏ သြားေရာက္လည္ပတ္မႈ ခရီးစဥ္ထြက္ေပၚလာျခင္းျဖစ္သည္။ သို႔ေသာ္လည္း အဆိုပါ စစ္စခန္း၏ ေနရာကို အတိအက်ေဖာ္ျပထားျခင္းမ်ိဳး မရွိေၾကာင္းလည္း သိရသည္။

အေမရိကန္ ႏွင့္ ေတာင္ကိုရီးယားတို႔၏ ႏွစ္စဥ္ပူးတြဲစစ္ေရးေလ့က်င့္မႈတြင္ ေတာင္ကိုရီးယားတပ္ဖြဲ႕ဝင္အေရ အတြက္သည္ ၿပီးခဲ့သည့္ႏွစ္ႏွင့္ ႏႈိင္းယွဥ္မည္ဆိုပါက ႏွစ္ဆတိုးလာေၾကာင္း သိရသည္။ ေျမာက္ကိုရီးယားစစ္တပ္ သည္ လက္ရွိအခ်ိန္တြင္ ျဖစ္ပြားေနေသာအေျခအေနမ်ား၏ လိုအပ္ခ်က္ႏွင့္အညီ စစ္ပြဲအတြက္ ျပင္ဆင္မႈမ်ားကို ပိုမိုအရွိန္ျမႇင့္တင္ရန္လုပ္ေဆာင္သင့္သည္ဟု ကင္ဂ်ဳံအန္းက ေျပာဆိုခဲ့ေၾကာင္း KCNA သတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့သည္။

ကင္ဂ်ဳံအန္းက "ကြၽန္ေတာ္တို႔ရဲ႕စစ္တပ္ဟာ ၿပီးျပည့္စုံတဲ့စစ္ပြဲျပင္ဆင္မႈေတြအတြက္ တိုက္ခိုက္ေရးစြမ္းရည္ေတြ ကို လ်င္ျမန္စြာ ျမႇင့္တင္ဖို႔ရည္႐ြယ္ထားတဲ့ စစ္ေရးေလ့က်င့္မႈေတြကို အရွိန္ျမႇင့္လုပ္ေဆာင္သင့္ပါတယ္" ဟု ေျပာခဲ့သည္။

ထို႔အျပင္ စစ္ပြဲအတြက္ လက္ေတြ႕စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ေနသည့္တပ္ဖြဲ႕ဝင္မ်ားကို ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း ကင္ဂ်ဳံအန္းက ေျပာခဲ့သည္။

Related news

© 2021. All rights reserved.