အင်းစိန်လူမိုက် ကိုကျော်ဝင်းစိန် သတ်ဖြတ်ခံရမှုတွင် အဓိကကျူးလွန်သူဟု စွပ်စွဲခံနေရသော လူမိုက် ကိုငမျိုးနှင့်အဖွဲ့ကို စစ်ကိုင်းမြို့တွင် ဖမ်းမိ

2301
မြူနစ် (NP News) - မတ် ၇
အင်းစိန်လူမိုက် ကိုကျော်ဝင်းစိန် သတ်ဖြတ်ခံရမှုတွင် အဓိကကျူးလွန်သူဟု စွပ်စွဲခံနေရသည့် ကြည့်မြင်တိုင်လူမိုက် ကိုငမျိုးနှင့်အဖွဲ့ကို စစ်ကိုင်းမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

လူမိုက် ကိုရဲမျိုးသိန်း(ခ)ငမျိုးနှင့်အဖွဲ့ကို ယမန်နေ့(မတ်လ ၆ ရက်) နေ့လည်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ တကောင်း ရပ်ကွက်၊ သစ္စာစေတီဘုရားအနီး၊ ပုဗ္ပာရုံကျောင်းအတွင်း၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
လူမိုက် ကိုငမျိုးနှင့်အတူ အောင်ကျော်ကြား(ခ)ကျော်ကြီး၊ ဟိန်းထက်အောင်(ခ)ခေါင်းကြီး၊ အောင်မြတ်မင်း(ခ)အောင်ကြီး၊ ဥက္ကာ၊ အောင်တင်မြင့်ထွေး(ခ)အောင်လေး၊ ကျော်ဆန်းလင်း(ခ) သံမဏိ၊ မျိုးမင်းနိုင်(ခ)အရှည်ကြီးနှင့် ဇော်မင်းဦး(ခ)တွတ်ပီတို့ (၉)ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
“သူတို့ဘက်က ပြန်လည်ခုခံပြီးတော့ ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးစားတဲ့အတွက် လက်နက်ငယ်အချို့ပစ်ဖောက်ပြီးတော့ ခြောက်လှန့် ဖမ်းဆီးခဲ့ရတယ်။ အခုတော့ သူတို့ကို ရန်ကုန်ကို ဆက်ပြီးတော့ လွှဲပေးလိုက်ပြီ”ဟု စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထိုသို့ လူမိုက် ကိုငမျိုးနှင့်အဖွဲ့ကို ဖမ်းဆီးရမိစဉ် ကားနှစ်စီးနှင့်အတူ ဓါးရှည် (၅)ချောင်း၊ ဓါးမြှောင် (၂)ချောင်း၊ လေးခွ(၁) လက်၊ သံကုန်းသီး (၄၂)လုံးနှင့် အခြားဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် ကြည့်မြင်တိုင်လူမိုက်ဟု လူသိများသော ကိုငမျိုးအပါအဝင် (၉)ဦးကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထံသို့ ပြန်လည်လွှဲ ပြောင်းပေးလိုက်ပြီဖြစ်ကြောင်းလည်း သိရသည်။
အင်းစိန်လူမိုက်ဟု လူသိများသော ကိုကျော်ဝင်းစိန်သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်၊ ညပိုင်းတွင် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ကျောင်းကြီးလမ်းပေါ်တွင် ဓါးများဖြင့် ခုတ်သတ်ခံခဲ့ရခြင်းဖြစ်သည်။ ထိုသို့ ကိုကျော်ဝင်းစိန် သတ်ဖြတ်ခံရပြီးနောက် ရက်ပိုင်းအကြားတွင် ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ပါဝင်ကျူးလွန်သူ (၄)ဦးသည် ကြည့်မြင်တိုင်ရဲစခန်းတွင် လာရောက်ဖမ်းဆီးခံခဲ့ကြောင်း သိရသည်။
ကိုကျော်ဝင်းစိန် သတ်ဖြတ်ခံရမှုဖြစ်စဉ်တွင် အဓိကကျူးလွန်သူမှာ ကြည့်မြင်တိုင်လူမိုက် ကိုငမျိုးနှင့်အဖွဲ့ဖြစ်ကြောင်း သတင်းအများအပြားပျံ့နှံ့ခဲ့ပြီး ကိုငမျိုးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းအတွင်း တိမ်းရှောင်နေစဉ် ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။

zawgyi version
အင္းစိန္လူမိုက္ ကိုေက်ာ္ဝင္းစိန္ သတ္ျဖတ္ခံရမႈတြင္ အဓိကက်ဴးလြန္သူဟု စြပ္စြဲခံေနရေသာ လူမိုက္ ကိုငမ်ိဳးႏွင့္အဖြဲ႕ကို စစ္ကိုင္းၿမိဳ႕တြင္ ဖမ္းမိ
ျမဴနစ္ (NP News) - မတ္ ၇
အင္းစိန္လူမိုက္ ကိုေက်ာ္ဝင္းစိန္ သတ္ျဖတ္ခံရမႈတြင္ အဓိကက်ဴးလြန္သူဟု စြပ္စြဲခံေနရသည့္ ၾကည့္ျမင္တိုင္လူမိုက္ ကိုငမ်ိဳးႏွင့္အဖြဲ႕ကို စစ္ကိုင္းၿမိဳ႕တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။
လူမိုက္ ကိုရဲမ်ိဳးသိန္း(ခ)ငမ်ိဳးႏွင့္အဖြဲ႕ကို ယမန္ေန႔(မတ္လ ၆ ရက္) ေန႔လည္ပိုင္းတြင္ စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕၊ တေကာင္း ရပ္ကြက္၊ သစၥာေစတီဘုရားအနီး၊ ပုဗၸာ႐ုံေက်ာင္းအတြင္း၌ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕ထံမွ သိရသည္။
လူမိုက္ ကိုငမ်ိဳးႏွင့္အတူ ေအာင္ေက်ာ္ၾကား(ခ)ေက်ာ္ႀကီး၊ ဟိန္းထက္ေအာင္(ခ)ေခါင္းႀကီး၊ ေအာင္ျမတ္မင္း(ခ)ေအာင္ႀကီး၊ ဥကၠာ၊ ေအာင္တင္ျမင့္ေထြး(ခ)ေအာင္ေလး၊ ေက်ာ္ဆန္းလင္း(ခ) သံမဏိ၊ မ်ိဳးမင္းႏိုင္(ခ)အရွည္ႀကီးႏွင့္ ေဇာ္မင္းဦး(ခ)တြတ္ပီတို႔ (၉)ဦးကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။
“သူတို႔ဘက္က ျပန္လည္ခုခံၿပီးေတာ့ ထြက္ေျပးတိမ္းေရွာင္ဖို႔ ႀကိဳးစားတဲ့အတြက္ လက္နက္ငယ္အခ်ိဳ႕ပစ္ေဖာက္ၿပီးေတာ့ ေျခာက္လွန႔္ ဖမ္းဆီးခဲ့ရတယ္။ အခုေတာ့ သူတို႔ကို ရန္ကုန္ကို ဆက္ၿပီးေတာ့ လႊဲေပးလိုက္ၿပီ”ဟု စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ထိုသို႔ လူမိုက္ ကိုငမ်ိဳးႏွင့္အဖြဲ႕ကို ဖမ္းဆီးရမိစဥ္ ကားႏွစ္စီးႏွင့္အတူ ဓါးရွည္ (၅)ေခ်ာင္း၊ ဓါးေျမႇာင္ (၂)ေခ်ာင္း၊ ေလးခြ(၁) လက္၊ သံကုန္းသီး (၄၂)လုံးႏွင့္ အျခားဆက္စပ္ပစၥည္းမ်ားကိုလည္း သိမ္းဆည္းရရွိခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။
လက္ရွိတြင္ ၾကည့္ျမင္တိုင္လူမိုက္ဟု လူသိမ်ားေသာ ကိုငမ်ိဳးအပါအဝင္ (၉)ဦးကို ရန္ကုန္တိုင္းရဲတပ္ဖြဲ႕ထံသို႔ ျပန္လည္လႊဲ ေျပာင္းေပးလိုက္ၿပီျဖစ္ေၾကာင္းလည္း သိရသည္။
အင္းစိန္လူမိုက္ဟု လူသိမ်ားေသာ ကိုေက်ာ္ဝင္းစိန္သည္ ၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာလ ၈ ရက္၊ ညပိုင္းတြင္ ရန္ကုန္တိုင္း၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ရွိ ေက်ာင္းႀကီးလမ္းေပၚတြင္ ဓါးမ်ားျဖင့္ ခုတ္သတ္ခံခဲ့ရျခင္းျဖစ္သည္။ ထိုသို႔ ကိုေက်ာ္ဝင္းစိန္ သတ္ျဖတ္ခံရၿပီးေနာက္ ရက္ပိုင္းအၾကားတြင္ ၎ျဖစ္စဥ္ႏွင့္ပတ္သက္၍ ပါဝင္က်ဴးလြန္သူ (၄)ဦးသည္ ၾကည့္ျမင္တိုင္ရဲစခန္းတြင္ လာေရာက္ဖမ္းဆီးခံခဲ့ေၾကာင္း သိရသည္။
ကိုေက်ာ္ဝင္းစိန္ သတ္ျဖတ္ခံရမႈျဖစ္စဥ္တြင္ အဓိကက်ဴးလြန္သူမွာ ၾကည့္ျမင္တိုင္လူမိုက္ ကိုငမ်ိဳးႏွင့္အဖြဲ႕ျဖစ္ေၾကာင္း သတင္းအမ်ားအျပားပ်ံ႕ႏွံ႔ခဲ့ၿပီး ကိုငမ်ိဳးႏွင့္အဖြဲ႕သည္ စစ္ကိုင္းတိုင္းအတြင္း တိမ္းေရွာင္ေနစဥ္ ယခုကဲ့သို႔ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ သည္။