လစ်လပ်လျက်ရှိသော နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌဆရာတော်နေရာကို မနက်ဖြန် ရွေးချယ်မည် ဟုဆို

 8726

ပုံစာ - မေလ ၅ ရက် က ပြုလုပ်ခဲ့သော အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီသော ဠသမအစည်းအဝေး ပထမနေ့ မြင်ကွင်း

သုတကျော် (NP News) - မတ် ၈

လစ်လပ်လျက်ရှိသော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့နှင့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့တို့၏ ပဥ္စမမြောက်ဥက္ကဋ္ဌနေရာကို မနက်ဖြန် (မတ်လ ၉ ရက်) တွင် ရွေးချယ်မည်ဖြစ်ကြောင်း ထွက်ပေါ်နေသော သတင်းများ အရ သိရသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) သည် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် အဆင့် အမြင့်ဆုံး သံဃအဖွဲ့အစည်းဖြစ်ကာ ဥက္ကဋ္ဌဆရာတော်ကြီးဖြစ်သည့် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူပြီးနောက် အဆိုပါရာထူးနေရာ လစ်လပ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အစည်းအဝေးက ကမ္ဘာအေးမှာပဲ လုပ်မှာပါ။ အများဆုံးကတော့ လက်ရှိ အကျိုးတော်ဆောင်ပဲဖြစ်ဖို့ များမယ် ထင်တယ်။ ကျုပ်တို့ထင်တာလည်း အဲဒီလိုပဲ ထင်တာပဲပေါ့။ သန်လျင်ဆရာတော်ကြီးလေ။ သန်လျင်ဆရာတော် ကြီးဖြစ်ဖို့ များမယ်ထင်တယ်။ ဒါက ခန့်မှန်းတာပါ။ ရွေးပြီးတော့မှ သိရမှာပေါ့” ဟု ရန်ကုန်မြို့ရှိ ကျောင်းထိုင် ဆရာတော်တစ်ပါးက The Statesman ဂျာနယ်သို့ မိန့်ကြားသည်။
ဥက္ကဋ္ဌဆရာတော်ကို အစည်းအဝေးတွင် သံဃ ဆန္ဒဖြင့် ရွေးချယ်မည်ဖြစ်ကာ ဥက္ကဋ္ဌမှ သင့်တော်မည့် သံဃာတော် ကို အကျိုးဆောင်အဖြစ် ပြန်လည်ရွေးချယ်ပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။

“အဓိက က ဥက္ကဋ္ဌ ဆရာတော်ကို ဗဟိုဝန်ဆောင် ဆရာတော်တွေကော သံဃမဟာနာယက ဆရာတော်တွေကော အကုန်လုံးက မဲပေးရွေးချယ်တာ။ ဥက္ကဌ ဆရာတော်ကမှ ဘယ်သူတော့ အကျိုးတော်ဆောင်ဖြစ်သင့်တယ်ဆိုတာ ရွေးမှာ။ နိုင်ငံတော်သံဃမဟာနယက အဖွဲ့ ၄၇ ပါး မှာ ဥက္ကဋ္ဌ ရယ် အကျိုးဆောင်ရယ် နှစ်ပါး ပြီးတော့ လေးဆယ့်ငါးပါး ကျန်တာကို ဆယ့်ငါးပါး တစ်ဖွဲ့စီ သုံးဖွဲ့ ဖွဲ့ပြီး ဒုတိယ ဥက္ကဋ္ဌ နှစ်ပါးစီ၊ နောက် တွဲဖက် အကျိုးတော် ဆောင် နှစ်ပါးစီ ဖွဲ့တာ။ တစ်ဖွဲ့ကို လေးလ ကမ္ဘာအေးကို လာရုံးထိုင်ရတာ” ဟု အထက်ပါဆရာတော်က မိန့်ကြား သည်။

ဗန်မော်ဆရာတော်ဘုရားကြီးသည် ယခင်ကပင် အနားယူရန်အတွက် ပြုလုပ်ခဲ့သော်လည်း လျှောက်ထား တောင်းပန်မှုများကြောင်း ပျံလွန်တော်မူသည်အထိ ဥက္ကဋ္ဌ ရာထူးကို ထမ်းဆောင်တော်မူခဲ့ခြင်းဖြစ်သည်။

“အခမ်းအနားနဲ့ လက်ခံတာမျိုးတော့ မဟုတ်ဘူး။ အစည်းအဝေးမှာ ရွေးပြီးပြီဆိုရင် တခါတည်းဖြစ်သွားတာပဲ။ ဥက္ကဋ္ဌ ဆရာတော်က နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့မှာလည်း ဥက္ကဋ္ဌပဲ။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ မှာလည်း ဥက္ကဋ္ဌပဲ။ ဗန်းမော်ဆရာတော်ကြီးတုန်းကလည်း ဒီအတိုင်းပါပဲ” ဟု ဆရာတော်က မိန့်ကြားသည်။

လစ္လပ္လ်က္ရွိေသာ ႏိုင္ငံေတာ္သံဃမဟာနာယက ဥကၠ႒ဆရာေတာ္ေနရာကို မနက္ျဖန္ ေ႐ြးခ်ယ္မည္ ဟုဆို

ပုံစာ - ေမလ ၅ ရက္ က ျပဳလုပ္ခဲ့ေသာ အ႒မအႀကိမ္ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ၄၇ ပါးစုံညီေသာ ဠသမအစည္းအေဝး ပထမေန႔ ျမင္ကြင္း

သုတေက်ာ္ (NP News) - မတ္ ၈

လစ္လပ္လ်က္ရွိေသာ ႏိုင္ငံေတာ္ဗဟိုသံဃာ့ဝန္ေဆာင္အဖြဲ႕ႏွင့္ ႏိုင္ငံေတာ္သံဃမဟာနာယက အဖြဲ႕တို႔၏ ပၪၥမေျမာက္ဥကၠ႒ေနရာကို မနက္ျဖန္ (မတ္လ ၉ ရက္) တြင္ ေ႐ြးခ်ယ္မည္ျဖစ္ေၾကာင္း ထြက္ေပၚေနေသာ သတင္းမ်ား အရ သိရသည္။

ႏိုင္ငံေတာ္ သံဃမဟာနာယကအဖြဲ႕ (မဟန) သည္ သာသနာေတာ္ သန႔္ရွင္းတည္တံ့ျပန႔္ပြားေရးအတြက္ အဆင့္ အျမင့္ဆုံး သံဃအဖြဲ႕အစည္းျဖစ္ကာ ဥကၠ႒ဆရာေတာ္ႀကီးျဖစ္သည့္ ေဒါက္တာဘဒၵႏၲကုမာရာဘိဝံသ ဘဝနတ္ထံ ပ်ံလြန္ေတာ္မူၿပီးေနာက္ အဆိုပါရာထူးေနရာ လစ္လပ္ေနခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အစည္းအေဝးက ကမာၻေအးမွာပဲ လုပ္မွာပါ။ အမ်ားဆုံးကေတာ့ လက္ရွိ အက်ိဳးေတာ္ေဆာင္ပဲျဖစ္ဖို႔ မ်ားမယ္ ထင္တယ္။ က်ဳပ္တို႔ထင္တာလည္း အဲဒီလိုပဲ ထင္တာပဲေပါ့။ သန္လ်င္ဆရာေတာ္ႀကီးေလ။ သန္လ်င္ဆရာေတာ္ ႀကီးျဖစ္ဖို႔ မ်ားမယ္ထင္တယ္။ ဒါက ခန႔္မွန္းတာပါ။ ေ႐ြးၿပီးေတာ့မွ သိရမွာေပါ့” ဟု ရန္ကုန္ၿမိဳ႕ရွိ ေက်ာင္းထိုင္ ဆရာေတာ္တစ္ပါးက The Statesman ဂ်ာနယ္သို႔ မိန႔္ၾကားသည္။
ဥကၠ႒ဆရာေတာ္ကို အစည္းအေဝးတြင္ သံဃ ဆႏၵျဖင့္ ေ႐ြးခ်ယ္မည္ျဖစ္ကာ ဥကၠ႒မွ သင့္ေတာ္မည့္ သံဃာေတာ္ ကို အက်ိဳးေဆာင္အျဖစ္ ျပန္လည္ေ႐ြးခ်ယ္ေပးျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

“အဓိက က ဥကၠ႒ ဆရာေတာ္ကို ဗဟိုဝန္ေဆာင္ ဆရာေတာ္ေတြေကာ သံဃမဟာနာယက ဆရာေတာ္ေတြေကာ အကုန္လုံးက မဲေပးေ႐ြးခ်ယ္တာ။ ဥကၠဌ ဆရာေတာ္ကမွ ဘယ္သူေတာ့ အက်ိဳးေတာ္ေဆာင္ျဖစ္သင့္တယ္ဆိုတာ ေ႐ြးမွာ။ ႏိုင္ငံေတာ္သံဃမဟာနယက အဖြဲ႕ ၄၇ ပါး မွာ ဥကၠ႒ ရယ္ အက်ိဳးေဆာင္ရယ္ ႏွစ္ပါး ၿပီးေတာ့ ေလးဆယ့္ငါးပါး က်န္တာကို ဆယ့္ငါးပါး တစ္ဖြဲ႕စီ သုံးဖြဲ႕ ဖြဲ႕ၿပီး ဒုတိယ ဥကၠ႒ ႏွစ္ပါးစီ၊ ေနာက္ တြဲဖက္ အက်ိဳးေတာ္ ေဆာင္ ႏွစ္ပါးစီ ဖြဲ႕တာ။ တစ္ဖြဲ႕ကို ေလးလ ကမာၻေအးကို လာ႐ုံးထိုင္ရတာ” ဟု အထက္ပါဆရာေတာ္က မိန႔္ၾကား သည္။

ဗန္ေမာ္ဆရာေတာ္ဘုရားႀကီးသည္ ယခင္ကပင္ အနားယူရန္အတြက္ ျပဳလုပ္ခဲ့ေသာ္လည္း ေလွ်ာက္ထား ေတာင္းပန္မႈမ်ားေၾကာင္း ပ်ံလြန္ေတာ္မူသည္အထိ ဥကၠ႒ ရာထူးကို ထမ္းေဆာင္ေတာ္မူခဲ့ျခင္းျဖစ္သည္။

“အခမ္းအနားနဲ႔ လက္ခံတာမ်ိဳးေတာ့ မဟုတ္ဘူး။ အစည္းအေဝးမွာ ေ႐ြးၿပီးၿပီဆိုရင္ တခါတည္းျဖစ္သြားတာပဲ။ ဥကၠ႒ ဆရာေတာ္က ႏိုင္ငံေတာ္ဗဟိုသံဃာ့ဝန္ေဆာင္အဖြဲ႕မွာလည္း ဥကၠ႒ပဲ။ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ မွာလည္း ဥကၠ႒ပဲ။ ဗန္းေမာ္ဆရာေတာ္ႀကီးတုန္းကလည္း ဒီအတိုင္းပါပဲ” ဟု ဆရာေတာ္က မိန႔္ၾကားသည္။

Related news

© 2021. All rights reserved.