ထူးခန့်ကျော်အား ဆေးကုသခွင့်တားမြစ်ကြောင်း ထုတ်ပြန်စာမှာ ဆေးကောင်စီကထုတ်ပြန်သောစာမဟုတ်ဟု ကျန်းမာရေးဝန်ကြီးဌာန ရှင်းလင်း

41639
Pearl (NP News) – မတ် ၉
ထူးခန့်ကျော်အား ဆေးကုသခွင့်တားမြစ်ကြောင်း ထုတ်ပြန်စာမှာ မြန်မာ နိုင်ငံဆေးကောင်စီကထုတ်ပြန်သောစာမဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ရှင်းလင်းထားသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှ တဆင့် ယနေ့ (မတ်လ ၉ရက်)တွင် မီဒီယာများကို အသိပေးရှင်းလင်းထားခြင်းဖြစ်သည်။
သရုပ်ဆောင် ထူးခန့်ကျော် ဆေးကုသပေးနေခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆေးကောင်စီက သတိပေးတားမြစ်ခြင်းဆိုသော စာသည် ယနေ့ (မတ်လ ၉ရက်)၊ နံနက်ပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာများ၌ ပျံနှံ့လာခဲ့သည်ကိုတွေ့ရသည်။
မြန်မာနိုင်ငံဆေးကောင်စီကထုတ်ပေးသော ဆရာဝန်မှတ်ပုံတင်လက်မှတ် (သို့မဟုတ်) ဆေးကုသခွင့် လိုင်စင် တစ်မျိုးမျိုး ကိုင်ဆောင်ထားခြင်းမရှိဘဲ ထူးခန့်ကျော်သည် အများပြည်သူတို့အား ဆေးကုသခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု အဆိုပါ သတိပေးတားမြစ်စာတွင် ရေးသားဖော်ပြထားသည်။
ထူးခန့်ကျော်အနေဖြင့် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ မြန်မာနိုင်ငံဆေးကောင်စီ အမှတ်(၁၂၃) သို့ လာမည့် မတ်လ (၁၅) ရက်ထက် နောက်မကျစေဘဲ လူကိုယ်တိုင်လာရောက်တွေ့ဆုံရန် ရေးသားဖော်ပြထားသည့်အပြင် ဆေးကုသခြင်းအား ဆက်လက်ဆောင်ရွက်မည်ဆိုပါက မြန်မာနိုင်ငံဆေးကောင်စီဥပဒေပုဒ်မ ၅၄ နှင့် ၅၈ တို့အပြင် တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးတားမြစ်သည်ဟုဆိုကာ ရေးသားထားသည်ကိုတွေ့ရသည်။
ခွင့်ပြုချက်မရှိဘဲ ဆေးကုသခြင်းအား သတိပေးတားမြစ်ခြင်းဟူသော ခေါင်းစဉ်ပါ အထက်ပါစာသည် မြန်မာနိုင်ငံဆေးကောင်စီက ထုတ်ပြန်ထားခြင်း မဟုတ်ကြောင်း သိရှိရသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဖြေရှင်းထားသည်။
လက်ရှိတွင် သရုပ်ဆောင် ထူးခန့်ကျော်အနေဖြင့် နေ့စဉ် လူဦးရေ (၁၀၀၀) နီးပါးခန့်ကို ဆေးကုသပေးလျက်ရှိပြီး ၎င်းနှင့်ဆေးကုသမှုခံယူရန်အတွက် ညအိပ်စောင့်ဆိုင်းသည့်လူနာအများအပြားလည်းရှိနေသည်။ ထို့ပြင် ထူးခန့်ကျော်အနေဖြင့် လေဖြတ်နေသည့် လူနာများ၊ နားမကြားသည့်လူနာများ၊ ကင်ဆာရောဂါဝေဒနာသည်များအပါအဝင် အခြားသော ရောဂါသည်များကိုလည်း ကုသပေးလျက်ရှိသည်ကို တွေ့ရသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်းက နိုင်ငံကျော် အဆိုတော် စိုင်းဆိုင်မော့ဝ်သည်လည်း ထူးခန့်ကျော်ထံ သွားရောက်ဆေးကုသမှုခံယူခဲ့သည်ကို တွေ့ရှိရသည်။

zawgyi version
ထူးခန႔္ေက်ာ္အား ေဆးကုသခြင့္တားျမစ္ေၾကာင္း ထုတ္ျပန္စာမွာ ေဆးေကာင္စီကထုတ္ျပန္ေသာစာမဟုတ္ဟု က်န္းမာေရးဝန္ႀကီးဌာန ရွင္းလင္း
Pearl (NP News) – မတ္ ၉
ထူးခန႔္ေက်ာ္အား ေဆးကုသခြင့္တားျမစ္ေၾကာင္း ထုတ္ျပန္စာမွာ ျမန္မာ ႏိုင္ငံေဆးေကာင္စီကထုတ္ျပန္ေသာစာမဟုတ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန ရွင္းလင္းထားသည္။
က်န္းမာေရးဝန္ႀကီးဌာနသည္ နစကသတင္းထုတ္ျပန္ေရးအဖြဲ႕မွ တဆင့္ ယေန႔ (မတ္လ ၉ရက္)တြင္ မီဒီယာမ်ားကို အသိေပးရွင္းလင္းထားျခင္းျဖစ္သည္။
သ႐ုပ္ေဆာင္ ထူးခန႔္ေက်ာ္ ေဆးကုသေပးေနျခင္းႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံေဆးေကာင္စီက သတိေပးတားျမစ္ျခင္းဆိုေသာ စာသည္ ယေန႔ (မတ္လ ၉ရက္)၊ နံနက္ပိုင္းတြင္ လူမႈကြန္ရက္စာမ်က္ႏွာမ်ား၌ ပ်ံႏွံ႔လာခဲ့သည္ကိုေတြ႕ရသည္။
ျမန္မာႏိုင္ငံေဆးေကာင္စီကထုတ္ေပးေသာ ဆရာဝန္မွတ္ပုံတင္လက္မွတ္ (သို႔မဟုတ္) ေဆးကုသခြင့္ လိုင္စင္ တစ္မ်ိဳးမ်ိဳး ကိုင္ေဆာင္ထားျခင္းမရွိဘဲ ထူးခန႔္ေက်ာ္သည္ အမ်ားျပည္သူတို႔အား ေဆးကုသျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိသည္ဟု အဆိုပါ သတိေပးတားျမစ္စာတြင္ ေရးသားေဖာ္ျပထားသည္။
ထူးခန႔္ေက်ာ္အေနျဖင့္ ရန္ကုန္တိုင္း၊ ဗဟန္းၿမိဳ႕နယ္၊ နတ္ေမာက္လမ္းရွိ ျမန္မာႏိုင္ငံေဆးေကာင္စီ အမွတ္(၁၂၃) သို႔ လာမည့္ မတ္လ (၁၅) ရက္ထက္ ေနာက္မက်ေစဘဲ လူကိုယ္တိုင္လာေရာက္ေတြ႕ဆုံရန္ ေရးသားေဖာ္ျပထားသည့္အျပင္ ေဆးကုသျခင္းအား ဆက္လက္ေဆာင္႐ြက္မည္ဆိုပါက ျမန္မာႏိုင္ငံေဆးေကာင္စီဥပေဒပုဒ္မ ၅၄ ႏွင့္ ၅၈ တို႔အျပင္ တည္ဆဲဥပေဒမ်ားအရ အေရးယူခံရမည္ျဖစ္ေၾကာင္း သတိေပးတားျမစ္သည္ဟုဆိုကာ ေရးသားထားသည္ကိုေတြ႕ရသည္။
ခြင့္ျပဳခ်က္မရွိဘဲ ေဆးကုသျခင္းအား သတိေပးတားျမစ္ျခင္းဟူေသာ ေခါင္းစဥ္ပါ အထက္ပါစာသည္ ျမန္မာႏိုင္ငံေဆးေကာင္စီက ထုတ္ျပန္ထားျခင္း မဟုတ္ေၾကာင္း သိရွိရသည္ဟု က်န္းမာေရးဝန္ႀကီးဌာနက ေျဖရွင္းထားသည္။
လက္ရွိတြင္ သ႐ုပ္ေဆာင္ ထူးခန႔္ေက်ာ္အေနျဖင့္ ေန႔စဥ္ လူဦးေရ (၁၀၀၀) နီးပါးခန႔္ကို ေဆးကုသေပးလ်က္ရွိၿပီး ၎ႏွင့္ေဆးကုသမႈခံယူရန္အတြက္ ညအိပ္ေစာင့္ဆိုင္းသည့္လူနာအမ်ားအျပားလည္းရွိေနသည္။ ထို႔ျပင္ ထူးခန႔္ေက်ာ္အေနျဖင့္ ေလျဖတ္ေနသည့္ လူနာမ်ား၊ နားမၾကားသည့္လူနာမ်ား၊ ကင္ဆာေရာဂါေဝဒနာသည္မ်ားအပါအဝင္ အျခားေသာ ေရာဂါသည္မ်ားကိုလည္း ကုသေပးလ်က္ရွိသည္ကို ေတြ႕ရသည္။
ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္းက ႏိုင္ငံေက်ာ္ အဆိုေတာ္ စိုင္းဆိုင္ေမာ့ဝ္သည္လည္း ထူးခန႔္ေက်ာ္ထံ သြားေရာက္ေဆးကုသမႈခံယူခဲ့သည္ကို ေတြ႕ရွိရသည္။