လစ်လပ်နေသည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဆရာတော်အဖြစ် သန်လျင်မင်းကျောင်းဆရာတော်ကြီးအား ရွေးချယ်တင်မြှောက်

 9879

ယွန်း (NP News) - မတ် ၁၀

လစ်လပ်နေသည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဆရာတော်အဖြစ် သန်လျင်မင်းကျောင်းဆရာတော် ကြီးအား ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေတွင် မတ်လ(၉)ရက်က ကျင်းပခဲ့သည့် အဋ္ဌမ အကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌမအစည်းအဝေး ဒုတိယနေ့တွင် အထက်ပါကဲ့သို့ ရွေးချယ် တင်မြှောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေး၌ လစ်လပ်လျက်ရှိသော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဥက္ကဋ္ဌ နေရာအတွက် ပရိယတ္တိ ဝိသာရဒဂုဏ်၊ ပိဋကတ္ထယဆေကဂုဏ်၊ ပိယဂုဏ်၊ ဂရုဂုဏ်၊ ဘာဝနီယဂုဏ်၊ ဗျတ္တပဋိဗလဂုဏ်တို့နှင့် ပြည့်စုံတော် မူသော သက်တော်(၇၇)နှစ်၊ သိက္ခာတော် (၅၇) ဝါရှိသည့် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအား နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌဆရာတော်အဖြစ် တင်မြှောက် ပေးတော်မူရန် အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။

သန်လျင်မြို့မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၏ လက်ရှိ အကျိုးတော်ဆောင်ဥက္ကဋ္ဌသည် ဗန်းမော်ဆရာတော်ကြီးနှင့်တွဲဖက်၍ အကျိုးတော်ဆောင်ဆရာတော်အဖြစ် ရှစ်နှစ် တိုင်တိုင် သံဃာ့အဖွဲ့အစည်းကြီးကို ဦးဆောင်ဦးရွက်ပြုခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ သံဃာထုတစ်ရပ်လုံးသာမက ထေရဝါဒနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံများကပါ အလေး ဂရုပြုလေးစားကြည်ညိုမှု ခံယူရရှိတော်မူသော ဆရာတော်ကြီးတစ်ပါးလည်း ဖြစ်သည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌအဖြစ်ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် သန်လျင်မင်းကျောင်း ပထမပြန်စာ သင်တိုက်၊ ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) သည် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် အဆင့် အမြင့်ဆုံး သံဃအဖွဲ့အစည်းဖြစ်ကာ ဥက္ကဋ္ဌဆရာတော်ကြီးဖြစ်သည့် ဗန်းမော်ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန် တော်မူပြီးနောက် အဆိုပါရာထူးနေရာ လစ်လပ်နေခဲ့ခြင်းဖြစ်သည်။

Zawgyi Version;
လစ္လပ္ေနသည့္ ႏိုင္ငံေတာ္ဗဟိုသံဃာ့ဝန္ေဆာင္အဖြဲ႕ဥကၠ႒ ဆရာေတာ္အျဖစ္ သန္လ်င္မင္းေက်ာင္းဆရာေတာ္ႀကီးအား ေ႐ြးခ်ယ္တင္ေျမႇာက္
ယြန္း (NP News) - မတ္ ၁၀

လစ္လပ္ေနသည့္ ႏိုင္ငံေတာ္ဗဟိုသံဃာ့ဝန္ေဆာင္အဖြဲ႕ဥကၠ႒ ဆရာေတာ္အျဖစ္ သန္လ်င္မင္းေက်ာင္းဆရာေတာ္ ႀကီးအား ေ႐ြးခ်ယ္တင္ေျမႇာက္ခဲ့ေၾကာင္း သိရသည္။

ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္၊ သီရိမဂၤလာကမာၻေအးကုန္းေျမတြင္ မတ္လ(၉)ရက္က က်င္းပခဲ့သည့္ အ႒မ အႀကိမ္ ႏိုင္ငံေတာ္ဗဟိုသံဃာ့ဝန္ေဆာင္အဖြဲ႕ ဆ႒မအစည္းအေဝး ဒုတိယေန႔တြင္ အထက္ပါကဲ့သို႔ ေ႐ြးခ်ယ္ တင္ေျမႇာက္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ အစည္းအေဝး၌ လစ္လပ္လ်က္ရွိေသာ ႏိုင္ငံေတာ္ဗဟိုသံဃာ့ဝန္ေဆာင္ဥကၠ႒ ေနရာအတြက္ ပရိယတၱိ ဝိသာရဒဂုဏ္၊ ပိဋကတၳယေဆကဂုဏ္၊ ပိယဂုဏ္၊ ဂ႐ုဂုဏ္၊ ဘာဝနီယဂုဏ္၊ ဗ်တၱပဋိဗလဂုဏ္တို႔ႏွင့္ ျပည့္စုံေတာ္ မူေသာ သက္ေတာ္(၇၇)ႏွစ္၊ သိကၡာေတာ္ (၅၇) ဝါရွိသည့္ အဂၢမဟာပ႑ိတ အဂၢမဟာသဒၶမၼေဇာတိကဓဇ ေဒါက္တာဘဒၵႏၲစႏၵိမာဘိဝံသအား ႏိုင္ငံေတာ္ ဗဟိုသံဃာ့ဝန္ေဆာင္အဖြဲ႕ ဥကၠ႒ဆရာေတာ္အျဖစ္ တင္ေျမႇာက္ ေပးေတာ္မူရန္ အဆိုတင္သြင္းခဲ့ေၾကာင္း သိရသည္။

သန္လ်င္ၿမိဳ႕မင္းေက်ာင္းပထမျပန္စာသင္တိုက္ ပဓာနနာယက ႏိုင္ငံေတာ္ဗဟိုသံဃာ့ဝန္ေဆာင္အဖြဲ႕၏ လက္ရွိ အက်ိဳးေတာ္ေဆာင္ဥကၠ႒သည္ ဗန္းေမာ္ဆရာေတာ္ႀကီးႏွင့္တြဲဖက္၍ အက်ိဳးေတာ္ေဆာင္ဆရာေတာ္အျဖစ္ ရွစ္ႏွစ္ တိုင္တိုင္ သံဃာ့အဖြဲ႕အစည္းႀကီးကို ဦးေဆာင္ဦး႐ြက္ျပဳခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံရွိ သံဃာထုတစ္ရပ္လုံးသာမက ေထရဝါဒႏိုင္ငံမ်ား အပါအဝင္ ကမာၻ႔ႏိုင္ငံမ်ားကပါ အေလး ဂ႐ုျပဳေလးစားၾကည္ညိဳမႈ ခံယူရရွိေတာ္မူေသာ ဆရာေတာ္ႀကီးတစ္ပါးလည္း ျဖစ္သည္။

ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ဥကၠ႒အျဖစ္ေ႐ြးခ်ယ္တင္ေျမႇာက္ခံခဲ့ရသည့္ သန္လ်င္မင္းေက်ာင္း ပထမျပန္စာ သင္တိုက္၊ ပဓာနနာယကဆရာေတာ္၊ အဂၢမဟာပ႑ိတ၊ အဂၢမဟာသဒၶမၼေဇာတိကဓဇ ေဒါက္တာဘဒၵႏၲစႏၵိမာ ဘိဝံသသည္ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕အက်ိဳးေတာ္ေဆာင္တာဝန္ကို ထမ္းေဆာင္ခဲ့သူျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္ သံဃမဟာနာယကအဖြဲ႕ (မဟန) သည္ သာသနာေတာ္ သန႔္ရွင္းတည္တံ့ျပန႔္ပြားေရးအတြက္ အဆင့္ အျမင့္ဆုံး သံဃအဖြဲ႕အစည္းျဖစ္ကာ ဥကၠ႒ဆရာေတာ္ႀကီးျဖစ္သည့္ ဗန္းေမာ္ဆရာေတာ္ႀကီး ဘဝနတ္ထံ ပ်ံလြန္ ေတာ္မူၿပီးေနာက္ အဆိုပါရာထူးေနရာ လစ္လပ္ေနခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.