အမရပူရမြို့နယ်တွင် ဆီဘောက်ဆာကား (၂)စီး မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့

 590

သန့်ဇင်(NP News)-မတ် ၁၁
မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် ဆီဘောက်ဆာကား (၂)စီး မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး မီးလောင်သေဆုံးသွားခဲ့ကြောင်း အမရပူရမြို့နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်မှုသည် ယမန်နေ့(မတ်လ ၁၀ရက်)၊ ညနေ ၃နာရီ ၅မိနစ်အချိန်တွင် အမရပူရမြို့နယ်၊ ကဘဲကျေးရွာအနီး၊ စစ်ကိုင်း-မြစ်ငယ်ကားလမ်းဘေးရှိ ဆီဘောက်ဆာကွင်းအတွင်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မီးလောင်တဲ့အကြောင်းအရင်းက အခုမှကွင်းဆင်းစစ်ဆေးနေတာပေါ့။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုလည်း စစ်ဆေးတုန်းပါ။ ဖြစ်စဉ်ကတော့ ဆီဘောက်ဆာ(၂)စီး ဆီလှယ်ရင်းနဲ့ အသုံးမပြုသင့်တဲ့ တရုတ်အင်ဂျင်ကို သုံးမိလို့ဖြစ်တာလို့ ကနဦးယူဆရတာပေါ့” ဟု အမရပူရမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်အတွင်း အမျိုးသားတစ်ဦး မီးလောင်သေဆုံးသွားခဲ့ပြီး ဆီဘောက်ဆာကား(၂)စီးနှင့် စက်သုံးဆီများလည်း မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

“တစ်ယောက် သေတယ်။ အမျိုးသားပါ။ မီးကလည်း Level 2နဲ့ ငြှိမ်းသတ်လိုက်ရတယ်။ အခုလိုမျိုး ဆီဘောက်ဆာတွေ မီးလောင်ပြီး စက်သုံးဆီ တွေမီးလောင်တာက ပေါ့ဆလို့ဖြစ်တာများတယ်။ လမ်းတွေမှာ ဆီသယ်ကားမှောက်တာတွေကလည်း ဘောက်ဆာမောင်းတဲ့ လူတွေက ခေါက်ရေပြည့်အောင်မြန်မြန်မောင်းလို့ဖြစ်တာဆိုတော့ အန္တရာယ်ဖြစ်တာပေါ့။ နောက်ပြီး ဆီလုပ်ငန်းရှင်တွေကလည်း ထိန်းထိန်းသိမ်းသိမ်းလေးနဲ့ လုပ်စေချင်တယ်”ဟု ၎င်းကဆက်ပြောသည်။

၎င်းမီးလောင်မှုကို အမရပူရမြို့နယ် မီးသတ်တပ်ဖွဲ့နှင့် အခြားအသင်းအဖွဲ့များက Level 2အဆင့်ဖြင့် တစ်နာရီခန့်အကြာ သွားရောက် မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၆ရက်တွင်လည်း ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ဆီဘောက်ဆာကားတစ်စီး တိမ်းမှောက်မီးလောင်ခဲ့ရာ စက်သုံးဆီဂါလံပေါင်း(၈၈၀၀)မီးလောင် ဆုံးရှုံးခဲ့ဖူးသည်။

Zawgyi Version

အမရပူရၿမိဳ႕နယ္တြင္ ဆီေဘာက္ဆာကား (၂)စီး မီးေလာင္မႈျဖစ္ပြားခဲ့ရာ အမ်ိဳးသားတစ္ဦး မီးေလာင္ေသဆုံးခဲ့

သန႔္ဇင္(NP News)-မတ္ ၁၁
မႏၲေလးတိုင္း၊ အမရပူရၿမိဳ႕နယ္တြင္ ဆီေဘာက္ဆာကား (၂)စီး မီးေလာင္မႈျဖစ္ပြားခဲ့ရာ အမ်ိဳးသားတစ္ဦး မီးေလာင္ေသဆုံးသြားခဲ့ေၾကာင္း အမရပူရၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။

မီးေလာင္မႈသည္ ယမန္ေန႔(မတ္လ ၁၀ရက္)၊ ညေန ၃နာရီ ၅မိနစ္အခ်ိန္တြင္ အမရပူရၿမိဳ႕နယ္၊ ကဘဲေက်း႐ြာအနီး၊ စစ္ကိုင္း-ျမစ္ငယ္ကားလမ္းေဘးရွိ ဆီေဘာက္ဆာကြင္းအတြင္း၌ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“မီးေလာင္တဲ့အေၾကာင္းအရင္းက အခုမွကြင္းဆင္းစစ္ေဆးေနတာေပါ့။ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးကိုလည္း စစ္ေဆးတုန္းပါ။ ျဖစ္စဥ္ကေတာ့ ဆီေဘာက္ဆာ(၂)စီး ဆီလွယ္ရင္းနဲ႔ အသုံးမျပဳသင့္တဲ့ တ႐ုတ္အင္ဂ်င္ကို သုံးမိလို႔ျဖစ္တာလို႔ ကနဦးယူဆရတာေပါ့” ဟု အမရပူရၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။

အဆိုပါ မီးေလာင္မႈျဖစ္စဥ္အတြင္း အမ်ိဳးသားတစ္ဦး မီးေလာင္ေသဆုံးသြားခဲ့ၿပီး ဆီေဘာက္ဆာကား(၂)စီးႏွင့္ စက္သုံးဆီမ်ားလည္း မီးေလာင္ဆုံးရႈံးသြားခဲ့ေၾကာင္း သိရသည္။

“တစ္ေယာက္ ေသတယ္။ အမ်ိဳးသားပါ။ မီးကလည္း Level 2နဲ႔ ျငႇိမ္းသတ္လိုက္ရတယ္။ အခုလိုမ်ိဳး ဆီေဘာက္ဆာေတြ မီးေလာင္ၿပီး စက္သုံးဆီ ေတြမီးေလာင္တာက ေပါ့ဆလို႔ျဖစ္တာမ်ားတယ္။ လမ္းေတြမွာ ဆီသယ္ကားေမွာက္တာေတြကလည္း ေဘာက္ဆာေမာင္းတဲ့ လူေတြက ေခါက္ေရျပည့္ေအာင္ျမန္ျမန္ေမာင္းလို႔ျဖစ္တာဆိုေတာ့ အႏၲရာယ္ျဖစ္တာေပါ့။ ေနာက္ၿပီး ဆီလုပ္ငန္းရွင္ေတြကလည္း ထိန္းထိန္းသိမ္းသိမ္းေလးနဲ႔ လုပ္ေစခ်င္တယ္”ဟု ၎ကဆက္ေျပာသည္။

၎မီးေလာင္မႈကို အမရပူရၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕ႏွင့္ အျခားအသင္းအဖြဲ႕မ်ားက Level 2အဆင့္ျဖင့္ တစ္နာရီခန႔္အၾကာ သြားေရာက္ မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့သည့္ မတ္လ ၆ရက္တြင္လည္း ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးကားလမ္းေဟာင္းတြင္ ဆီေဘာက္ဆာကားတစ္စီး တိမ္းေမွာက္မီးေလာင္ခဲ့ရာ စက္သုံးဆီဂါလံေပါင္း(၈၈၀၀)မီးေလာင္ ဆုံးရႈံးခဲ့ဖူးသည္။

Related news

© 2021. All rights reserved.