မကြာခင်ကျရောက်မည့် မဟာသင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်၌ မူကြိုမှစ၍ တက္ကသိုလ်အဆင့်အလိုက် ယိမ်းပြိုင်ပွဲများ ကျင်းပမည်

 20797

ယွန်း (NP News) - မတ် ၁၁
မကြာခင်ကျရောက်မည့် မဟာသင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့တော်ခန်းမ မဟာသင်္ကြန်မဏ္ဍပ်၌ မူကြိုမှစ၍ တက္ကသိုလ်အဆင့်အလိုက် ယိမ်းပြိုင်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးက ပြီးခဲ့သည့်ရက်ပိုင်းတွင် မြို့တော်ခန်းမ၌ ကျင်းပခဲ့သည့် အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

ယခု ၂၀၂၄ ခုနှစ်တွင် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ပြည်သူများပျော်ရွှင်အေးချမ်းလုံခြုံစွာ ရေကစားနိုင်ရေးနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်က ဆိုသည်။

အလားတူ ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ပွဲတော်၏ ဂုဏ်ကို ဖော်ဆောင်နိုင်ရန်အတွက် အစဉ်အလာနှင်အညီ မြို့တော်ခန်းမ၌ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ထားရှိမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် ခရိုင်အလိုက်ရေကစားမဏ္ဍပ်များ၊ ယိမ်းအကအလှဖျော်ဖြေမှုများ၊ ဆုချီးမြှင့်မှုများလည်း ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ့ရိုးရားယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားသည့် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။

ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်တွင် ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များ၏ ဂီတဖျော်ဖြေမှုများအပြင် သဘင်ပညာရှင်များ၏ မြန်မာ့ယဉ်ကျေးမှု အကဖျော်ဖြေမှုများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။

ထို့ပြင် တက္ကသိုလ်အဆင့်၊ အခြေခံပညာအဆင့်၊ မူကြိုကျောင်းအဆင့်၊ အခြားဌာနဆိုင်ရာရုံးများ၊ အလွတ်တန်းများအပါအဝင် ၁၂ ဦး၊ ၁၆ ဦး၊ ၂၀ ဦး ယိမ်းပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့တော်ဝန်ဦးဗိုလ်ဌေးက ဆိုသည်။

ပြီးခဲ့သော ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ရန်ကုန်တော်မြို့တော်ခန်းမ၌ မြို့တော်ဝန် မဏ္ဍပ်ကို တည်ဆောက်ကာ မဟာသင်္ကြန်ပွဲဆင်နွှဲခဲ့သည့်အပြင် ရန်ကုန်ပြည်သူ့ပြင်ရင်တွင်လည်း လမ်း လျှောက်သင်္ကြန် ထည့်သွင်းကျင်းပခဲ့သည်ကို တွေ့ရသည်။

Zawgyi Version

မၾကာခင္က်ေရာက္မည့္ မဟာသၾကၤန္ပြဲေတာ္တြင္ ရန္ကုန္ၿမိဳ႕ေတာ္ဝန္မ႑ပ္၌ မူႀကိဳမွစ၍ တကၠသိုလ္အဆင့္အလိုက္ ယိမ္းၿပိဳင္ပြဲမ်ား က်င္းပမည္

ယြန္း (NP News) - မတ္ ၁၁
မၾကာခင္က်ေရာက္မည့္ မဟာသၾကၤန္ပြဲေတာ္တြင္ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမ မဟာသၾကၤန္မ႑ပ္၌ မူႀကိဳမွစ၍ တကၠသိုလ္အဆင့္အလိုက္ ယိမ္းၿပိဳင္ပြဲမ်ား က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီဥကၠ႒၊ ၿမိဳ႕ေတာ္ဝန္ ဦးဗိုလ္ေဌးက ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ၿမိဳ႕ေတာ္ခန္းမ၌ က်င္းပခဲ့သည့္ အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

ယခု ၂၀၂၄ ခုႏွစ္တြင္ မဟာသၾကၤန္ေရသဘင္ပြဲေတာ္ကို ျပည္သူမ်ားေပ်ာ္႐ႊင္ေအးခ်မ္းလုံၿခဳံစြာ ေရကစားႏိုင္ေရးႏွင့္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပႏိုင္ေရး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ဝန္က ဆိုသည္။

အလားတူ ရန္ကုန္ၿမိဳ႕ေတာ္ မဟာသၾကၤန္ေရသဘင္ပြဲေတာ္၏ ဂုဏ္ကို ေဖာ္ေဆာင္ႏိုင္ရန္အတြက္ အစဥ္အလာႏွင္အညီ ၿမိဳ႕ေတာ္ခန္းမ၌ ရန္ကုန္ၿမိဳ႕ေတာ္ မဟာသၾကၤန္မ႑ပ္ထားရွိမည္ျဖစ္ေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။

ထို႔ျပင္ ခ႐ိုင္အလိုက္ေရကစားမ႑ပ္မ်ား၊ ယိမ္းအကအလွေဖ်ာ္ေျဖမႈမ်ား၊ ဆုခ်ီးျမႇင့္မႈမ်ားလည္း ျပဳလုပ္သြားမည္ျဖစ္ၿပီး ျမန္မာ့႐ိုးရားယဥ္ေက်းမႈ မဟာသၾကၤန္ပြဲေတာ္ ေအာင္ျမင္စြာ က်င္းပႏိုင္ေရးအတြက္ ဖြဲ႕စည္းထားသည့္ ဦးစီးေကာ္မတီႏွင့္ လုပ္ငန္းေကာ္မတီမ်ားအေနျဖင့္လည္း ပူးေပါင္းေဆာင္႐ြက္ရန္ တိုက္တြန္းထားသည္။

ရန္ကုန္ၿမိဳ႕ေတာ္မဟာသၾကၤန္မ႑ပ္တြင္ ႐ုပ္ရွင္ႏွင့္ ဂီတအႏုပညာရွင္မ်ား၏ ဂီတေဖ်ာ္ေျဖမႈမ်ားအျပင္ သဘင္ပညာရွင္မ်ား၏ ျမန္မာ့ယဥ္ေက်းမႈ အကေဖ်ာ္ေျဖမႈမ်ားကိုလည္း ထည့္သြင္းက်င္းပသြားမည္ျဖစ္သည္။

ထို႔ျပင္ တကၠသိုလ္အဆင့္၊ အေျခခံပညာအဆင့္၊ မူႀကိဳေက်ာင္းအဆင့္၊ အျခားဌာနဆိုင္ရာ႐ုံးမ်ား၊ အလြတ္တန္းမ်ားအပါအဝင္ ၁၂ ဦး၊ ၁၆ ဦး၊ ၂၀ ဦး ယိမ္းၿပိဳင္ပြဲမ်ားကိုလည္း က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ၿမိဳ႕ေတာ္ဝန္ဦးဗိုလ္ေဌးက ဆိုသည္။

ၿပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္ ျမန္မာ့႐ိုးရာမဟာသၾကၤန္ပြဲေတာ္တြင္ ရန္ကုန္ေတာ္ၿမိဳ႕ေတာ္ခန္းမ၌ ၿမိဳ႕ေတာ္ဝန္ မ႑ပ္ကို တည္ေဆာက္ကာ မဟာသၾကၤန္ပြဲဆင္ႏႊဲခဲ့သည့္အျပင္ ရန္ကုန္ျပည္သူ႔ျပင္ရင္တြင္လည္း လမ္း ေလွ်ာက္သၾကၤန္ ထည့္သြင္းက်င္းပခဲ့သည္ကို ေတြ႕ရသည္။

Related news

© 2021. All rights reserved.