စူပါမာရီယိုဇာတ်ကားသစ် ၂ဝ၂၆ ခုနှစ်မှာ ထွက်လာနိုင်

 151

ရောင်နီ (NP News) - မတ် ၁၂

ဗီဒီယိုဂိမ်းကုမ္ပဏီ Nintendo နဲ့ အမေရိကန် အန်နီမေးရှင်းစတူဒီယို Illumination တို့ ပူးပေါင်းပြီး စီးပွားရေး အောင်မြင်မှုတွေ ပြန်လည်ဖန်တီးဖို့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ Super Mario Bros ဗီဒီယို ဂိမ်းဇာတ်ကောင်တွေကို အခြေခံထားတဲ့ ရုပ်ရှင်တစ်ခုထွက်ရှိလာဖို့ ပြင်ဆင်နေပါတယ်။

ဇာတ်ကားသစ်ကို Illumination တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် ခရစ်မဲလန်ဒန်ဒရီ၊ Nintendo ရဲ့ မူရင်း ဖန်တီးသူ ရှီဂီရူမီရာမိုတို တို့က ထုတ်လုပ်သွားမှာဖြစ်တယ်လို့ ကုမ္ပဏီတွေက မတ်လ ၁၀ ရက်နေ့မှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီဇာတ်ကားကို ၂၀၂၆ ခုနှစ် ဧပြီလ ၃ ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။ Nintendo ဟာ ၎င်းရဲ့နာမည်ကြီးဇာတ်ကောင်တွေကို TV ဖန်သားပြင်ပေါ်ပြန်လည်ယူဆောင်လာနိုင်ဖို့ ကြိုးစားနေ ပြီး ကုမ္ပဏီဟာ တစ်နှစ်ကို ရုပ်ရှင်တစ်ကား ဖန်တီးလိုတယ်လို့ မီရာမိုတို က ပြောခဲ့ပါတယ်။

အခုထုတ်လုပ်မယ့် ဇာတ်ကားကို ကမ္ဘာလုံးဆိုင်ရာလက်မှတ်ရောင်းချမှုမှာ အမေရိကန်ဒေါ်လာ ၁.၄ ဘီလျံ (စင်ကာပူဒေါ်လာ ၁.၈၆ ဘီလီယံ) နီးပါးရရှိခဲ့တဲ့ Super Mario Bros. Movie (2023) လိုပဲ ဝင်ငွေကောင်းဖို့ မျှော်လင့်ထားပါတယ်။ အဆိုပါဇာတ်ကားမှာ မက်သော်ဖိုဂဲလ်က ဇာတ်ညွှန်းရေးမှာဖြစ်ပြီး အာရန်ဟော်ဗက်နဲ့ မိုက်ကယ်ဂျယ်လ်နစ်တို့က ဒါရိုက်တာလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
စူပါမာရီယိုဇာတ္ကားသစ္ ၂ဝ၂၆ ခုႏွစ္မွာ ထြက္လာႏိုင္
ေရာင္နီ (NP News) - မတ္ ၁၂

ဗီဒီယိုဂိမ္းကုမၸဏီ Nintendo နဲ႔ အေမရိကန္ အန္နီေမးရွင္းစတူဒီယို Illumination တို႔ ပူးေပါင္းၿပီး စီးပြားေရး ေအာင္ျမင္မႈေတြ ျပန္လည္ဖန္တီးဖို႔ ႀကိဳးပမ္းမႈတစ္စိတ္တစ္ပိုင္းအေနနဲ႔ Super Mario Bros ဗီဒီယို ဂိမ္းဇာတ္ေကာင္ေတြကို အေျခခံထားတဲ့ ႐ုပ္ရွင္တစ္ခုထြက္ရွိလာဖို႔ ျပင္ဆင္ေနပါတယ္။

ဇာတ္ကားသစ္ကို Illumination တည္ေထာင္သူနဲ႔ အမႈေဆာင္အရာရွိခ်ဳပ္ ခရစ္မဲလန္ဒန္ဒရီ၊ Nintendo ရဲ႕ မူရင္း ဖန္တီးသူ ရွီဂီ႐ူမီရာမိုတို တို႔က ထုတ္လုပ္သြားမွာျဖစ္တယ္လို႔ ကုမၸဏီေတြက မတ္လ ၁၀ ရက္ေန႔မွာ သတင္း ထုတ္ျပန္ခဲ့ပါတယ္။ ဒီဇာတ္ကားကို ၂၀၂၆ ခုႏွစ္ ဧၿပီလ ၃ ရက္ေန႔မွာ ႐ုံတင္ျပသမွာ ျဖစ္တယ္လို႔ သိရပါတယ္။ Nintendo ဟာ ၎ရဲ႕နာမည္ႀကီးဇာတ္ေကာင္ေတြကို TV ဖန္သားျပင္ေပၚျပန္လည္ယူေဆာင္လာႏိုင္ဖို႔ ႀကိဳးစားေန ၿပီး ကုမၸဏီဟာ တစ္ႏွစ္ကို ႐ုပ္ရွင္တစ္ကား ဖန္တီးလိုတယ္လို႔ မီရာမိုတို က ေျပာခဲ့ပါတယ္။

အခုထုတ္လုပ္မယ့္ ဇာတ္ကားကို ကမာၻလုံးဆိုင္ရာလက္မွတ္ေရာင္းခ်မႈမွာ အေမရိကန္ေဒၚလာ ၁.၄ ဘီလ်ံ (စင္ကာပူေဒၚလာ ၁.၈၆ ဘီလီယံ) နီးပါးရရွိခဲ့တဲ့ Super Mario Bros. Movie (2023) လိုပဲ ဝင္ေငြေကာင္းဖို႔ ေမွ်ာ္လင့္ထားပါတယ္။ အဆိုပါဇာတ္ကားမွာ မက္ေသာ္ဖိုဂဲလ္က ဇာတ္ၫႊန္းေရးမွာျဖစ္ၿပီး အာရန္ေဟာ္ဗက္နဲ႔ မိုက္ကယ္ဂ်ယ္လ္နစ္တို႔က ဒါ႐ိုက္တာလုပ္မွာျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.