အော်စကာ ဆုပေးပွဲတက်ရောက်ခဲ့တဲ့ နာမည်ကျော် ခွေးလေး မက်စီ

 648

ရောင်နီ (NP News) - မတ် ၁၃

"Justine Triet's Anatomy Of A Fall" ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကျော် ခွေးလေး မက်စီဟာ တနင်္ဂနွေနေ့ (မတ်လ ၁ဝ ရက်) က အော်စကာ ဆုပေးပွဲကို တက်ရောက်ခဲ့ပါတယ်။

Justine Triet's Anatomy Of A Fall ရဲ့အရေးပါတဲ့ဇာတ်ကောင်တစ်ခုဖြစ်တဲ့ မက်ဆီဟာ ပထမ ပွဲကို မတက်ရောက်နိုင်ဘူးလို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပေမယ့် တနင်္ဂနွေနေ့ ညကတော့ ဆုပေးပွဲမှာ ရောက်ရှိနေ တာကို ကင်မရာတွေမှတဆင့် တွေ့ရပါတယ်။ Associated Press ဓာတ်ပုံဆရာ ခရစ်ပီဇယ်လို က ပွဲမစမီ ၄၅ မိနစ် ခန့်အလိုက ဧည့်သည်တွေ Dolby ပြဇာတ်ရုံသို့ စတင်ရောက်လာချိန်မှာ မက်စီဟာလည်း ရောက်လာခဲ့သလို ၎င်းတို့ကလည်း အမိအရ ဓာတ်ပုံရိုက်ယူခဲ့ကြတယ်လို့ ဆိုပါတယ်။

မက်ဆီဟာ ယခုနှစ်အတွက် အော်စကာဆုပေးပွဲမှာ စကာတင်စရင်း မဝင်ခဲ့ပေမယ့် ပရိသတ်အချစ်တော် ဇာတ်ကောင်ဖြစ်ခဲ့ပါတယ်။ မနှစ်က Cannes ရုပ်ရှင်ပွဲတော်မှာတော့ ၎င်းဟာ Palm Dog ဆု ချီးမြှင့်ခံခဲ့ရပါတယ်လို့ သိရပါတယ်။

Zawgyi Version;
ေအာ္စကာ ဆုေပးပြဲတက္ေရာက္ခဲ့တဲ့ နာမည္ေက်ာ္ ေခြးေလး မက္စီ
ေရာင္နီ (NP News) - မတ္ ၁၃

"Justine Triet's Anatomy Of A Fall" ႐ုပ္ရွင္မွာ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ နာမည္ေက်ာ္ ေခြးေလး မက္စီဟာ တနဂၤေႏြေန႔ (မတ္လ ၁ဝ ရက္) က ေအာ္စကာ ဆုေပးပြဲကို တက္ေရာက္ခဲ့ပါတယ္။

Justine Triet's Anatomy Of A Fall ရဲ႕အေရးပါတဲ့ဇာတ္ေကာင္တစ္ခုျဖစ္တဲ့ မက္ဆီဟာ ပထမ ပြဲကို မတက္ေရာက္ႏိုင္ဘူးလို႔ ေကာလာဟလေတြ ထြက္ေပၚခဲ့ေပမယ့္ တနဂၤေႏြေန႔ ညကေတာ့ ဆုေပးပြဲမွာ ေရာက္ရွိေန တာကို ကင္မရာေတြမွတဆင့္ ေတြ႕ရပါတယ္။ Associated Press ဓာတ္ပုံဆရာ ခရစ္ပီဇယ္လို က ပြဲမစမီ ၄၅ မိနစ္ ခန႔္အလိုက ဧည့္သည္ေတြ Dolby ျပဇာတ္႐ုံသို႔ စတင္ေရာက္လာခ်ိန္မွာ မက္စီဟာလည္း ေရာက္လာခဲ့သလို ၎တို႔ကလည္း အမိအရ ဓာတ္ပုံ႐ိုက္ယူခဲ့ၾကတယ္လို႔ ဆိုပါတယ္။

မက္ဆီဟာ ယခုႏွစ္အတြက္ ေအာ္စကာဆုေပးပြဲမွာ စကာတင္စရင္း မဝင္ခဲ့ေပမယ့္ ပရိသတ္အခ်စ္ေတာ္ ဇာတ္ေကာင္ျဖစ္ခဲ့ပါတယ္။ မႏွစ္က Cannes ႐ုပ္ရွင္ပြဲေတာ္မွာေတာ့ ၎ဟာ Palm Dog ဆု ခ်ီးျမႇင့္ခံခဲ့ရပါတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.