အောင်လံမြို့နယ်တွင် သံဃာတော်တစ်ပါး နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို အင်အား(၅၀)ခန့်ရှိသော PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

 897

NP News - မတ် ၁၄

မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် သံဃာတော်တစ်ပါးနှင့် ကျေးရွာအုပ် ချုပ်ရေးမှူးတစ်ဦးကို အင်အား(၅၀)ခန့်ရှိသော PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်ဖြင့် သတ်ဖြတ်သွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(မတ်လ ၁၃ ရက်)၊ နံနက် ၃ နာရီအချိန်ခန့်တွင် အောင် လံမြို့နယ်၊ ပြလို့အခြေစိုက်၊ ဒါးစမ်းကျေးရွာ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒါးစမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် ၎င်း၏ဇနီးဖြစ်သူတို့ သည် နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ဝင် အင်အား(၅၀)ခန့်က ရောက်ရှိလာပြီး ဦးနိုင်ဝင်းအောင်နှင့်ဇနီးဖြစ်သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့နောက် ဒါးစမ်းကျေးရွာ ဘုရားကုန်းပေါ်အရောက်၌ ဦးနိုင်ဝင်းအောင်ကို သတ်ဖြတ်ခဲ့ပြီးနောက် ၎င်း၏ ဇနီးဖြစ်သူကို PDF အဖွဲ့က ဆက်လက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒါးစမ်းကျေးရွာရှိ ဇေယျမေနဒီ ကျောင်းတိုက်အတွင်း သီတင်းသုံးနေထိုင်သည့် အသက် ၅၉ နှစ်၊ ဝါတော် ၃၉ ဝါရှိ ဆရာတော် ဦးကောဏ္ဍည ကိုလည်း အဆိုပါဘုန်းကြီးကျောင်းအတွင်း၌ပင် သေနတ်ဖြင့် သတ်ဖြတ်သွားခဲ့ရာ ဆရာတော်မှာ အခင်းဖြစ်နေရာ၌ ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ နံနက် နံနက် ၄ နာရီခွဲအချိန်က ဆင်ပေါင်ဝဲမြို့နယ်၊ သာစည်ကျေးရွာအုပ်စု၊ ကိုးပင်-သားရကားလမ်းဘေးရှိ၊ ဖိုးလေးလုံးကျေးရွာအဝင်တွင် အမျိုးသားတစ်ဦးကို PDF အဖွဲ့က သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။ အဆိုပါကျေးရွာတွင်နေထိုင်သည့် ဦးဝင်းဆောင်(၅၆)နှစ်သည် ၎င်း ၏နေအိမ်ဈေးဆိုင်၌ရှိနေစဉ် PDF အဖွဲ့ဝင်(၄)ဦးက ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာပြီး သတ်ဖြတ်သွားခဲ့ရာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

နစကအစိုးရ အာဏာရယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစတင်ကာ ယနေ့(မတ်လ ၁၄ ရက်)အထိ နိုင်ငံတစ်ဝန်း သံဃာတော်(၁၀၀)နီးပါး အကြမ်းဖက်သတ်ဖြတ်ခံထားရသည်။

zawgyi version
ေအာင္လံၿမိဳ႕နယ္တြင္ သံဃာေတာ္တစ္ပါး ႏွင့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတစ္ဦးကို အင္အား(၅၀)ခန႔္ရွိေသာ PDF အဖြဲ႕က ဖမ္းဆီးေခၚေဆာင္ကာ ေသ နတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္

NP News - မတ္ ၁၄

မေကြးတိုင္း၊ ေအာင္လံၿမိဳ႕နယ္တြင္ သံဃာေတာ္တစ္ပါးႏွင့္ ေက်း႐ြာအုပ္ ခ်ဳပ္ေရးမႉးတစ္ဦးကို အင္အား(၅၀)ခန႔္ရွိေသာ PDF အဖြဲ႕က ဖမ္းဆီးေခၚေဆာင္ကာ ေသနတ္ျဖင့္ သတ္ျဖတ္သြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(မတ္လ ၁၃ ရက္)၊ နံနက္ ၃ နာရီအခ်ိန္ခန႔္တြင္ ေအာင္ လံၿမိဳ႕နယ္၊ ျပလို႔အေျခစိုက္၊ ဒါးစမ္းေက်း႐ြာ၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဒါးစမ္းေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးႏိုင္ဝင္းေအာင္ႏွင့္ ၎၏ဇနီးျဖစ္သူတို႔ သည္ ေနအိမ္၌ ရွိေနစဥ္ PDF အဖြဲ႕ဝင္ အင္အား(၅၀)ခန႔္က ေရာက္ရွိလာၿပီး ဦးႏိုင္ဝင္းေအာင္ႏွင့္ဇနီးျဖစ္သူတို႔ကို ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ဒါးစမ္းေက်း႐ြာ ဘုရားကုန္းေပၚအေရာက္၌ ဦးႏိုင္ဝင္းေအာင္ကို သတ္ျဖတ္ခဲ့ၿပီးေနာက္ ၎၏ ဇနီးျဖစ္သူကို PDF အဖြဲ႕က ဆက္လက္ဖမ္းဆီး ေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ဒါးစမ္းေက်း႐ြာရွိ ေဇယ်ေမနဒီ ေက်ာင္းတိုက္အတြင္း သီတင္းသုံးေနထိုင္သည့္ အသက္ ၅၉ ႏွစ္၊ ဝါေတာ္ ၃၉ ဝါရွိ ဆရာေတာ္ ဦးေကာ႑ည ကိုလည္း အဆိုပါဘုန္းႀကီးေက်ာင္းအတြင္း၌ပင္ ေသနတ္ျဖင့္ သတ္ျဖတ္သြားခဲ့ရာ ဆရာေတာ္မွာ အခင္းျဖစ္ေနရာ၌ ပ်ံလြန္ေတာ္မူသြားခဲ့ေၾကာင္း သိရသည္။

အလားတူ ယင္းေန႔ နံနက္ နံနက္ ၄ နာရီခြဲအခ်ိန္က ဆင္ေပါင္ဝဲၿမိဳ႕နယ္၊ သာစည္ေက်း႐ြာအုပ္စု၊ ကိုးပင္-သားရကားလမ္းေဘးရွိ၊ ဖိုးေလးလုံးေက်း႐ြာအဝင္တြင္ အမ်ိဳးသားတစ္ဦးကို PDF အဖြဲ႕က သတ္ျဖတ္သြားခဲ့ေၾကာင္း သိရသည္။ အဆိုပါေက်း႐ြာတြင္ေနထိုင္သည့္ ဦးဝင္းေဆာင္(၅၆)ႏွစ္သည္ ၎ ၏ေနအိမ္ေဈးဆိုင္၌ရွိေနစဥ္ PDF အဖြဲ႕ဝင္(၄)ဦးက ဆိုင္ကယ္(၂)စီးျဖင့္ ေရာက္ရွိလာၿပီး သတ္ျဖတ္သြားခဲ့ရာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

နစကအစိုးရ အာဏာရယူခဲ့သည့္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္မွစတင္ကာ ယေန႔(မတ္လ ၁၄ ရက္)အထိ ႏိုင္ငံတစ္ဝန္း သံဃာေတာ္(၁၀၀)နီးပါး အၾကမ္းဖက္သတ္ျဖတ္ခံထားရသည္။

Related news

© 2021. All rights reserved.