ဂျပန်နိုင်ငံ ဖူကူယာမမြို့မှာ အန္တရာယ်ရှိတဲ့ဓာတုဗေဒပစ္စည်းတွေ ထည့်ထားတဲ့ သိုလှောင်ကန်ထဲ ပြုတ်ကျထားတဲ့ ကြောင်တစ်ကောင်ကြောင့် သတိပေးချက်များ ထုတ်ပြန်ထား

 1849

ရောင်နီ (NP News) - မတ် ၁၄

ဂျပန်နိုင်ငံ၊ အနောက်ပိုင်း၊ ဖူကူယာမမြို့မှာ ကြောင်တစ်ကောင်ဟာ သတ္တုပြားစက်ရုံရှိ တားမြစ်ထားတဲ့ ဓာတုဗေဒ ဆေးဝါးတွေရှိတဲ့ သိုလှောင်ကန်ထဲ ပြုတ်ကျပြီး ထွက်ပြေးနေတာကြောင့် ၎င်းသွားရာလမ်းတစ်လျှောက် အန္တရာယ်ရှိလာနိုင်တယ်လို့ ရဲတပ်ဖွဲ့က သတိပေးချက်ထုတ်ပြန်ထားပါတယ်။

သတ္တုပြားစက်ရုံမှ ဝန်ထမ်းတစ်ဦးက အဆိုပါကြောင်ကွန်တိန်နာမှ ပြုတ်ကျပြီးနောက် ထွက်ခွာသွားတဲ့ခြေရာ တွေကို မတ် ၁၁ ရက် နံနက်ပိုင်း၊ အလုပ်ကို ရောက်ရှိလာချိန်မှာ တွေ့ခဲ့ရတယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ ကုမ္ပဏီမှ ရိုက်ကူးထားတဲ့ အစိမ်းရင့်ရောင် လုံခြုံရေးကင်မရာဗီဒီယိုဖိုင်မှာ စက်ရုံမှ ကန်ထဲပြုတ်ကျပြီး ထွက်ပြေး သွားတဲ့ ကြောင်ကို တွေ့ရှိရပါတယ်။

အဆိုပါ ဓာတုဗေဒဟာ ကင်ဆာဖြစ်စေနိုင်တဲ့ hexavalent chromium ပါ၀င်ပြီး အရေပြားရောင်ရမ်းမှုကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ ဒီအဖြစ်အပျက်အတွက် "ကျွန်မတို့ ရဲစခန်းနဲ့ ဖူကူယာမမြို့၊ စက်ရုံနားက အိမ်နီးချင်းတွေကို ချက်ချင်းသတိပေးထားပါတယ်” လို့ ကုမ္ပဏီမှ ကိုယ်စားလှယ်တစ်ဦးက ပြောကြားပါတယ်။

မြို့အာဏာပိုင်တွေကလည်း တိရစ္ဆာန်တွေကို အကာအကွယ်မပါဘဲ မထိဖို့နဲ့ အစိမ်းရောင်ဆေးရည်စွန်းထင်းနေတဲ့ ကြောင်တစ်ကောင်ကိုတွေ့ရင် ရဲတပ်ဖွဲ့ကို ချက်ချင်းအကြောင်းကြားဖို့ ဒေသခံတွေကို ပြောကြားထားပါတယ်။

Zawgyi Version;
ဂ်ပန္ႏိုင္ငံ ဖူကူယာမၿမိဳ႕မွာ အႏၲရာယ္ရွိတဲ့ဓာတုေဗဒပစၥည္းေတြ ထည့္ထားတဲ့ သိုေလွာင္ကန္ထဲ ျပဳတ္က်ထားတဲ့ ေၾကာင္တစ္ေကာင္ေၾကာင့္ သတိေပးခ်က္မ်ား ထုတ္ျပန္ထား
ေရာင္နီ (NP News) - မတ္ ၁၄

ဂ်ပန္ႏိုင္ငံ၊ အေနာက္ပိုင္း၊ ဖူကူယာမၿမိဳ႕မွာ ေၾကာင္တစ္ေကာင္ဟာ သတၱဳျပားစက္႐ုံရွိ တားျမစ္ထားတဲ့ ဓာတုေဗဒ ေဆးဝါးေတြရွိတဲ့ သိုေလွာင္ကန္ထဲ ျပဳတ္က်ၿပီး ထြက္ေျပးေနတာေၾကာင့္ ၎သြားရာလမ္းတစ္ေလွ်ာက္ အႏၲရာယ္ရွိလာႏိုင္တယ္လို႔ ရဲတပ္ဖြဲ႕က သတိေပးခ်က္ထုတ္ျပန္ထားပါတယ္။

သတၱဳျပားစက္႐ုံမွ ဝန္ထမ္းတစ္ဦးက အဆိုပါေၾကာင္ကြန္တိန္နာမွ ျပဳတ္က်ၿပီးေနာက္ ထြက္ခြာသြားတဲ့ေျခရာ ေတြကို မတ္ ၁၁ ရက္ နံနက္ပိုင္း၊ အလုပ္ကို ေရာက္ရွိလာခ်ိန္မွာ ေတြ႕ခဲ့ရတယ္လို႔ ကုမၸဏီက ေျပာၾကားခဲ့ပါတယ္။ ကုမၸဏီမွ ႐ိုက္ကူးထားတဲ့ အစိမ္းရင့္ေရာင္ လုံၿခဳံေရးကင္မရာဗီဒီယိုဖိုင္မွာ စက္႐ုံမွ ကန္ထဲျပဳတ္က်ၿပီး ထြက္ေျပး သြားတဲ့ ေၾကာင္ကို ေတြ႕ရွိရပါတယ္။

အဆိုပါ ဓာတုေဗဒဟာ ကင္ဆာျဖစ္ေစႏိုင္တဲ့ hexavalent chromium ပါ၀င္ၿပီး အေရျပားေရာင္ရမ္းမႈကိုလည္း ျဖစ္ေစႏိုင္တယ္လို႔ သိရပါတယ္။ ဒီအျဖစ္အပ်က္အတြက္ "ကြၽန္မတို႔ ရဲစခန္းနဲ႔ ဖူကူယာမၿမိဳ႕၊ စက္႐ုံနားက အိမ္နီးခ်င္းေတြကို ခ်က္ခ်င္းသတိေပးထားပါတယ္” လို႔ ကုမၸဏီမွ ကိုယ္စားလွယ္တစ္ဦးက ေျပာၾကားပါတယ္။

ၿမိဳ႕အာဏာပိုင္ေတြကလည္း တိရစာၦန္ေတြကို အကာအကြယ္မပါဘဲ မထိဖို႔နဲ႔ အစိမ္းေရာင္ေဆးရည္စြန္းထင္းေနတဲ့ ေၾကာင္တစ္ေကာင္ကိုေတြ႕ရင္ ရဲတပ္ဖြဲ႕ကို ခ်က္ခ်င္းအေၾကာင္းၾကားဖို႔ ေဒသခံေတြကို ေျပာၾကားထားပါတယ္။

Related news

© 2021. All rights reserved.