နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် အထူးအစီအစဉ်အနေဖြင့် ကိုရီးယားမှ K-POP အဆိုတော်များ လာရောက်ဖျော်ဖြေမည်ဟု နစကဆို

10883
Pearl (NP News) - မတ် ၁၆
နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် အထူးအစီအစဉ်အနေ ဖြင့် ကိုရီးယားမှ K-POP အဆိုတော်များ လာရောက် ဖျော်ဖြေမည်ဖြစ်ကြောင်း နစက၏ အချက်အလက်များအရသိရသည်။

၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကာလအတွင်း နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ (မတ်လ ၁၅ ရက်) တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။
ယခင်နှစ်ကဲ့သို့ နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းကျင်းပမည်ဖြစ်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ နေပြည်တော်တွင် နိုင်ငံတော်အဆင့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဖော်ဆောင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။
နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် အထူးအစီအစဉ်အနေ ဖြင့် Boss and Jobs Company နှင့် ကိုရီးယားကုမ္ပဏီများ ပူးပေါင်း၍ လမ်းလျှောက်သင်္ကြန် ဗဟိုမဏ္ဍပ်တွင် ကိုရီးယားနိုင်ငံမှ K-POP အဆိုရှင်များနှင့် နာမည်ကြီး အနုပညာရှင်များ ပါဝင်သီဆိုကပြဖျော်ဖြေမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
အလားတူ မြန်မာနိုင်ငံမှ ထင်ပေါ်ကျော်ကြားသည့် အနုပညာရှင်များကိုလည်း နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲနိုင်ရန် ဖိတ်ခေါ်ထားကြောင်းသိရသည်။ ထို့ပြင် နေပြည် တော်၌ တိုင်းရင်းသားသင်္ကြန်၊ စတုဒီသာသင်္ကြန်၊ ဝန်ကြီးဌာနသင်္ကြန်နှင့် လူငယ်သင်္ကြန်စသည့် ဇုန်လေးခု ထည့်သွင်းကျင်းပနိုင်ရန်အတွက် စီစဉ်နေကြောင်းလည်း သိရသည်။

zawgyi version
ေနျပည္ေတာ္လမ္းေလွ်ာက္သၾကၤန္တြင္ အထူးအစီအစဥ္အေနဖင့္ ကိုရီးယားမွ K-POP အဆိုေတာ္မ်ား လာေရာက္ေဖ်ာ္ေျဖမည္ဟု နစကဆို
Pearl (NP News) - မတ္ ၁၆
ေနျပည္ေတာ္လမ္းေလွ်ာက္သၾကၤန္တြင္ အထူးအစီအစဥ္အေန ျဖင့္ ကိုရီးယားမွ K-POP အဆိုေတာ္မ်ား လာေရာက္ ေဖ်ာ္ေျဖမည္ျဖစ္ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရသိရသည္။
၂၀၂၄ ခုႏွစ္ ျမန္မာ့႐ိုးရာ အတာသၾကၤန္ပြဲေတာ္ကာလအတြင္း ေနျပည္ေတာ္တြင္ လမ္းေလွ်ာက္သၾကၤန္ ေအာင္ျမင္စြာက်င္းပႏိုင္ေရး ညႇိႏႈိင္းအစည္းအေဝးကို ယမန္ေန႔ (မတ္လ ၁၅ ရက္) တြင္ ေနျပည္ေတာ္ရွိ ျပန္ၾကားေရးဝန္ႀကီးဌာန၌ က်င္းပခဲ့သည္။
ယခင္ႏွစ္ကဲ့သို႔ ေနျပည္ေတာ္တြင္ လမ္းေလွ်ာက္သၾကၤန္ကို ထည့္သြင္းက်င္းပမည္ျဖစ္ၿပီး ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၏ လမ္းၫႊန္မႈအရ ေနျပည္ေတာ္တြင္ ႏိုင္ငံေတာ္အဆင့္ ျမန္မာ့႐ိုးရာအတာသၾကၤန္ပြဲေတာ္ကို ေဖာ္ေဆာင္မည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ေျပာသည္။
ေနျပည္ေတာ္ လမ္းေလွ်ာက္သၾကၤန္တြင္ အထူးအစီအစဥ္အေန ျဖင့္ Boss and Jobs Company ႏွင့္ ကိုရီးယားကုမၸဏီမ်ား ပူးေပါင္း၍ လမ္းေလွ်ာက္သၾကၤန္ ဗဟိုမ႑ပ္တြင္ ကိုရီးယားႏိုင္ငံမွ K-POP အဆိုရွင္မ်ားႏွင့္ နာမည္ႀကီး အႏုပညာရွင္မ်ား ပါဝင္သီဆိုကျပေဖ်ာ္ေျဖမည္ျဖစ္ေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။
အလားတူ ျမန္မာႏိုင္ငံမွ ထင္ေပၚေက်ာ္ၾကားသည့္ အႏုပညာရွင္မ်ားကိုလည္း ေနျပည္ေတာ္ လမ္းေလွ်ာက္သၾကၤန္တြင္ ပါဝင္ဆင္ႏႊဲႏိုင္ရန္ ဖိတ္ေခၚထားေၾကာင္းသိရသည္။ ထို႔ျပင္ ေနျပည္ ေတာ္၌ တိုင္းရင္းသားသၾကၤန္၊ စတုဒီသာသၾကၤန္၊ ဝန္ႀကီးဌာနသၾကၤန္ႏွင့္ လူငယ္သၾကၤန္စသည့္ ဇုန္ေလးခု ထည့္သြင္းက်င္းပႏိုင္ရန္အတြက္ စီစဥ္ေနေၾကာင္းလည္း သိရသည္။