ဆိုမာလီပင်လယ်ဓားပြများ ပြန်ပေးဆွဲထားသည့် ကုန်တင်သင်္ဘောကို အိန္ဒိယရေတပ်ကြားဖြတ်ဟန့်တား

 1883

Pika (NP News) - မတ် ၁၆

အိန္ဒိယရေတပ်မှ စစ်သင်္ဘောတစ်စီးသည် ပြန်ပေးဆွဲခံထားရသော ကုန်တင်သင်္ဘော Ruen ကို ကြားဖြတ်ဟန့်တားခဲ့ပြီး သင်္ဘောပေါ်ရှိ ဆိုမာလီပင်လယ်ဓားပြများကို လက်နက်ချအညံ့ခံရန် တောင်းဆိုခဲ့ကြောင်း ရေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ်လ(၁၆)ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ(၁၄)ရက်တွင် Malta နိုင်ငံ အလံလွှင့်တင်ထားသော ကုန်တင်သင်္ဘော Ruen ကို ပြန်ပေးဆွဲခဲ့သည့် ဆိုမာလီပင်လယ်ဓါးပြများသည် မတ်လ(၁၅)ရက်က နိုင်ငံတကာရေပိုင်နက်တွင် အိန္ဒိယရေတပ်သင်္ဘောကို ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။သို့သော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နောက်ထပ် အသေးစိတ်အချက်အလက်များကို ၎င်းကထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်း သိရသည်။

အိန္ဒိယရေတပ် စစ်သင်္ဘောသည် ဆိုမာလီပင်လယ်ဓါးပြများကို လက်နက်ချအညံ့ခံရန်၊ သင်္ဘောနှင့် ၎င်း၏အမှုထမ်းများကို လွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်းသိရသည်။ ဆိုမာလီပင်လယ်ဓားပြများသည် ယခုသီတင်းပတ်အတွင်း ဆိုမာလီကမ်းရိုးတန်းရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလံတင် ကုန်တင်သင်္ဘောကို ထိန်းချုပ်နိုင်ရန်အတွက် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ပြန်ပေးဆွဲခဲ့သည့် Malta နိုင်ငံ အလံလွှင့်တင်ထားသော ကုန်တင်သင်္ဘော Ruen ကိုအသုံးပြုခဲ့ကြောင်း ဥရောပသမဂ္ဂရေတပ်က မတ်လ(၁၄)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ အိန္ဒိယရေ တပ်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစတင်ပြီး ကုန်တင်သင်္ဘောများကို ပြန်ပေးဆွဲမှု၊ ပြန်ပေးဆွဲရန် ကြိုးပမ်းမှု သို့မဟုတ် သံသယဖြစ်ဖွယ် ချဉ်းကပ်မှုဖြစ်စဉ် အနည်းဆုံး(၁၇)ခုကို မှတ်တမ်းတင်ခဲ့ကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူများကပြောကြားခဲ့သည်။ ပြီးခဲ့သည့်ဇန်နဝါရီလတွင် အိန္ဒိယအစိုးရသည် ပင်လယ်ဓါးပြများကို နှိမ်နှင်းရန်အတွက် ပင်လယ်နီအရှေ့ပိုင်းတွင် စစ်သင်္ဘောအနည်းဆုံး(၁)ဒါဇင်ခန့်ကို ဖြန့်ကျက်ချထားခဲ့ပြီး သင်္ဘောပေါင်း(၂၅၀)ကျော်ကို စုံစမ်းစစ်ဆေးမှုများ လုပ် ဆောင်ခဲ့ကြောင်းသိရသည်။

zawgyi version
ဆိုမာလီပင္လယ္ဓားျပမ်ား ျပန္ေပးဆြဲထားသည့္ ကုန္တင္သေဘၤာကို အိႏၵိယေရတပ္ၾကားျဖတ္ဟန႔္တား
Pika (NP News) - မတ္ ၁၆

အိႏၵိယေရတပ္မွ စစ္သေဘၤာတစ္စီးသည္ ျပန္ေပးဆြဲခံထားရေသာ ကုန္တင္သေဘၤာ Ruen ကို ၾကားျဖတ္ဟန႔္တားခဲ့ၿပီး သေဘၤာေပၚရွိ ဆိုမာလီပင္လယ္ဓားျပမ်ားကို လက္နက္ခ်အညံ့ခံရန္ ေတာင္းဆိုခဲ့ေၾကာင္း ေရတပ္ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက မတ္လ(၁၆)ရက္တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။ ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလ(၁၄)ရက္တြင္ Malta ႏိုင္ငံ အလံလႊင့္တင္ထားေသာ ကုန္တင္သေဘၤာ Ruen ကို ျပန္ေပးဆြဲခဲ့သည့္ ဆိုမာလီပင္လယ္ဓါးျပမ်ားသည္ မတ္လ(၁၅)ရက္က ႏိုင္ငံတကာေရပိုင္နက္တြင္ အိႏၵိယေရတပ္သေဘၤာကို ပစ္ခတ္မႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း အဆိုပါေျပာေရးဆိုခြင့္ရွိသူကေျပာၾကားခဲ့သည္။သို႔ေသာ္လည္း အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး ေနာက္ထပ္ အေသးစိတ္အခ်က္အလက္မ်ားကို ၎ကထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္းလည္း သိရသည္။

အိႏၵိယေရတပ္ စစ္သေဘၤာသည္ ဆိုမာလီပင္လယ္ဓါးျပမ်ားကို လက္နက္ခ်အညံ့ခံရန္၊ သေဘၤာႏွင့္ ၎၏အမႈထမ္းမ်ားကို လႊတ္ေပးရန္ ေတာင္းဆိုခဲ့ေၾကာင္းသိရသည္။ ဆိုမာလီပင္လယ္ဓားျပမ်ားသည္ ယခုသီတင္းပတ္အတြင္း ဆိုမာလီကမ္း႐ိုးတန္းရွိ ဘဂၤလားေဒ့ရွ္ႏိုင္ငံ အလံတင္ ကုန္တင္သေဘၤာကို ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလတြင္ ျပန္ေပးဆြဲခဲ့သည့္ Malta ႏိုင္ငံ အလံလႊင့္တင္ထားေသာ ကုန္တင္သေဘၤာ Ruen ကိုအသုံးျပဳခဲ့ေၾကာင္း ဥေရာပသမဂၢေရတပ္က မတ္လ(၁၄)ရက္တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။ အိႏၵိယေရ တပ္သည္ ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလမွစတင္ၿပီး ကုန္တင္သေဘၤာမ်ားကို ျပန္ေပးဆြဲမႈ၊ ျပန္ေပးဆြဲရန္ ႀကိဳးပမ္းမႈ သို႔မဟုတ္ သံသယျဖစ္ဖြယ္ ခ်ဥ္းကပ္မႈျဖစ္စဥ္ အနည္းဆုံး(၁၇)ခုကို မွတ္တမ္းတင္ခဲ့ေၾကာင္း အိႏၵိယအစိုးရတာဝန္ရွိသူမ်ားကေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္ဇန္နဝါရီလတြင္ အိႏၵိယအစိုးရသည္ ပင္လယ္ဓါးျပမ်ားကို ႏွိမ္ႏွင္းရန္အတြက္ ပင္လယ္နီအေရွ႕ပိုင္းတြင္ စစ္သေဘၤာအနည္းဆုံး(၁)ဒါဇင္ခန႔္ကို ျဖန႔္က်က္ခ်ထားခဲ့ၿပီး သေဘၤာေပါင္း(၂၅၀)ေက်ာ္ကို စုံစမ္းစစ္ေဆးမႈမ်ား လုပ္ ေဆာင္ခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.