မက်ဆီကိုနိုင်ငံတွင် ကျင်းပမည့် Miss Universe ပြိုင်ပွဲ၌ ဝတ်ဆင်မည့် သဘင်မင်းသားခေါင်းပေါင်းနှင့် အမျိုးသမီး ဂါဝန်တွဲဖက်မှုကို သဘင်အစည်းအရုံး ပြင်းထန်စွာကန့်ကွက်

 3652

ယွန်း (NP News) - မတ် ၁၇

မက်ဆီကိုနိုင်ငံတွင် ကျင်းပမည့် Miss Universe ပြိုင်ပွဲတွင် ဝတ်ဆင်မည့် သဘင်မင်းသားခေါင်းပေါင်း နှင့် အမျိုးသမီးဂါဝန်တွဲဖက်မှုကို သဘင်အစည်းအရုံးက ပြင်းထန်စွာကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)က ယနေ့(မတ်လ ၁၇ရက်) တွင် ၎င်းတို့၏လူမှုကွန်ယက်စာမျက်နှာ၌ အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

သဘင်အစည်းအရုံးအနေဖြင့် FAE: Fashion & Artistry Exhibition Page ၏ ယမန်နေ့(မတ်လ ‌၁၆ ရက်)က တင်ထားသည့် post များ၌ ၂၀၂၄ ခုနှစ်၊ မက်ဆီကိုနိုင်ငံတွင် ကျင်းပမည့် Miss Universe ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြုယှဥ်ပြိုင်ရန် တီထွင်ချုပ်လုပ်ထားသည့် ဝတ်စုံဖန်တီးမှုကို ပြင်းထန်စွာကန့်ကွက်ရှုပ်ချထားခြင်း ဖြစ်သည်။

အဆိုပါဝတ်စုံကို မော်ဒယ်စင်ဒီမြတ်က ဝတ်ဆင်ပြသထားပြီး ဒီဇိုင်နာ ခင်စုစုအောင်မှ ဒီဇိုင်းပုံကြမ်းများ ရေးဆွဲထား ခြင်းဖြစ်ကာ ပို့စ်တွင် ရေးသားချက်အရ အဆိုပါဝတ်စုံကို မြန်မာ့ဇာတ်သဘင်ဇာတ်မင်းသား၏ ပုံရိပ်ကို ကူးယူးထား ကြောင်းလည်း ဖော်ပြထားသည်။

သို့သော် အဆိုပါဒီဇိုင်းနှင့် ဝတ်ဆင်မှုသည် မြန်မာ့ဇာတ်သဘင်တွင် အမြတ်တနိုး အလေးအနက်ထားရသည့် သဘင် မင်းသားခေါင်းပေါင်းနှင့် အမျိုးသမီးဂါဝန်ကို တွဲဖက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရိုးရာသဘင်မင်းသားခေါင်းပေါင်း ပေါင်းပြီး ရင်သားဖော်ကာ ချုပ်လုပ်ဝတ်ဆင်ထားမှု ဖြစ်ခြင်းကြောင့် မသင့်တော်သည့်အပြင် မြန်မာ့ဇာတ်သဘင်ယဥ်ကျေးမှုကို ထိပါးစော်ကားရာရောက်ကြောင်း သဘင်အစည်းအရုံး က ထုတ်ပြန်ထားသည်။

သို့ဖြစ်၍ အဆိုပါဝတ်စုံကို ထပ်မံ၍ ဝတ်ဆင်ဖော်ပြခြင်းနှင့် နိုင်ငံ့ကိုယ်စားပြုယှဥ်ပြိုင်မည့် Miss Universe ပြိုင်ပွဲ တွင် ဝတ်ဆင်ခြင်းတို့ကို မြန်မာနိုင်ငံသဘင်အစည်းအရုံးက ပြင်းထန်စွာရှုံ့ချကြောင်း အသိပေးတားမြစ်ထားသည်။

သတိပေးတားမြစ်ချက်ကို လိုက်နာမှုမရှိပါက မြန်မာနိုင်ငံသဘင်အစည်းအရုံး၏ သဘင့်စည်းမျဥ်းစည်းကမ်းများ၊ မြန်မာ့ယဥ်ကျေးမှု စည်းမျဥ်းစည်းကမ်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံးက ဆိုထားသည်။

Zawgyi Version;
မက္ဆီကိုႏိုင္ငံတြင္ က်င္းပမည့္ Miss Universe ၿပိဳင္ပြဲ၌ ဝတ္ဆင္မည့္ သဘင္မင္းသားေခါင္းေပါင္းႏွင့္ အမ်ိဳးသမီး ဂါဝန္တြဲဖက္မႈကို သဘင္အစည္းအ႐ုံး ျပင္းထန္စြာကန႔္ကြက္
ယြန္း (NP News) - မတ္ ၁၇

မက္ဆီကိုႏိုင္ငံတြင္ က်င္းပမည့္ Miss Universe ၿပိဳင္ပြဲတြင္ ဝတ္ဆင္မည့္ သဘင္မင္းသားေခါင္းေပါင္း ႏွင့္ အမ်ိဳးသမီးဂါဝန္တြဲဖက္မႈကို သဘင္အစည္းအ႐ုံးက ျပင္းထန္စြာကန႔္ကြက္ေၾကာင္း ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး(ဗဟို)က ယေန႔(မတ္လ ၁၇ရက္) တြင္ ၎တို႔၏လူမႈကြန္ယက္စာမ်က္ႏွာ၌ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

သဘင္အစည္းအ႐ုံးအေနျဖင့္ FAE: Fashion & Artistry Exhibition Page ၏ ယမန္ေန႔(မတ္လ ‌၁၆ ရက္)က တင္ထားသည့္ post မ်ား၌ ၂၀၂၄ ခုႏွစ္၊ မက္ဆီကိုႏိုင္ငံတြင္ က်င္းပမည့္ Miss Universe ၿပိဳင္ပြဲအတြက္ ျမန္မာႏိုင္ငံ ကိုယ္စားျပဳယွဥ္ၿပိဳင္ရန္ တီထြင္ခ်ဳပ္လုပ္ထားသည့္ ဝတ္စုံဖန္တီးမႈကို ျပင္းထန္စြာကန႔္ကြက္ရႈပ္ခ်ထားျခင္း ျဖစ္သည္။

အဆိုပါဝတ္စုံကို ေမာ္ဒယ္စင္ဒီျမတ္က ဝတ္ဆင္ျပသထားၿပီး ဒီဇိုင္နာ ခင္စုစုေအာင္မွ ဒီဇိုင္းပုံၾကမ္းမ်ား ေရးဆြဲထား ျခင္းျဖစ္ကာ ပို႔စ္တြင္ ေရးသားခ်က္အရ အဆိုပါဝတ္စုံကို ျမန္မာ့ဇာတ္သဘင္ဇာတ္မင္းသား၏ ပုံရိပ္ကို ကူးယူးထား ေၾကာင္းလည္း ေဖာ္ျပထားသည္။

သို႔ေသာ္ အဆိုပါဒီဇိုင္းႏွင့္ ဝတ္ဆင္မႈသည္ ျမန္မာ့ဇာတ္သဘင္တြင္ အျမတ္တႏိုး အေလးအနက္ထားရသည့္ သဘင္ မင္းသားေခါင္းေပါင္းႏွင့္ အမ်ိဳးသမီးဂါဝန္ကို တြဲဖက္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ႐ိုးရာသဘင္မင္းသားေခါင္းေပါင္း ေပါင္းၿပီး ရင္သားေဖာ္ကာ ခ်ဳပ္လုပ္ဝတ္ဆင္ထားမႈ ျဖစ္ျခင္းေၾကာင့္ မသင့္ေတာ္သည့္အျပင္ ျမန္မာ့ဇာတ္သဘင္ယဥ္ေက်းမႈကို ထိပါးေစာ္ကားရာေရာက္ေၾကာင္း သဘင္အစည္းအ႐ုံး က ထုတ္ျပန္ထားသည္။

သို႔ျဖစ္၍ အဆိုပါဝတ္စုံကို ထပ္မံ၍ ဝတ္ဆင္ေဖာ္ျပျခင္းႏွင့္ ႏိုင္ငံ့ကိုယ္စားျပဳယွဥ္ၿပိဳင္မည့္ Miss Universe ၿပိဳင္ပြဲ တြင္ ဝတ္ဆင္ျခင္းတို႔ကို ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံးက ျပင္းထန္စြာရႈံ႕ခ်ေၾကာင္း အသိေပးတားျမစ္ထားသည္။

သတိေပးတားျမစ္ခ်က္ကို လိုက္နာမႈမရွိပါက ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး၏ သဘင့္စည္းမ်ဥ္းစည္းကမ္းမ်ား၊ ျမန္မာ့ယဥ္ေက်းမႈ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ သဘင္အစည္းအ႐ုံးက ဆိုထားသည္။

Related news

© 2021. All rights reserved.