စစ်မှုထမ်းရန် အရည်အချင်းပြည့်မီမှု ရှိ-မရှိ ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်း ယခုလကုန်ပိုင်း စတင်မည်ဟု သိရ

 5999

Iris (NP News) - မတ် ၁၉

မြို့နယ်အသီးသီးမှ စစ်မှုထမ်းနိုင်မည့်ပုဂ္ဂိုလ်များကို စစ်မှုထမ်းဥပဒေအရ ကျန်းမာရေးစစ်ဆေး၍ စာရင်းသွင်းခြင်း လုပ်ငန်းစဉ်များ ယခုလကုန်ပိုင်း၌ စတင်သွားတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ စစ်မှုထမ်းရန် အရည်အချင်း ပြည့်ဝမှု ရှိ/မရှိ ရွေးချယ်သည့်ကိစ္စ၏ ကနဦး စီမံချက်အဖြစ် မြန်မာပြည်အလယ်ပိုင်းရှိ မြို့နယ်အများအပြားကို မတ်လ(၂၇) ရက်မှ ဧပြီလ(၃)ရက်အတွင်း အပြီးသတ် လုပ်ဆောင်သွားရန် တပ်မတော်တွင်း ညွှန်ကြားချက်များ စတင် ထွက်ရှိနေပြီဖြစ်ကြောင်း ကြားသိနေရသည်။

‘တစ်နိုင်ငံလုံး လူ(၆၀ဝဝ)ခေါ်မယ်လို့ သိထားတယ်။ အဲဒီအထဲကနေ (၅၀ဝဝ)ကိုပဲ ပြန်ရွေးမှာ။ ရွာတွေ၊ ရပ်ကွက် တွေထဲက အလုပ်အကိုင်မရှိဘဲ လေလွင့်နေတဲ့သူတွေကို ဦးစားပေးခေါ်မယ်လို့ ကြားတယ်။ ဆေးစစ်မယ့်အဖွဲ့ကို လည်း အရပ်ဘက် ဆရာဝန်တွေ မသုံးဘူး။ စစ်တပ်ဘက်က စစ်ဆေးဆရာဝန်တွေကိုပဲ သုံးမယ်လို့ သိထားတယ်’ ဟု NP News ၏ သတင်းရင်းမြစ်က ပြောသည်။

အချို့သော မြို့နယ်များတွင် ကျန်းမာရေးဆေးစစ်ခြင်းအတွက် သက်ဆိုင်ရာမြို့နယ်၏ အရပ်ဘက်ဆရာဝန်များက တာဝန်ယူချင်ကြောင်း အသံများထွက်ပေါ်ပေးနေသော်လည်း စစ်ဆေးရေးအဖွဲ့ဘက်ကမူ မသမာမှုများ ဖြစ်လာနိုင် သည်ဟု တွက်ဆ၍ တပ်မတော်ဘက်မှ ဆရာဝန်များ ကိုသာ သုံးစွဲစေခြင်းမျိုးဖြစ်မည်ဟု ဆိုသည်။

“မိတ္ထီလာ စစ်ဆေးရုံဆိုရင် မြို့နယ်(၁၃)မြို့နယ်ကို တာဝန်ယူပြီး စစ်ဆေးပေးရမယ်။ သူက ကုတင် (၅၀ဝ) ဆေးရုံရှိ တာကြောင့်။ ဝါဇီတို့ ချောက်တို့ ဆိုရင် ငါးမြို့နယ်လောက်ပဲ ရှိတယ်။ ဆေးစစ်မှု အောင်မြင်မှ စစ်မှုထမ်းဖို့ ကိစ္စက စာရင်းသွင်းမှာလို့ သိရတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

လက်ရှိအချိန်အထိ စုစည်းရရှိထားသော သတင်းအချက်အလက်များအရ မတ်လ(၂၇)ရက်မှ စတင်၍ တစ်နိုင်ငံလုံး ကျန်းမာရေးစစ်ဆေးမည်ဟု နားလည်သဘောပေါက်ရမည်မဟုတ်ဘဲ မြန်မာပြည် အလယ်ပိုင်းရှိ မြို့နယ်အများ အပြားတွင်သာ ကနဦး စတင်မည့် သဘောမျိုး ဖြစ်နေသည်။
စစ်မှုထမ်းဆောင်ရန် အရည်အချင်းပြည့်မီမှု ရှိ-မရှိ ကျန်းမာရေးစစ်ဆေးမှုကို မတ်လ(၂၇)ရက်မှ ဧပြီလ(၃)ရက် အထိ လုပ်ဆောင်သွားမည်ဟု လတ်တလော သတ်မှတ်ထားသော်လည်း ဖြစ်ပေါ်လာသည့်အခြေအနေအပေါ် မူတည်၍ သတ်မှတ်ရက် ရှေ့တိုးခြင်း၊ နောက်ဆုတ်ခြင်းများလည်းဖြစ်နိုင်ကြောင်း ကြားသိရသည်။ စစ်မှုမထမ်း မနေရဥပဒေကို စတင်ကျင့်သုံးမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီ (၁၀)ရက်တွင် အတိအလင်းထုတ်ပြန်ခဲ့ပြီးသည့်နောက် နိုင်ငံတစ်ဝန်းမှ လူ့အသိုင်းအဝိုင်းအသီးသီးက ပုံစံမျိုးစုံဖြင့် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းများ ပြသခဲ့ကြသည်ကို တွေ့ရသည်။

နစက၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က နှစ်ဦးပေါင်း (၁၀) ကြိမ်ထက်မနည်း ပြန်လည်ရှင်းပြခဲ့ရပြီး ယနေ့ထိတိုင်(မတ်လ ၉ ရက်) လူထုနားလည်မှု မလွဲစေ ရန် အခြားသောနည်းလမ်းများစွာဖြင့် ရှင်းပြနေရသည်။

“စစ်မှုထမ်းဖို့ ဥပဒေက ကောင်းတယ်၊ ရှိသင့်တယ် ဆိုပေမယ့် ကြေညာလိုက်တဲ့အချိန်အခါက မသင့်ဘူးလို့ ယူဆတယ်။ ဒါကြောင့်လည်း လူထုကြားမှာ ရိုက်ခတ်မှု အတော်ပြင်းသွားတယ်။ တပ်တွင်းစည်းလုံးမှုကို အရင် တည်ဆောက်ပြီး ကျစ်လျစ်ခိုင်မာ သွား မှသာ ဒီဥပဒေကို ကျင့်သုံးသင့်တယ်လို့ မြင်တယ်” ဟု တပ်မတော်အငြိမ်းစားဗိုလ်ချုပ်တစ်ဦးကလည်း ၎င်း၏ အမြင်ကို သုံးသပ်ပြောကြားသည်။

နစကဘက်က ရည်မှန်းခဲ့သော စစ်မှုမထမ်းမနေရ ဥပဒေကျင့်သုံးခြင်းသည် ပြည်သူလူထုကို စိတ်ပင်ပန်းဆင်းရဲမှု ဖြစ်စေရန် မဟုတ်ခဲ့သော်လည်း ပြည်ပြေးမီဒီယာများ၏ ခြောက်လုံးလှန့်လုံးများ၊ ဝါဒဖြန့်ချိမှုများကြောင့် ပြည်တွင်းနေ လူငယ်များစွာနှင့် မိဘ မိသားစု များစွာ၏ စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်ခဲ့သည်မှာ အမှန်ပင် ဖြစ်နေသည်။ ဥပဒေအရ စစ်မှုထမ်းရမည့် လူငယ် မျိုးဆက်မှာလည်း ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် တစ်ရပ်ကွက် နှစ်ဦးထက်မပိုသော နှုန်းထားမျိုးဖြစ်နေပြီး စစ်မြေပြင်သို့ အတင်းအကျပ်ပို့ဆောင်ခြင်းများ လုပ်ဆောင်မည် မဟုတ်ကြောင်း ရှင်းလင်းချက်များအရသိရသည်။

အထူးသဖြင့် မိမိနေထိုင်ရာ ဒေသ၏ လုံခြုံရေးအတွက် ပြန်လည်တာဝန် ထမ်းဆောင် ရမည့် သဘောမျိုးသာ အဓိက ရည်ရွယ်ထားသော အရန်တပ်ဖွဲ့စည်းမှု ပုံစံငယ်တစ်ခုသာ ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ရမည်ဖြစ်နေသည်။

Zawgyi Version;
စစ္မႈထမ္းရန္ အရည္အခ်င္းျပည့္မီမႈ ရွိ-မရွိ က်န္းမာေရးစစ္ေဆးမႈလုပ္ငန္း ယခုလကုန္ပိုင္း စတင္မည္ဟု သိရ
Iris (NP News) - မတ္ ၁၉

ၿမိဳ႕နယ္အသီးသီးမွ စစ္မႈထမ္းႏိုင္မည့္ပုဂၢိဳလ္မ်ားကို စစ္မႈထမ္းဥပေဒအရ က်န္းမာေရးစစ္ေဆး၍ စာရင္းသြင္းျခင္း လုပ္ငန္းစဥ္မ်ား ယခုလကုန္ပိုင္း၌ စတင္သြားေတာ့မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။ စစ္မႈထမ္းရန္ အရည္အခ်င္း ျပည့္ဝမႈ ရွိ/မရွိ ေ႐ြးခ်ယ္သည့္ကိစၥ၏ ကနဦး စီမံခ်က္အျဖစ္ ျမန္မာျပည္အလယ္ပိုင္းရွိ ၿမိဳ႕နယ္အမ်ားအျပားကို မတ္လ(၂၇) ရက္မွ ဧၿပီလ(၃)ရက္အတြင္း အၿပီးသတ္ လုပ္ေဆာင္သြားရန္ တပ္မေတာ္တြင္း ၫႊန္ၾကားခ်က္မ်ား စတင္ ထြက္ရွိေနၿပီျဖစ္ေၾကာင္း ၾကားသိေနရသည္။

‘တစ္ႏိုင္ငံလုံး လူ(၆၀ဝဝ)ေခၚမယ္လို႔ သိထားတယ္။ အဲဒီအထဲကေန (၅၀ဝဝ)ကိုပဲ ျပန္ေ႐ြးမွာ။ ႐ြာေတြ၊ ရပ္ကြက္ ေတြထဲက အလုပ္အကိုင္မရွိဘဲ ေလလြင့္ေနတဲ့သူေတြကို ဦးစားေပးေခၚမယ္လို႔ ၾကားတယ္။ ေဆးစစ္မယ့္အဖြဲ႕ကို လည္း အရပ္ဘက္ ဆရာဝန္ေတြ မသုံးဘူး။ စစ္တပ္ဘက္က စစ္ေဆးဆရာဝန္ေတြကိုပဲ သုံးမယ္လို႔ သိထားတယ္’ ဟု NP News ၏ သတင္းရင္းျမစ္က ေျပာသည္။

အခ်ိဳ႕ေသာ ၿမိဳ႕နယ္မ်ားတြင္ က်န္းမာေရးေဆးစစ္ျခင္းအတြက္ သက္ဆိုင္ရာၿမိဳ႕နယ္၏ အရပ္ဘက္ဆရာဝန္မ်ားက တာဝန္ယူခ်င္ေၾကာင္း အသံမ်ားထြက္ေပၚေပးေနေသာ္လည္း စစ္ေဆးေရးအဖြဲ႕ဘက္ကမူ မသမာမႈမ်ား ျဖစ္လာႏိုင္ သည္ဟု တြက္ဆ၍ တပ္မေတာ္ဘက္မွ ဆရာဝန္မ်ား ကိုသာ သုံးစြဲေစျခင္းမ်ိဳးျဖစ္မည္ဟု ဆိုသည္။

“မိတၳီလာ စစ္ေဆး႐ုံဆိုရင္ ၿမိဳ႕နယ္(၁၃)ၿမိဳ႕နယ္ကို တာဝန္ယူၿပီး စစ္ေဆးေပးရမယ္။ သူက ကုတင္ (၅၀ဝ) ေဆး႐ုံရွိ တာေၾကာင့္။ ဝါဇီတို႔ ေခ်ာက္တို႔ ဆိုရင္ ငါးၿမိဳ႕နယ္ေလာက္ပဲ ရွိတယ္။ ေဆးစစ္မႈ ေအာင္ျမင္မွ စစ္မႈထမ္းဖို႔ ကိစၥက စာရင္းသြင္းမွာလို႔ သိရတယ္” ဟု သတင္းရင္းျမစ္က ေျပာသည္။

လက္ရွိအခ်ိန္အထိ စုစည္းရရွိထားေသာ သတင္းအခ်က္အလက္မ်ားအရ မတ္လ(၂၇)ရက္မွ စတင္၍ တစ္ႏိုင္ငံလုံး က်န္းမာေရးစစ္ေဆးမည္ဟု နားလည္သေဘာေပါက္ရမည္မဟုတ္ဘဲ ျမန္မာျပည္ အလယ္ပိုင္းရွိ ၿမိဳ႕နယ္အမ်ား အျပားတြင္သာ ကနဦး စတင္မည့္ သေဘာမ်ိဳး ျဖစ္ေနသည္။
စစ္မႈထမ္းေဆာင္ရန္ အရည္အခ်င္းျပည့္မီမႈ ရွိ-မရွိ က်န္းမာေရးစစ္ေဆးမႈကို မတ္လ(၂၇)ရက္မွ ဧၿပီလ(၃)ရက္ အထိ လုပ္ေဆာင္သြားမည္ဟု လတ္တေလာ သတ္မွတ္ထားေသာ္လည္း ျဖစ္ေပၚလာသည့္အေျခအေနအေပၚ မူတည္၍ သတ္မွတ္ရက္ ေရွ႕တိုးျခင္း၊ ေနာက္ဆုတ္ျခင္းမ်ားလည္းျဖစ္ႏိုင္ေၾကာင္း ၾကားသိရသည္။ စစ္မႈမထမ္း မေနရဥပေဒကို စတင္က်င့္သုံးမည္ဟု ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ေဖေဖာ္ဝါရီ (၁၀)ရက္တြင္ အတိအလင္းထုတ္ျပန္ခဲ့ၿပီးသည့္ေနာက္ ႏိုင္ငံတစ္ဝန္းမွ လူ႔အသိုင္းအဝိုင္းအသီးသီးက ပုံစံမ်ိဳးစုံျဖင့္ ေထာက္ခံျခင္း၊ ကန႔္ကြက္ျခင္းမ်ား ျပသခဲ့ၾကသည္ကို ေတြ႕ရသည္။

နစက၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းႏွင့္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္တို႔က ႏွစ္ဦးေပါင္း (၁၀) ႀကိမ္ထက္မနည္း ျပန္လည္ရွင္းျပခဲ့ရၿပီး ယေန႔ထိတိုင္(မတ္လ ၉ ရက္) လူထုနားလည္မႈ မလြဲေစ ရန္ အျခားေသာနည္းလမ္းမ်ားစြာျဖင့္ ရွင္းျပေနရသည္။

“စစ္မႈထမ္းဖို႔ ဥပေဒက ေကာင္းတယ္၊ ရွိသင့္တယ္ ဆိုေပမယ့္ ေၾကညာလိုက္တဲ့အခ်ိန္အခါက မသင့္ဘူးလို႔ ယူဆတယ္။ ဒါေၾကာင့္လည္း လူထုၾကားမွာ ႐ိုက္ခတ္မႈ အေတာ္ျပင္းသြားတယ္။ တပ္တြင္းစည္းလုံးမႈကို အရင္ တည္ေဆာက္ၿပီး က်စ္လ်စ္ခိုင္မာ သြား မွသာ ဒီဥပေဒကို က်င့္သုံးသင့္တယ္လို႔ ျမင္တယ္” ဟု တပ္မေတာ္အၿငိမ္းစားဗိုလ္ခ်ဳပ္တစ္ဦးကလည္း ၎၏ အျမင္ကို သုံးသပ္ေျပာၾကားသည္။

နစကဘက္က ရည္မွန္းခဲ့ေသာ စစ္မႈမထမ္းမေနရ ဥပေဒက်င့္သုံးျခင္းသည္ ျပည္သူလူထုကို စိတ္ပင္ပန္းဆင္းရဲမႈ ျဖစ္ေစရန္ မဟုတ္ခဲ့ေသာ္လည္း ျပည္ေျပးမီဒီယာမ်ား၏ ေျခာက္လုံးလွန႔္လုံးမ်ား၊ ဝါဒျဖန႔္ခ်ိမႈမ်ားေၾကာင့္ ျပည္တြင္းေန လူငယ္မ်ားစြာႏွင့္ မိဘ မိသားစု မ်ားစြာ၏ စိုးရိမ္ေၾကာင့္ၾကမႈမ်ား ျဖစ္ေပၚခဲ့သည္မွာ အမွန္ပင္ ျဖစ္ေနသည္။ ဥပေဒအရ စစ္မႈထမ္းရမည့္ လူငယ္ မ်ိဳးဆက္မွာလည္း ပ်မ္းမွ်အားျဖင့္ တစ္ႏွစ္လွ်င္ တစ္ရပ္ကြက္ ႏွစ္ဦးထက္မပိုေသာ ႏႈန္းထားမ်ိဳးျဖစ္ေနၿပီး စစ္ေျမျပင္သို႔ အတင္းအက်ပ္ပို႔ေဆာင္ျခင္းမ်ား လုပ္ေဆာင္မည္ မဟုတ္ေၾကာင္း ရွင္းလင္းခ်က္မ်ားအရသိရသည္။

အထူးသျဖင့္ မိမိေနထိုင္ရာ ေဒသ၏ လုံၿခဳံေရးအတြက္ ျပန္လည္တာဝန္ ထမ္းေဆာင္ ရမည့္ သေဘာမ်ိဳးသာ အဓိက ရည္႐ြယ္ထားေသာ အရန္တပ္ဖြဲ႕စည္းမႈ ပုံစံငယ္တစ္ခုသာ ျဖစ္ႏိုင္ေၾကာင္းလည္း သုံးသပ္ရမည္ျဖစ္ေနသည္။

Related news

© 2021. All rights reserved.