မြန်မာနိုင်ငံနဲ့ဆက်နွယ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ကမ္ဘာကျော်ကြေးစားတပ်ဖွဲ့တွေအကြောင်း တစေ့တစောင်း (ဘာသာပြန်ဆောင်းပါး)

 23763

ဂျန်ဇက် (NP News) – မတ် ၂ဝ

မြန်မာနိုင်ငံမှာ အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက် နစကဟာ ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်လာ စေဖို့ ကြိုးပမ်းလာခဲ့ရာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံနဲ့ ရုရှားရဲ့နာမည်ကျော်ကြေးစားအဖွဲ့တွေ ဆက်နွယ်မှုရှိနေ တယ်လို့ အိန္ဒိယအခြေစိုက် The Economice Times သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

အိန္ဒိယ သတင်းဌာနဟာ Myanmar reduces overdependence on China & expands strategic ties with Russia amid fighting with insurgents အမည်ရှိ ဆောင်းပါးကို ရေးသားဖော်ပြခဲ့ပြီး၊ အဲဒီဆောင်းပါးထဲမှာ ရုရှားဟာ ရုရှားအခြေစိုက် နာမည်ကျော်ကြား ကြေးစားတပ်ဖွဲ့ ဝဂ္ဂနာအုပ်စုနဲ့ ဗီဂါမဟာဗျူဟာ ဝန်ဆောင်မှု အဖွဲ့တို့ကတစ်ဆင့် မြန်မာနိုင်ငံကို စနိုက်ပါတွေနဲ့ဒရုန်းတွေ လေ့ကျင့်သင်ကြားပေးနေပြီး အဲဒီကြေးစား စစ်သား အုပ်စုတွေရဲ့အထူးတပ်ဖွဲ့တွေဟာ မြန်မာနိုင်ငံရဲ့စစ်မြေပြင်တွေမှာ ရှိနေတယ်လို့ ရေးသားထားပါတယ်။

အိန္ဒိယသတင်းဌာနရဲ့ဖော်ပြချက်အတိုင်း မြန်မာနိုင်ငံမှာ ကမ္ဘာကျော်ကြေးစားတပ်ဖွဲ့ဖြစ်တဲ့ ဝဂ္ဂနာ အုပ်စုနဲ့ ဗီဂါ မဟာဗျူဟာဝန်ဆောင်မှုအဖွဲ့တို့ရဲ့တပ်ဖွဲ့ဝင်တွေ အမှန်တကယ်ရှိနေသလားဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါ တယ်။ အဲဒီဝဂ္ဂနာကြေးစားအုပ်စုကို ရုရှားသမ္မတပူတင်နဲ့ ပုဂ္ဂိုလ်ရေးရင်းနှီးတဲ့ ပရီဂိုဇင် ပိုင်ဆိုင်ပြီး ၂၀၁၄ ခုနှစ်မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။

ဝဂ္ဂနာအုပ်စုဟာ ပုဂ္ဂလိကစစ်ဘက်ဆိုင်ရာ ကန်ထရိုက်တာ (တစ်နည်းအားဖြင့်) အရပ်ဘက်ကြေးစားလုံခြုံရေး ကုမ္ပဏီ PMC (private Military Contractor အဖွဲ့အစည်းဖြစ်ပြီး စတင်ဖွဲ့စည်းချိန်က တပ်ဖွဲ့ဝင်အရေအတွက် ၁၀ဝ၀ ကျော်သာရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ကြေးစားတပ်ဖွဲ့ဝင်အရေအတွက် အနည်းဆုံး (၅)သောင်း ကျော်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီဝဂ္ဂနာကြေးစားအဖွဲ့မှာ ရုရှားစစ်ပြန်ဟောင်းတွေအများစုပါဝင်နေပြီး ရုရှားစစ်တပ်ကနေ အနားယူထားတဲ့ အသက် ၃၅ နှစ်နဲ့ ၅၅ နှစ်ကြားရှိ စစ်သားတွေနဲ့အဓိကထား ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဝဂ္ဂနာအုပ်စုဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲမှာ ယူကရိန်းပိုင်နက်တွေကို သိမ်းပိုက် နိုင်အောင် ပါဝင်ကူညီ ပေးခဲ့ဖူးပြီး ကမ္ဘာ့နိုင်ငံအချို့မှာ လုပ်ငန်းတွေကို လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ ဝဂ္ဂနာအုပ်စုဟာ ရုရှား၊ ဘီလာရုစ်၊ ယူကရိန်း၊ ဆီးရီးယား၊ ဆူဒန်၊ မိုဇမ်ဘစ်၊ ဗဟိုအာဖရိကနိုင်ငံ၊ မာလီ၊ လစ်ဗျား၊ ဗင်နီဇွဲလား၊ မာဒါဂက်စကာ အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ လုပ်ငန်းတွေလုပ်ကိုင်နေပြီး တခြားနိုင်ငံတွေမှာလည်း လုပ်ငန်းလုပ်ကိုင်တာတွေရှိနေတယ်လို့ ဆိုပါတယ်။

ဝဂ္ဂနာအုပ်စုဝင်တွေဟာ စစ်လက်နက်ပစ္စည်းတွေကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ပြီး စစ်ရေးနည်းပရိယာယ် နဲ့ တိုက်ခိုက်ရေးစွမ်းရည်ကောင်းမွန်သူတွေဖြစ်ပါတယ်။ ဝဂ္ဂနာအုပ်စုဟာ စစ်ပွဲတွေမှာ လက်သံပြောင်လွန်းတာ ကြောင့် ရုရှားစစ်တပ်အတွက် အားကိုးရတဲ့ ကြေးစားလက်နက်ကိုင်အဖွဲ့ဖြစ်လာခဲ့ပါတယ်။ ဝဂ္ဂနာအုပ်စုဝင်တွေ ဟာ စစ်ပြန်ဟောင်းတွေဖြစ်တဲ့အတွက် ဘီလာရုစ်အပါအဝင် နိုင်ငံအချို့မှာ တပ်ဖွဲ့ဝင်တွေနဲ့လက်နက်ကိုင် အဖွဲ့အစည်းတွေကို စစ်ရေးလေ့ကျင့်ခန်းတွေလုပ်ဆောင်ပေးတာ၊ စစ်လက်နက် ပစ္စည်းတွေလေ့ကျင်သင်ကြား ပေးတာတွေကို အဓိကထားလုပ်ဆောင်ပေးတာတွေရှိခဲ့သလို တိုက်ပွဲတွေမှာ ကိုယ်တိုင်ပါဝင်တိုက်ခိုက်တာတွေ လည်း ရှိခဲ့ပါတယ်။ ဝဂ္ဂနာအုပ်စုဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား ၂၀၁၄ ခုနှစ်က စတင်ဖြစ်ပွားတဲ့ ခရိုင်းမီးယား ကျွန်းဆွယ်စစ်ပွဲမှာပါဝင်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံအချို့ ရဲ့ပြည်တွင်း ပဋိပက္ခတွေမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဝဂ္ဂနာအုပ်စုခေါင်းဆောင်ပရီဂိုဇင် ကွယ်လွန်သွားခဲ့ပေမယ့် ဝဂ္ဂနာအုပ်စုဟာ ဆက်လက်ရှင်သန်နေဆဲဖြစ်ပြီး အာဖရိကတိုက်ရှိ နိုင်ငံအချို့မှာပါဝင်ဆက်နွယ်နေဆဲဖြစ်တယ်လို့ နိုင်ငံတကာမီဒီယာတွေကဖော်ပြထားပါတယ်။ ဝဂ္ဂနာအုပ်စုခေါင်းဆောင်ပရီဂိုဇင်ဟာ ယူကရိန်းစစ်ပွဲနဲ့ဆက်နွှယ်ပြီး ရုရှားကာကွယ်ရေး ဝန်ကြီးနဲ့ ထိပ်တိုက် တွေ့ဆုံမှုတွေဖြစ်လာခဲ့ပြီးနောက် မကြာမီလေယာဉ်ပျက်ကျကာ သေဆုံးခဲ့ပါတယ်။ ပရီဂိုဇင် သေဆုံးခဲ့ပြီးနောက် ဝဂ္ဂနာအုပ်စု ပြိုလဲပျက်စီးဖွယ်ရှိတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ယူကရိန်းစစ်ပွဲမှာ အဓိက ဦးဆောင်ခဲ့သူ တွေနဲ့ ဝဂ္ဂနာအုပ်စုကို ဆက်လက် ရှင်သန်ခဲ့ပါတယ်။ ဝဂ္ဂနာအုပ်စုတွေဟာ ယူကရိန်း စစ်ပွဲမှာ ရုရှားအစိုးရဘက်က ပါဝင်တိုက်ခိုက်ခဲ့သလို ဘီလာရုစ်အစိုးရ၊ ဆီးရီးယားအစိုးရ၊ ဆူဒန်၊ လစ်ဗျား၊ တို့အပါအဝင် နိုင်ငံအစိုးရအဖွဲ့တွေနဲ့ ဆက်ဆံမှုတွေရှိနေပြီး အဲဒီနိုင်ငံတွေရဲ့စစ်သားတွေကို စစ်ရေးနည်းစနစ်တွေနဲ့ စစ်ရေးလေ့ကျင့်ပေးတာ၊ စစ်လက်နက်ပစ္စည်းတွေအသုံးပြုပုံ သင်ကြားပေးတာတွေ နဲ့ ကိုယ်တိုင်ပါဝင်တိုက်ခိုက်ပေးတာတွေကို လုပ်ဆောင် တယ်လို့ ဆိုပါတယ်။ ဝဂ္ဂနာအုပ်စုတွေမှာအဓိကအဖွဲ့ အစည်းနှစ်ဖွဲ့ရှိနေပြီး Rusich unit tzGJUeJY Serb unit အဖွဲ့တို့ရှိနေပြီး ကြေးစားတပ်ဖွဲ့ဝင်တွေဟာ တစ်လကို အမေရိကန်ဒေါ်လာ ၆၆၇ ဒေါ်လာနဲ့ ၂၀၈၂ ဒေါ်လာ ရရှိပြီး တချို့တပ်မှူးတွေဟာ အမေရိကန်ဒေါ်လာ ၂၅၀ဝ အထိ လစာငွေကြေးတွေရရှိပါတယ်။ ဝဂ္ဂနာအုပ်စုတွေဟာ ကမ္ဘာတစ်ဝန်းရှိနိုင်ငံတွေနဲ့ ဆက်ဆံဖို့ကြိုးပမ်း နေပေမယ့် အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေ ကတော့ ပစ်မှတ်ထား ပိတ်ဆို့မှုတွေ ချမှတ်ခံထားရပါတယ်။ ဝဂ္ဂနာအုပ်စုဟာ ဒွန်းဘက်စ်မြို့ စစ်ပွဲမှာ ၂၀၁၄ ခုနှစ် ဇွန်လကနေ ၂၀၁၅ ခုနှစ်အောက်တိုဘာ လအထိ ပါဝင်ခဲ့ဖူးသလို ဆီးရီးယားပြည်တွင်းစစ်မှာလည်း ၂၀၁၅ ခုနှစ် စက်တင်ဘာလကနေ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအထိ ပါဝင်ပတ်သက်ခဲ့ဖူးပါတယ်။ ဗဟိုအာဖရိကနိုင်ငံ၊ ဆူဒန်တော်လှန်ရေး၊ မိုဇမ်ဘစ်နိုင်ငံ၊ ဆူဒန်ပြည်တွင်း စစ်ပွဲ၊ လစ်ဗျားပြည်တွင်းစစ်ပွဲ၊ မာလီပြည်တွင်းစစ်တို့အပြင် ရုရှားနဲ့ယူကရိန်းကြား ဖြစ်ပွားတဲ့ စစ်ပွဲတွေမှာ ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့ဖူးပြီး အဲဒီစစ်ပွဲအားလုံးမှာ ပါဝင် တိုက်ခိုက်မှုကြောင့် ဝဂ္ဂနာတပ်ဖွဲ့ဝင် (၁)သောင်းကျော်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

The Economice Times သတင်းဌာနကဖော်ပြတဲ့ဆောင်းပါးထဲမှာ ဝဂ္ဂနာအုပ်စုအပြင် ဗီဂါ မဟာဗျူဟာ လုံခြုံရေး ဝန်ဆောင်မှုအဖွဲ့ကုမ္ပဏီဟာလည်း မြန်မာနိုင်ငံမှာ ပါဝင်ဆက်နွှယ်နေတယ်လို့ ဖော်ပြထားရာ ဗီဂါပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုအဖွဲ့ဟာလည်း စိတ်ဝင်စားဖွယ်ကောင်းတဲ့ ကြေးစားအဖွဲ့ ဖြစ်နေပါတယ်။ ဗီဂါမဟာဗျူဟာ လုံခြုံရေးဝန်ဆောင်မှုအဖွဲ့ကုမ္ပဏီဟာလည်း ရုရှားနဲ့ယူကရိန်းစစ်သားတွေ ပူးပေါင်းပြီး ၂၀၁၁ ခုနှစ်မှာတည်ထောင် ထားတဲ့ ကြေးစားအဖွဲ့ အစည်းတစ်ခုဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ရေးသားထားပါတယ်။ အဲဒီအဖွဲ့ကို တည်ထောင်သူဟာ ယူကရိန်းနိုင်ငံသားတစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာ ဆိုက်ပရက်စ်နိုင်ငံကို ကုမ္ပဏီရုံးချုပ် ပြောင်းရွှေ့ခဲ့တဲ့ အရပ်ဘက်ကြေးစားလုံခြုံရေးကုမ္ပဏီ PMC (private Military Contractor) ဖြစ်တယ်လို့ ဆိုပါတယ်။ ဗီဂါမဟာဗျူဟာ လုံခြုံရေးဝန်ဆောင်မှုအဖွဲ့ကုမ္ပဏီကို တည်ထောင်သူဖြစ်တဲ့ အနာတိုလီဆိုမိုလင်ဟာ ရုရှားရေတပ်တပ်ဖွဲ့ဝင်ဟောင်းဖြစ်သလို ရုရှားထောက်လှမ်းရေးအဖွဲ့ဖြစ်ကာ နောက်ပိုင်းမှာ ယူကရိန်းပြည်ထဲရေး ဝန်ကြီးဌာနကို ပြောင်းရွှေ့ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။ ရု ရှားအစိုးရဟာ ဗီဂါ မဟာဗျူဟာ လုံခြုံရေးဝန်ဆောင်မှု အဖွဲ့ထက်စာရင် ဝဂ္ဂနာအဖွဲ့ကို ပိုမိုအခွင့်ရေးပေးခဲ့တဲ့အတွက် ဆိုက်ပရက်စ်နိုင်ငံကိုပြောင်းရွှေ့သွားခဲ့တာမျိုး ဖြစ်ပါတယ်။ ဗီဂါမဟာဗျူဟာ လုံခြုံရေးဝန်ဆောင်မှုအဖွဲ့ဟာ ဆိုက်ပရက်စ်နိုင်ငံအပြင် ယူကရိန်း၊ ရုရှား ၊ ဆီးရီးယား၊ သိရိလင်္ကာနဲ့ အီဂျစ်နိုင်ငံတို့မှာ ရုံးခွဲတွေ ရှိနေတယ် လို့ နိုင်ငံတကာသတင်းမီဒီယာတွေက ဖော်ပြထား ပါတယ်။ ဗီဂါအဖွဲ့ဟာ ဆီးရီးယားစစ်ပွဲမှာ ပါဝင်ခဲ့ဖူး သလို ပါလက်စတိုင်းလူငယ်တွေကို စစ်ပညာနဲ့ ပတ်သက်ပြီး လေ့ကျင့်သင်ကြားပေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဗီဂါ မဟာဗျူဟာ လုံခြုံရေးဝန်ဆောင်မှုအဖွဲ့ ကုမ္ပဏီကို တည်ထောင်သူဖြစ်တဲ့ အနာတိုလီဆိုမို လင်ဟာ ဆီးရီးယားနိုင်ငံရှိ လီဝါအယ်ကွဒ်အဖွဲ့ဝင်တွေကို ကိုယ်တိုင် စစ်ပညာသင်ကြားလေ့ကျင့်ပေးတာတွေ ရှိခဲ့တယ်လို့ Conflict Intelligence Team (CIT) အဖွဲ့က ဖော်ပြခဲ့ဖူးပါတယ်။ ဗီဂါမဟာဗျူဟာ လုံခြုံရေး ဝန်ဆောင်မှုအဖွဲ့ကုမ္ပဏီဟာ ဆီးရီးယားသမ္မတအာဆက်ဒ်ကို လိုလားထောက်ခံတဲ့အဖွဲ့တွေကို စစ်ရေးနည်း လမ်းတွေ သင်ကြားပေးခဲ့တာမျိုး ဖြစ်တယ်လို့ (CIT) အဖွဲ့က ဖော်ပြထားပါတယ်။ ဗီဂါ မဟာဗျူဟာ လုံခြုံရေး ဝန်ဆောင်မှုအဖွဲ့ဟာ ရုရှား အစိုးရနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိနေတဲ့အဖွဲ့ စည်းဖြစ်ပြီး ရုရှားလူမျိုးတွေကို အဓိကထားအခြေခံဖွဲ့စည်းထားတာဖြစ်ပါတယ်။ အဆိုပါအဖွဲ့ဟာ အရပ်ဘက် ကြေးစားလုံခြုံရေး ကုမ္ပဏီ အပြင် ဘဏ်လုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းနဲ့ တခြားစီးပွားရေးလုပ်ငန်း တွေကိုလည်း လုပ်ကိုင်ခဲ့တယ်လို့ ဆိုပါ တယ်။ ဗီဂါမဟာဗျူဟာ လုံခြုံရေးဝန်ဆောင်မှုအဖွဲ့မှာ ပါဝင်လို သူတွေဟာ စစ်မှုထမ်းဖူးတဲ့အတွေ့ကြုံရှိရမယ့်အပြင် ပြည်တွင်းနဲ့ နိုင်ငံခြားထုတ်လက်နက်ငယ်တွေကို ကျွမ်းကျင်စွာ အသုံးပြုတတ်ဖို့ လိုအပ်ပါတယ်။

ဒါ့ပြင် အထူးစစ်ဆင်ရေးတွေမှာပါဝင်ခဲ့ဖူးတဲ့ သမိုင်း ကြောင်းရှိဖို့လိုအပ်သလို အင်္ဂလိပ်စကားနဲ့ မိခင် ဘာသာစကားတွေကို ကျွမ်းကျင်စွာပြောဆိုတတ်သူဖြစ်ဖို့လိုအပ်ပါတယ်။ ဗီဂါမဟာဗျူဟာ လုံခြုံရေးဝန် ဆောင်မှုအဖွဲ့မှာ အထူးတပ်ဖွဲ့တွေလည်းရှိနေပြီး အဲဒီအထူးတပ်ဖွဲ့ထဲပါဝင်လိုသူတွေဟာ ရေတပ် ဒါမှမဟုတ် ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောတွေမှာ အနည်းဆုံး ၂ နှစ် လုပ်ကိုင်ဖူးတဲ့အတွေ့ကြုံလိုအပ်တဲ့ အပြင် တရားဝင် နိုင်ငံကူးလက်မှတ်၊ တရားဝင် သင်္ဘောသား လက်မှတ်တွေရှိဖို့လိုအပ်ပါတယ်။ ဗီဂါမဟာဗျူဟာ လုံခြုံရေး ဝန်ဆောင်မှုအဖွဲ့မှာ ပါဝင်လိုသူတွေဟာ အသက် ၂၅ နှစ်ကနေ ၄၅ နှစ်အတွင်းဖြစ်ရမှာ ဖြစ်ပြီးစိတ်ပိုင်း ဆိုင် ရာကျန်းမာရေးအပါအဝင် ခန္ဓာကိုယ်ကျန်းမာ သန်စွမ်းရမှာဖြစ်ပါတယ်။

Zawgyi Version;
ျမန္မာႏိုင္ငံနဲ႔ဆက္ႏြယ္ေနတယ္လို႔ သတင္းေတြထြက္ေပၚေနတဲ့ ကမာၻေက်ာ္ေၾကးစားတပ္ဖြဲ႕ေတြအေၾကာင္း တေစ့တေစာင္း (ဘာသာျပန္ေဆာင္းပါး)
ဂ်န္ဇက္ (NP News) – မတ္ ၂ဝ

ျမန္မာႏိုင္ငံမွာ အာဏာအျငင္းပြားမႈျဖစ္ပြားခဲ့ၿပီးေနာက္ နစကဟာ ႐ုရွားႏိုင္ငံနဲ႔ ဆက္ဆံေရးပိုမိုေကာင္းမြန္လာ ေစဖို႔ ႀကိဳးပမ္းလာခဲ့ရာ လက္ရွိအခ်ိန္မွာ ျမန္မာႏိုင္ငံနဲ႔ ႐ုရွားရဲ႕နာမည္ေက်ာ္ေၾကးစားအဖြဲ႕ေတြ ဆက္ႏြယ္မႈရွိေန တယ္လို႔ အိႏၵိယအေျခစိုက္ The Economice Times သတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။

အိႏၵိယ သတင္းဌာနဟာ Myanmar reduces overdependence on China & expands strategic ties with Russia amid fighting with insurgents အမည္ရွိ ေဆာင္းပါးကို ေရးသားေဖာ္ျပခဲ့ၿပီး၊ အဲဒီေဆာင္းပါးထဲမွာ ႐ုရွားဟာ ႐ုရွားအေျခစိုက္ နာမည္ေက်ာ္ၾကား ေၾကးစားတပ္ဖြဲ႕ ဝဂၢနာအုပ္စုနဲ႔ ဗီဂါမဟာဗ်ဴဟာ ဝန္ေဆာင္မႈ အဖြဲ႕တို႔ကတစ္ဆင့္ ျမန္မာႏိုင္ငံကို စႏိုက္ပါေတြနဲ႔ဒ႐ုန္းေတြ ေလ့က်င့္သင္ၾကားေပးေနၿပီး အဲဒီေၾကးစား စစ္သား အုပ္စုေတြရဲ႕အထူးတပ္ဖြဲ႕ေတြဟာ ျမန္မာႏိုင္ငံရဲ႕စစ္ေျမျပင္ေတြမွာ ရွိေနတယ္လို႔ ေရးသားထားပါတယ္။

အိႏၵိယသတင္းဌာနရဲ႕ေဖာ္ျပခ်က္အတိုင္း ျမန္မာႏိုင္ငံမွာ ကမာၻေက်ာ္ေၾကးစားတပ္ဖြဲ႕ျဖစ္တဲ့ ဝဂၢနာ အုပ္စုနဲ႔ ဗီဂါ မဟာဗ်ဴဟာဝန္ေဆာင္မႈအဖြဲ႕တို႔ရဲ႕တပ္ဖြဲ႕ဝင္ေတြ အမွန္တကယ္ရွိေနသလားဆိုတာ စိတ္ဝင္စားဖြယ္ေကာင္းေနပါ တယ္။ အဲဒီဝဂၢနာေၾကးစားအုပ္စုကို ႐ုရွားသမၼတပူတင္နဲ႔ ပုဂၢိဳလ္ေရးရင္းႏွီးတဲ့ ပရီဂိုဇင္ ပိုင္ဆိုင္ၿပီး ၂၀၁၄ ခုႏွစ္မွာ စတင္ဖြဲ႕စည္းတည္ေထာင္ခဲ့တာျဖစ္ပါတယ္။

ဝဂၢနာအုပ္စုဟာ ပုဂၢလိကစစ္ဘက္ဆိုင္ရာ ကန္ထ႐ိုက္တာ (တစ္နည္းအားျဖင့္) အရပ္ဘက္ေၾကးစားလုံၿခဳံေရး ကုမၸဏီ PMC (private Military Contractor အဖြဲ႕အစည္းျဖစ္ၿပီး စတင္ဖြဲ႕စည္းခ်ိန္က တပ္ဖြဲ႕ဝင္အေရအတြက္ ၁၀ဝ၀ ေက်ာ္သာရွိခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ေၾကးစားတပ္ဖြဲ႕ဝင္အေရအတြက္ အနည္းဆုံး (၅)ေသာင္း ေက်ာ္ရွိတယ္လို႔ ဆိုပါတယ္။ အဲဒီဝဂၢနာေၾကးစားအဖြဲ႕မွာ ႐ုရွားစစ္ျပန္ေဟာင္းေတြအမ်ားစုပါဝင္ေနၿပီး ႐ုရွားစစ္တပ္ကေန အနားယူထားတဲ့ အသက္ ၃၅ ႏွစ္နဲ႔ ၅၅ ႏွစ္ၾကားရွိ စစ္သားေတြနဲ႔အဓိကထား ဖြဲ႕စည္းထားတာ ျဖစ္ပါတယ္။ ဝဂၢနာအုပ္စုဟာ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲမွာ ယူကရိန္းပိုင္နက္ေတြကို သိမ္းပိုက္ ႏိုင္ေအာင္ ပါဝင္ကူညီ ေပးခဲ့ဖူးၿပီး ကမာၻ႔ႏိုင္ငံအခ်ိဳ႕မွာ လုပ္ငန္းေတြကို လုပ္ကိုင္ေနဆဲျဖစ္ပါတယ္။ ဝဂၢနာအုပ္စုဟာ ႐ုရွား၊ ဘီလာ႐ုစ္၊ ယူကရိန္း၊ ဆီးရီးယား၊ ဆူဒန္၊ မိုဇမ္ဘစ္၊ ဗဟိုအာဖရိကႏိုင္ငံ၊ မာလီ၊ လစ္ဗ်ား၊ ဗင္နီဇြဲလား၊ မာဒါဂက္စကာ အပါအဝင္ ႏိုင္ငံေပါင္း ၁၁ ႏိုင္ငံမွာ လုပ္ငန္းေတြလုပ္ကိုင္ေနၿပီး တျခားႏိုင္ငံေတြမွာလည္း လုပ္ငန္းလုပ္ကိုင္တာေတြရွိေနတယ္လို႔ ဆိုပါတယ္။

ဝဂၢနာအုပ္စုဝင္ေတြဟာ စစ္လက္နက္ပစၥည္းေတြကို ကြၽမ္းက်င္စြာ အသုံးျပဳႏိုင္ၿပီး စစ္ေရးနည္းပရိယာယ္ နဲ႔ တိုက္ခိုက္ေရးစြမ္းရည္ေကာင္းမြန္သူေတြျဖစ္ပါတယ္။ ဝဂၢနာအုပ္စုဟာ စစ္ပြဲေတြမွာ လက္သံေျပာင္လြန္းတာ ေၾကာင့္ ႐ုရွားစစ္တပ္အတြက္ အားကိုးရတဲ့ ေၾကးစားလက္နက္ကိုင္အဖြဲ႕ျဖစ္လာခဲ့ပါတယ္။ ဝဂၢနာအုပ္စုဝင္ေတြ ဟာ စစ္ျပန္ေဟာင္းေတြျဖစ္တဲ့အတြက္ ဘီလာ႐ုစ္အပါအဝင္ ႏိုင္ငံအခ်ိဳ႕မွာ တပ္ဖြဲ႕ဝင္ေတြနဲ႔လက္နက္ကိုင္ အဖြဲ႕အစည္းေတြကို စစ္ေရးေလ့က်င့္ခန္းေတြလုပ္ေဆာင္ေပးတာ၊ စစ္လက္နက္ ပစၥည္းေတြေလ့က်င္သင္ၾကား ေပးတာေတြကို အဓိကထားလုပ္ေဆာင္ေပးတာေတြရွိခဲ့သလို တိုက္ပြဲေတြမွာ ကိုယ္တိုင္ပါဝင္တိုက္ခိုက္တာေတြ လည္း ရွိခဲ့ပါတယ္။ ဝဂၢနာအုပ္စုဟာ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကား ၂၀၁၄ ခုႏွစ္က စတင္ျဖစ္ပြားတဲ့ ခ႐ိုင္းမီးယား ကြၽန္းဆြယ္စစ္ပြဲမွာပါဝင္လာခဲ့ၿပီးေနာက္ပိုင္း ႏိုင္ငံအခ်ိဳ႕ ရဲ႕ျပည္တြင္း ပဋိပကၡေတြမွာ ပါဝင္ခဲ့တယ္လို႔ ဆိုပါတယ္။

ဝဂၢနာအုပ္စုေခါင္းေဆာင္ပရီဂိုဇင္ ကြယ္လြန္သြားခဲ့ေပမယ့္ ဝဂၢနာအုပ္စုဟာ ဆက္လက္ရွင္သန္ေနဆဲျဖစ္ၿပီး အာဖရိကတိုက္ရွိ ႏိုင္ငံအခ်ိဳ႕မွာပါဝင္ဆက္ႏြယ္ေနဆဲျဖစ္တယ္လို႔ ႏိုင္ငံတကာမီဒီယာေတြကေဖာ္ျပထားပါတယ္။ ဝဂၢနာအုပ္စုေခါင္းေဆာင္ပရီဂိုဇင္ဟာ ယူကရိန္းစစ္ပြဲနဲ႔ဆက္ႏႊယ္ၿပီး ႐ုရွားကာကြယ္ေရး ဝန္ႀကီးနဲ႔ ထိပ္တိုက္ ေတြ႕ဆုံမႈေတြျဖစ္လာခဲ့ၿပီးေနာက္ မၾကာမီေလယာဥ္ပ်က္က်ကာ ေသဆုံးခဲ့ပါတယ္။ ပရီဂိုဇင္ ေသဆုံးခဲ့ၿပီးေနာက္ ဝဂၢနာအုပ္စု ၿပိဳလဲပ်က္စီးဖြယ္ရွိတယ္လို႔သတင္းေတြထြက္ေပၚခဲ့ေပမယ့္ ယူကရိန္းစစ္ပြဲမွာ အဓိက ဦးေဆာင္ခဲ့သူ ေတြနဲ႔ ဝဂၢနာအုပ္စုကို ဆက္လက္ ရွင္သန္ခဲ့ပါတယ္။ ဝဂၢနာအုပ္စုေတြဟာ ယူကရိန္း စစ္ပြဲမွာ ႐ုရွားအစိုးရဘက္က ပါဝင္တိုက္ခိုက္ခဲ့သလို ဘီလာ႐ုစ္အစိုးရ၊ ဆီးရီးယားအစိုးရ၊ ဆူဒန္၊ လစ္ဗ်ား၊ တို႔အပါအဝင္ ႏိုင္ငံအစိုးရအဖြဲ႕ေတြနဲ႔ ဆက္ဆံမႈေတြရွိေနၿပီး အဲဒီႏိုင္ငံေတြရဲ႕စစ္သားေတြကို စစ္ေရးနည္းစနစ္ေတြနဲ႔ စစ္ေရးေလ့က်င့္ေပးတာ၊ စစ္လက္နက္ပစၥည္းေတြအသုံးျပဳပုံ သင္ၾကားေပးတာေတြ နဲ႔ ကိုယ္တိုင္ပါဝင္တိုက္ခိုက္ေပးတာေတြကို လုပ္ေဆာင္ တယ္လို႔ ဆိုပါတယ္။ ဝဂၢနာအုပ္စုေတြမွာအဓိကအဖြဲ႕ အစည္းႏွစ္ဖြဲ႕ရွိေနၿပီး Rusich unit tzGJUeJY Serb unit အဖြဲ႕တို႔ရွိေနၿပီး ေၾကးစားတပ္ဖြဲ႕ဝင္ေတြဟာ တစ္လကို အေမရိကန္ေဒၚလာ ၆၆၇ ေဒၚလာနဲ႔ ၂၀၈၂ ေဒၚလာ ရရွိၿပီး တခ်ိဳ႕တပ္မႉးေတြဟာ အေမရိကန္ေဒၚလာ ၂၅၀ဝ အထိ လစာေငြေၾကးေတြရရွိပါတယ္။ ဝဂၢနာအုပ္စုေတြဟာ ကမာၻတစ္ဝန္းရွိႏိုင္ငံေတြနဲ႔ ဆက္ဆံဖို႔ႀကိဳးပမ္း ေနေပမယ့္ အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြ ကေတာ့ ပစ္မွတ္ထား ပိတ္ဆို႔မႈေတြ ခ်မွတ္ခံထားရပါတယ္။ ဝဂၢနာအုပ္စုဟာ ဒြန္းဘက္စ္ၿမိဳ႕ စစ္ပြဲမွာ ၂၀၁၄ ခုႏွစ္ ဇြန္လကေန ၂၀၁၅ ခုႏွစ္ေအာက္တိုဘာ လအထိ ပါဝင္ခဲ့ဖူးသလို ဆီးရီးယားျပည္တြင္းစစ္မွာလည္း ၂၀၁၅ ခုႏွစ္ စက္တင္ဘာလကေန ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလအထိ ပါဝင္ပတ္သက္ခဲ့ဖူးပါတယ္။ ဗဟိုအာဖရိကႏိုင္ငံ၊ ဆူဒန္ေတာ္လွန္ေရး၊ မိုဇမ္ဘစ္ႏိုင္ငံ၊ ဆူဒန္ျပည္တြင္း စစ္ပြဲ၊ လစ္ဗ်ားျပည္တြင္းစစ္ပြဲ၊ မာလီျပည္တြင္းစစ္တို႔အျပင္ ႐ုရွားနဲ႔ယူကရိန္းၾကား ျဖစ္ပြားတဲ့ စစ္ပြဲေတြမွာ ကိုယ္တိုင္ပါဝင္တိုက္ခိုက္ခဲ့ဖူးၿပီး အဲဒီစစ္ပြဲအားလုံးမွာ ပါဝင္ တိုက္ခိုက္မႈေၾကာင့္ ဝဂၢနာတပ္ဖြဲ႕ဝင္ (၁)ေသာင္းေက်ာ္ေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။

The Economice Times သတင္းဌာနကေဖာ္ျပတဲ့ေဆာင္းပါးထဲမွာ ဝဂၢနာအုပ္စုအျပင္ ဗီဂါ မဟာဗ်ဴဟာ လုံၿခဳံေရး ဝန္ေဆာင္မႈအဖြဲ႕ကုမၸဏီဟာလည္း ျမန္မာႏိုင္ငံမွာ ပါဝင္ဆက္ႏႊယ္ေနတယ္လို႔ ေဖာ္ျပထားရာ ဗီဂါပုဂၢလိက လုံၿခဳံေရးဝန္ေဆာင္မႈအဖြဲ႕ဟာလည္း စိတ္ဝင္စားဖြယ္ေကာင္းတဲ့ ေၾကးစားအဖြဲ႕ ျဖစ္ေနပါတယ္။ ဗီဂါမဟာဗ်ဴဟာ လုံၿခဳံေရးဝန္ေဆာင္မႈအဖြဲ႕ကုမၸဏီဟာလည္း ႐ုရွားနဲ႔ယူကရိန္းစစ္သားေတြ ပူးေပါင္းၿပီး ၂၀၁၁ ခုႏွစ္မွာတည္ေထာင္ ထားတဲ့ ေၾကးစားအဖြဲ႕ အစည္းတစ္ခုျဖစ္တယ္လို႔ ႏိုင္ငံတကာသတင္းေတြမွာ ေရးသားထားပါတယ္။ အဲဒီအဖြဲ႕ကို တည္ေထာင္သူဟာ ယူကရိန္းႏိုင္ငံသားတစ္ဦးျဖစ္ၿပီး ေနာက္ပိုင္းမွာ ဆိုက္ပရက္စ္ႏိုင္ငံကို ကုမၸဏီ႐ုံးခ်ဳပ္ ေျပာင္းေ႐ႊ႕ခဲ့တဲ့ အရပ္ဘက္ေၾကးစားလုံၿခဳံေရးကုမၸဏီ PMC (private Military Contractor) ျဖစ္တယ္လို႔ ဆိုပါတယ္။ ဗီဂါမဟာဗ်ဴဟာ လုံၿခဳံေရးဝန္ေဆာင္မႈအဖြဲ႕ကုမၸဏီကို တည္ေထာင္သူျဖစ္တဲ့ အနာတိုလီဆိုမိုလင္ဟာ ႐ုရွားေရတပ္တပ္ဖြဲ႕ဝင္ေဟာင္းျဖစ္သလို ႐ုရွားေထာက္လွမ္းေရးအဖြဲ႕ျဖစ္ကာ ေနာက္ပိုင္းမွာ ယူကရိန္းျပည္ထဲေရး ဝန္ႀကီးဌာနကို ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္တယ္လို႔ ဆိုပါတယ္။ ႐ု ရွားအစိုးရဟာ ဗီဂါ မဟာဗ်ဴဟာ လုံၿခဳံေရးဝန္ေဆာင္မႈ အဖြဲ႕ထက္စာရင္ ဝဂၢနာအဖြဲ႕ကို ပိုမိုအခြင့္ေရးေပးခဲ့တဲ့အတြက္ ဆိုက္ပရက္စ္ႏိုင္ငံကိုေျပာင္းေ႐ႊ႕သြားခဲ့တာမ်ိဳး ျဖစ္ပါတယ္။ ဗီဂါမဟာဗ်ဴဟာ လုံၿခဳံေရးဝန္ေဆာင္မႈအဖြဲ႕ဟာ ဆိုက္ပရက္စ္ႏိုင္ငံအျပင္ ယူကရိန္း၊ ႐ုရွား ၊ ဆီးရီးယား၊ သိရိလကၤာနဲ႔ အီဂ်စ္ႏိုင္ငံတို႔မွာ ႐ုံးခြဲေတြ ရွိေနတယ္ လို႔ ႏိုင္ငံတကာသတင္းမီဒီယာေတြက ေဖာ္ျပထား ပါတယ္။ ဗီဂါအဖြဲ႕ဟာ ဆီးရီးယားစစ္ပြဲမွာ ပါဝင္ခဲ့ဖူး သလို ပါလက္စတိုင္းလူငယ္ေတြကို စစ္ပညာနဲ႔ ပတ္သက္ၿပီး ေလ့က်င့္သင္ၾကားေပးခဲ့ဖူးတယ္လို႔ ဆိုပါတယ္။ ဗီဂါ မဟာဗ်ဴဟာ လုံၿခဳံေရးဝန္ေဆာင္မႈအဖြဲ႕ ကုမၸဏီကို တည္ေထာင္သူျဖစ္တဲ့ အနာတိုလီဆိုမို လင္ဟာ ဆီးရီးယားႏိုင္ငံရွိ လီဝါအယ္ကြဒ္အဖြဲ႕ဝင္ေတြကို ကိုယ္တိုင္ စစ္ပညာသင္ၾကားေလ့က်င့္ေပးတာေတြ ရွိခဲ့တယ္လို႔ Conflict Intelligence Team (CIT) အဖြဲ႕က ေဖာ္ျပခဲ့ဖူးပါတယ္။ ဗီဂါမဟာဗ်ဴဟာ လုံၿခဳံေရး ဝန္ေဆာင္မႈအဖြဲ႕ကုမၸဏီဟာ ဆီးရီးယားသမၼတအာဆက္ဒ္ကို လိုလားေထာက္ခံတဲ့အဖြဲ႕ေတြကို စစ္ေရးနည္း လမ္းေတြ သင္ၾကားေပးခဲ့တာမ်ိဳး ျဖစ္တယ္လို႔ (CIT) အဖြဲ႕က ေဖာ္ျပထားပါတယ္။ ဗီဂါ မဟာဗ်ဴဟာ လုံၿခဳံေရး ဝန္ေဆာင္မႈအဖြဲ႕ဟာ ႐ုရွား အစိုးရနဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရး ရွိေနတဲ့အဖြဲ႕ စည္းျဖစ္ၿပီး ႐ုရွားလူမ်ိဳးေတြကို အဓိကထားအေျခခံဖြဲ႕စည္းထားတာျဖစ္ပါတယ္။ အဆိုပါအဖြဲ႕ဟာ အရပ္ဘက္ ေၾကးစားလုံၿခဳံေရး ကုမၸဏီ အျပင္ ဘဏ္လုပ္ငန္း၊ အိမ္ၿခံေျမလုပ္ငန္းနဲ႔ တျခားစီးပြားေရးလုပ္ငန္း ေတြကိုလည္း လုပ္ကိုင္ခဲ့တယ္လို႔ ဆိုပါ တယ္။ ဗီဂါမဟာဗ်ဴဟာ လုံၿခဳံေရးဝန္ေဆာင္မႈအဖြဲ႕မွာ ပါဝင္လို သူေတြဟာ စစ္မႈထမ္းဖူးတဲ့အေတြ႕ႀကဳံရွိရမယ့္အျပင္ ျပည္တြင္းနဲ႔ ႏိုင္ငံျခားထုတ္လက္နက္ငယ္ေတြကို ကြၽမ္းက်င္စြာ အသုံးျပဳတတ္ဖို႔ လိုအပ္ပါတယ္။

ဒါ့ျပင္ အထူးစစ္ဆင္ေရးေတြမွာပါဝင္ခဲ့ဖူးတဲ့ သမိုင္း ေၾကာင္းရွိဖို႔လိုအပ္သလို အဂၤလိပ္စကားနဲ႔ မိခင္ ဘာသာစကားေတြကို ကြၽမ္းက်င္စြာေျပာဆိုတတ္သူျဖစ္ဖို႔လိုအပ္ပါတယ္။ ဗီဂါမဟာဗ်ဴဟာ လုံၿခဳံေရးဝန္ ေဆာင္မႈအဖြဲ႕မွာ အထူးတပ္ဖြဲ႕ေတြလည္းရွိေနၿပီး အဲဒီအထူးတပ္ဖြဲ႕ထဲပါဝင္လိုသူေတြဟာ ေရတပ္ ဒါမွမဟုတ္ ကမ္းေျခေစာင့္တပ္ဖြဲ႕သေဘၤာေတြမွာ အနည္းဆုံး ၂ ႏွစ္ လုပ္ကိုင္ဖူးတဲ့အေတြ႕ႀကဳံလိုအပ္တဲ့ အျပင္ တရားဝင္ ႏိုင္ငံကူးလက္မွတ္၊ တရားဝင္ သေဘၤာသား လက္မွတ္ေတြရွိဖို႔လိုအပ္ပါတယ္။ ဗီဂါမဟာဗ်ဴဟာ လုံၿခဳံေရး ဝန္ေဆာင္မႈအဖြဲ႕မွာ ပါဝင္လိုသူေတြဟာ အသက္ ၂၅ ႏွစ္ကေန ၄၅ ႏွစ္အတြင္းျဖစ္ရမွာ ျဖစ္ၿပီးစိတ္ပိုင္း ဆိုင္ ရာက်န္းမာေရးအပါအဝင္ ခႏၶာကိုယ္က်န္းမာ သန္စြမ္းရမွာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.