၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အဖြစ် ဆီးရီးယားနှင့်ယှဉ်ပြိုင်ရန် မြန်မာအသင်း၏ အပြီးသတ်ကစားသမားစာရင်းတွင် အဓိကစားသမားများ ပါဝင်လာခြင်းမရှိ

 1242

သန့်ဇင် (NP News) - မတ် ၂၁

၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အဖြစ် ဆီးရီးယားနှင့်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ အပြီးသတ်ကစားသမား(၂၃)ဦး စာရင်း ထွက်ပေါ်လာခဲ့သော်လည်း အဓိကစားသမားများ ပါဝင်လာခြင်းမရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နှင့် ဆီးရီးယားလက်ရွေးစင်အသင်းတို့သည် ယနေ့(မတ်လ ၂၁ ရက်)၊ ည ၆ နာရီအချိန်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

အဆိုပါပွဲစဉ်အတွက် မြန်မာ့လက်ရွေးစင်အသင်း၏ အပြီးသတ်ကစား သမား(၂၃)ဦးစာရင်းတွင် ဂိုး- ပြည့်ဖြိုးအောင်၊ ဆန်းဆက်နိုင်၊ ကျော်ဇင်ဖြိုး၊ နောက်တန်း- ဒေးဗစ်ထန်၊ ကောင်းထက်ပိုင်၊ ငြိမ်းချမ်း၊ ဟိန်းဖြိုးဝင်း၊ စိုးမိုးကျော်၊ သီဟထက်အောင်၊ သက်ဟိန်းစိုး၊ ခွန်ကျော်ဇင်ဟိန်း၊ အလယ်တန်း- ဝေလင်းအောင်၊ ရန်နိုင်ဦး၊ ဇော်ဝင်းသိန်း၊ ကျော်မင်းဦး၊ နေမိုးနိုင်၊ လွင်မိုးအောင်၊ ဟိန်းထက်အောင်၊ ရှေ့တန်း - အောင်သူ၊ မောင်မောင်လွင်၊ ကျော်ကိုကို၊ အောင်ကောင်းမန်နှင့် ဥက္ကာနိုင်တို့ပါဝင်လာခဲ့သည်။

အပြီးသတ်ကစားသမားစာရင်းထုတ်ပြန်ရာတွင် ပဏာမကစားသမားစာရင်း၌ ပါဝင်ခဲ့သော ပြည်ပထွက်ခွါကစားသမားများဖြစ်သည့် သန်းပိုင်နှင့် မြတ်ကောင်းခန့်တို့ပါဝင်လာခဲ့ခြင်းမရှိသည့်အပြင် ပြီးခဲ့သည့် မြောက်ကိုရီးယားနှင့်ပွဲစဉ်၌ ဂိုးသွင်းယူနိုင်ခဲ့သော ဝင်းနိုင်ထွန်းသည်လည်းပါဝင်လာခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။

zawgyi version
၂၀၂၆ ကမာၻ႔ဖလား ေျခစစ္ပြဲစဥ္အျဖစ္ ဆီးရီးယားႏွင့္ယွဥ္ၿပိဳင္ရန္ ျမန္မာအသင္း၏ အၿပီးသတ္ကစားသမားစာရင္းတြင္ အဓိကစားသမားမ်ား ပါဝင္လာျခင္းမရွိ
သန႔္ဇင္ (NP News) - မတ္ ၂၁

၂၀၂၆ ကမာၻ႔ဖလား ေျခစစ္ပြဲစဥ္အျဖစ္ ဆီးရီးယားႏွင့္ယွဥ္ၿပိဳင္ရန္ ျမန္မာ့လက္ေ႐ြးစင္ ေဘာလုံးအသင္း၏ အၿပီးသတ္ကစားသမား(၂၃)ဦး စာရင္း ထြက္ေပၚလာခဲ့ေသာ္လည္း အဓိကစားသမားမ်ား ပါဝင္လာျခင္းမရွိေၾကာင္း သိရသည္။

ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္း ႏွင့္ ဆီးရီးယားလက္ေ႐ြးစင္အသင္းတို႔သည္ ယေန႔(မတ္လ ၂၁ ရက္)၊ ည ၆ နာရီအခ်ိန္တြင္ ရန္ကုန္ၿမိဳ႕ရွိ သုဝဏၰေဘာလုံးကြင္းတြင္ ယွဥ္ၿပိဳင္ကစားသြားၾကမည္ျဖစ္သည္။

အဆိုပါပြဲစဥ္အတြက္ ျမန္မာ့လက္ေ႐ြးစင္အသင္း၏ အၿပီးသတ္ကစား သမား(၂၃)ဦးစာရင္းတြင္ ဂိုး- ျပည့္ၿဖိဳးေအာင္၊ ဆန္းဆက္ႏိုင္၊ ေက်ာ္ဇင္ၿဖိဳး၊ ေနာက္တန္း- ေဒးဗစ္ထန္၊ ေကာင္းထက္ပိုင္၊ ၿငိမ္းခ်မ္း၊ ဟိန္းၿဖိဳးဝင္း၊ စိုးမိုးေက်ာ္၊ သီဟထက္ေအာင္၊ သက္ဟိန္းစိုး၊ ခြန္ေက်ာ္ဇင္ဟိန္း၊ အလယ္တန္း- ေဝလင္းေအာင္၊ ရန္ႏိုင္ဦး၊ ေဇာ္ဝင္းသိန္း၊ ေက်ာ္မင္းဦး၊ ေနမိုးႏိုင္၊ လြင္မိုးေအာင္၊ ဟိန္းထက္ေအာင္၊ ေရွ႕တန္း - ေအာင္သူ၊ ေမာင္ေမာင္လြင္၊ ေက်ာ္ကိုကို၊ ေအာင္ေကာင္းမန္ႏွင့္ ဥကၠာႏိုင္တို႔ပါဝင္လာခဲ့သည္။

အၿပီးသတ္ကစားသမားစာရင္းထုတ္ျပန္ရာတြင္ ပဏာမကစားသမားစာရင္း၌ ပါဝင္ခဲ့ေသာ ျပည္ပထြက္ခြါကစားသမားမ်ားျဖစ္သည့္ သန္းပိုင္ႏွင့္ ျမတ္ေကာင္းခန႔္တို႔ပါဝင္လာခဲ့ျခင္းမရွိသည့္အျပင္ ၿပီးခဲ့သည့္ ေျမာက္ကိုရီးယားႏွင့္ပြဲစဥ္၌ ဂိုးသြင္းယူႏိုင္ခဲ့ေသာ ဝင္းႏိုင္ထြန္းသည္လည္းပါဝင္လာခဲ့ျခင္းမရွိသည္ကို ေတြ႕ရသည္။

Related news

© 2021. All rights reserved.