UID နံပါတ် ထုတ်ပေးထားကြောင်း အထောက်အထားလက်မှတ်မပါသူများကို နိုင်ငံကူးလက်မှတ်စာအုပ် ထုတ်ပေးမည်မဟုတ်ကြောင်း အသိပေး

 16896

ယွန်း (NP News) - မတ် ၂၁

UID နံပါတ် ထုတ်ပေးထားကြောင်း အထောက်အထားလက်မှတ်မပါသူများကို နိုင်ငံကူးလက်မှတ်စာအုပ် ထုတ်ပေးမည်မဟုတ်ကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးမှ ပြီးခဲ့သည့် ရက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးနှင့် ပုသိမ်ရုံးတို့တွင် Online Appointment System စနစ်ဖြင့် ဆောင်ရွက်ပေးနေပြီး ကျန်ရုံးခွဲများတွင် လူတန်းစီစနစ်ဖြင့် လုပ်ငန်းစဉ်အတိုင်း စိစစ်ဆောင်ရွက်နေကြောင်း သိရ သည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ နိုင်ငံသားဟုတ်/မဟုတ် စိစစ်နိုင်ရန် ဧပြီလ (၂၂)ရက်မှစ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပေးထားသော UID နံပါတ်ထုတ်ပေးထားကြောင်း အထောက်အထားလက်မှတ်များကို ယူဆောင်လာကြရန် ထုတ်ပြန်ချက်အရ သိရသည်။

“အခုကတော့ e-ID နဲ့တိုက်ဆိုင်စစ်ဆေးလျက်ရှိတယ်။ e-ID မှန်ရင် လဝကရုံးတွေမှာ အဲဒီစာရွက်နဲ့ UID သွားထုတ်လို့ရတယ်။ အရင်တုန်းကတော့ လာထုတ်ရင် မှတ်ပုံတင်ယူလာရတယ်။ အခုက မှတ်ပုံတင်အစား UID အစားထိုးပြပြီးတော့မှ ထုတ်ရမယ်ဆိုတာကို အသိပေးထားတာပေါ့။ UID ကတော့ လဝကနဲ့ဆိုင်တာပေါ့။ ပတ်စပို့ရုံးနဲ့တော့မဆိုင်ဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လုပ်နေတဲ့အထဲကနေ အစိတ်အပိုင်းတစ်ခုအနေနဲ့ ဆောင်ရွက်တာဖြစ်ပါ တယ်” ဟု မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ထို့ကြောင့် UID နံပါတ်ထုတ်ပေးထားသည့် အထောက်အထားလက်မှတ်များ ယူဆောင်လာရန်နှင့် အထောက်အထားလက်မှတ်မပါရှိသည့် လျှောက်ထား သူများကို စာအုပ်ထုတ်ယူရမည့် (၁၀)ရက်အတွင်း သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် အမြန်ဆုံးဆောင်ရွက်ရန် မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးက ဆိုထားသည်။

UID နံပါတ်ထုတ်ပေးထားကြောင်း အထောက်အထားလက်မှတ် မပါရှိသူများကို နိုင်ငံကူးလက်မှတ်စာအုပ်ထုတ်ပေးမည် မဟုတ်ကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

zawgyi version
UID နံပါတ္ ထုတ္ေပးထားေၾကာင္း အေထာက္အထားလက္မွတ္မပါသူမ်ားကို ႏိုင္ငံကူးလက္မွတ္စာအုပ္ ထုတ္ေပးမည္မဟုတ္ေၾကာင္း အသိေပး

ယြန္း (NP News) - မတ္ ၂၁

UID နံပါတ္ ထုတ္ေပးထားေၾကာင္း အေထာက္အထားလက္မွတ္မပါသူမ်ားကို ႏိုင္ငံကူးလက္မွတ္စာအုပ္ ထုတ္ေပးမည္မဟုတ္ေၾကာင္း ျမန္မာႏိုင္ငံကူး လက္မွတ္ထုတ္ေပးေရး႐ုံးမွ ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႕အေနျဖင့္ ႏိုင္ငံကူးလက္မွတ္မ်ားကို ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္၊ ပဲခူးႏွင့္ ပုသိမ္႐ုံးတို႔တြင္ Online Appointment System စနစ္ျဖင့္ ေဆာင္႐ြက္ေပးေနၿပီး က်န္႐ုံးခြဲမ်ားတြင္ လူတန္းစီစနစ္ျဖင့္ လုပ္ငန္းစဥ္အတိုင္း စိစစ္ေဆာင္႐ြက္ေနေၾကာင္း သိရ သည္။

ထိုသို႔ေဆာင္႐ြက္လ်က္ရွိရာ ႏိုင္ငံသားဟုတ္/မဟုတ္ စိစစ္ႏိုင္ရန္ ဧၿပီလ (၂၂)ရက္မွစ၍ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနမွ ထုတ္ေပးထားေသာ UID နံပါတ္ထုတ္ေပးထားေၾကာင္း အေထာက္အထားလက္မွတ္မ်ားကို ယူေဆာင္လာၾကရန္ ထုတ္ျပန္ခ်က္အရ သိရသည္။

“အခုကေတာ့ e-ID နဲ႔တိုက္ဆိုင္စစ္ေဆးလ်က္ရွိတယ္။ e-ID မွန္ရင္ လဝက႐ုံးေတြမွာ အဲဒီစာ႐ြက္နဲ႔ UID သြားထုတ္လို႔ရတယ္။ အရင္တုန္းကေတာ့ လာထုတ္ရင္ မွတ္ပုံတင္ယူလာရတယ္။ အခုက မွတ္ပုံတင္အစား UID အစားထိုးျပၿပီးေတာ့မွ ထုတ္ရမယ္ဆိုတာကို အသိေပးထားတာေပါ့။ UID ကေတာ့ လဝကနဲ႔ဆိုင္တာေပါ့။ ပတ္စပို႔႐ုံးနဲ႔ေတာ့မဆိုင္ဘူး။ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔လုပ္ေနတဲ့အထဲကေန အစိတ္အပိုင္းတစ္ခုအေနနဲ႔ ေဆာင္႐ြက္တာျဖစ္ပါ တယ္” ဟု ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပး႐ုံးမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ထို႔ေၾကာင့္ UID နံပါတ္ထုတ္ေပးထားသည့္ အေထာက္အထားလက္မွတ္မ်ား ယူေဆာင္လာရန္ႏွင့္ အေထာက္အထားလက္မွတ္မပါရွိသည့္ ေလွ်ာက္ထား သူမ်ားကို စာအုပ္ထုတ္ယူရမည့္ (၁၀)ရက္အတြင္း သက္ဆိုင္ရာလူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနတြင္ အျမန္ဆုံးေဆာင္႐ြက္ရန္ ျမန္မာႏိုင္ငံကူး လက္မွတ္ထုတ္ေပးေရး႐ုံးက ဆိုထားသည္။

UID နံပါတ္ထုတ္ေပးထားေၾကာင္း အေထာက္အထားလက္မွတ္ မပါရွိသူမ်ားကို ႏိုင္ငံကူးလက္မွတ္စာအုပ္ထုတ္ေပးမည္ မဟုတ္ေၾကာင္း ျမန္မာႏိုင္ငံကူး လက္မွတ္ထုတ္ေပးေရး႐ုံးက ထုတ္ျပန္ခ်က္တြင္ အသိေပးထားသည္။

Related news

© 2021. All rights reserved.