မြန်မာလက်ရွေးစင်ဘောလုံးအသင်းက ဆီးရီးယားအသင်းကို အိမ်ကွင်း၌ သရေကစားနိုင်ခဲ့ကာ ရမှတ် တစ်မှတ် ရယူနိုင်ခဲ့

 1797

သန့်ဇင် (NP News) - မတ် ၂၁

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် FIFA အဆင့် ၇၃ ဆင့်ကွာခြားသည့် ဆီးရီးယားအသင်းကို အိမ်ကွင်း၌ သရေကစားကာ ရမှတ်တစ်မှတ်ရယူနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နှင့် ဆီးရီးယားလက်ရွေးစင်ဘောလုံးအသင်းတို့သည် မတ်လ ၂၁ ရက်၊ ညနေ ၆ နာရီအချိန်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ဂိုးသမားကျော်ဇင်ဖြိုး အပါအဝင် ဟိန်းဖြိုးဝင်း၊ စိုးမိုးကျော်၊ သက်ဟိန်းစိုး၊ ကျော်မင်းဦး၊ လွင်မိုးအောင်၊ အောင်သူ၊ မောင်မောင်လွင်၊ နေမိုးနိုင်၊ ဝေလင်းအောင် နှင့် ခွန်းကျော်ဇင်ဟိန်းတို့နှင့်အတူ ၄-၄-၂ ပုံစံဖြင့် ပွဲထွက်လာခဲ့သည်။

ထို့နောက် ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲကစားချိန် ၃၂ မိနစ်အရောက်တွင် မြန်မာအသင်းအနေဖြင့် ရရှိလာခဲ့သော ထောင့်ကန်ဘောမှတစ်ဆင့် မောင်မောင်လွင်ကခေါင်းတိုက်ချပေးခဲ့ရာ နောက်ခံလူ စိုးမိုးကျော်က ပိတ်သွင်း၍ ဦးဆောင်ဂိုးစတင်ရရှိခဲ့သော်လည်း ပွဲကစားချိန် ၇၁ မိနစ်တွင် ဆီးရီးယားတိုက်စစ်မှူး Alaa Ai Daliက သွင်းယူခဲ့သော ချေပဂိုးကို ပြန်လည်ခွင့်ပြုပေးခဲ့ရသည်။

ထို့ကြောင့် ပွဲပြီးချိန်၌ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နှင့် ဆီးရီးယားလက်ရွေးစင်အသင်းတို့သည် ၁ ဂိုး-၁ ဂိုးဖြင့် သရေတစ်မှတ်စီရရှိခဲ့ကြပြီး မြန်မာအသင်းအနေဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုပွဲစဉ်တွင် ပထမဆုံး ရမှတ် ၁ မှတ်ရရှိခဲ့သည်။

အဆိုပါပွဲစဉ်နှင့် ပတ်သတ်၍ ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် မြန်မာလက်ရွေးစင်အသင်းနည်းပြချုပ် Miachel Feichtenbeinerက" ခံစစ်ကစားပုံကို အားရကျေနပ်ပါတယ်။ အထူးသဖြင့်
ပထမပိုင်း ကစားပုံကောင်းမွန်ခဲ့တယ်။ တစ်ဂိုးနဲ့ ဦးဆောင်ခဲ့တဲ့အတွက် ရလဒ်ကို ထိန်းသိမ်းဖို့ကြိုးစားခဲ့တယ်။။ နောက်ပိုင်းမိနစ်တွေမှာ ကစားသမားတွေ ပင်ပန်းလာပြီး ကစားအားကျသွားတဲ့အတွက် ချေပဂိုး ပြန်ပေးခဲ့ရတယ်။ ကစားသမားတွေကြိုးစား အားထုတ်ပုံကောင်းခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် လာမည့် မတ်လ ၂၇ ရက်တွင် အဝေးကွင်းပွဲစဉ်အဖြစ် ဆီးရီးယားအသင်း နှင့် ဆော်ရီအာရေဗျနိုင်ငံတွင် ကြားကွင်း သွားရောက်ကစားရမည်ဖြစ်သည်။

ျမန္မာလက္ေ႐ြးစင္ေဘာလုံးအသင္းက ဆီးရီးယားအသင္းကို အိမ္ကြင္း၌ သေရကစားႏိုင္ခဲ့ကာ ရမွတ္ တစ္မွတ္ ရယူႏိုင္ခဲ့
သန္႔ဇင္ (NP News) - မတ္ ၂၁

ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းသည္ FIFA အဆင့္ ၇၃ ဆင့္ကြာျခားသည့္ ဆီးရီးယားအသင္းကို အိမ္ကြင္း၌ သေရကစားကာ ရမွတ္တစ္မွတ္ရယူႏိုင္ခဲ့ေၾကာင္း သိရသည္။

ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္း ႏွင့္ ဆီးရီးယားလက္ေ႐ြးစင္ေဘာလုံးအသင္းတို႔သည္ မတ္လ ၂၁ ရက္၊ ညေန ၆ နာရီအခ်ိန္တြင္ ရန္ကုန္ၿမိဳ႕၊ သုဝဏၰေဘာလုံးကြင္း၌ ယွဥ္ၿပိဳင္ကစားခဲ့ျခင္းျဖစ္သည္။

ျမန္မာ့လက္ေ႐ြးစင္အသင္းအေနျဖင့္ ဂိုးသမားေက်ာ္ဇင္ၿဖိဳး အပါအဝင္ ဟိန္းၿဖိဳးဝင္း၊ စိုးမိုးေက်ာ္၊ သက္ဟိန္းစိုး၊ ေက်ာ္မင္းဦး၊ လြင္မိုးေအာင္၊ ေအာင္သူ၊ ေမာင္ေမာင္လြင္၊ ေနမိုးႏိုင္၊ ေဝလင္းေအာင္ ႏွင့္ ခြန္းေက်ာ္ဇင္ဟိန္းတို႔ႏွင့္အတူ ၄-၄-၂ ပုံစံျဖင့္ ပြဲထြက္လာခဲ့သည္။

ထို႔ေနာက္ ယွဥ္ၿပိဳင္ကစားခဲ့ၾကရာ ပြဲကစားခ်ိန္ ၃၂ မိနစ္အေရာက္တြင္ ျမန္မာအသင္းအေနျဖင့္ ရရွိလာခဲ့ေသာ ေထာင့္ကန္ေဘာမွတစ္ဆင့္ ေမာင္ေမာင္လြင္ကေခါင္းတိုက္ခ်ေပးခဲ့ရာ ေနာက္ခံလူ စိုးမိုးေက်ာ္က ပိတ္သြင္း၍ ဦးေဆာင္ဂိုးစတင္ရရွိခဲ့ေသာ္လည္း ပြဲကစားခ်ိန္ ၇၁ မိနစ္တြင္ ဆီးရီးယားတိုက္စစ္မႉး Alaa Ai Daliက သြင္းယူခဲ့ေသာ ေခ်ပဂိုးကို ျပန္လည္ခြင့္ျပဳေပးခဲ့ရသည္။

ထို႔ေၾကာင့္ ပြဲၿပီးခ်ိန္၌ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္း ႏွင့္ ဆီးရီးယားလက္ေ႐ြးစင္အသင္းတို႔သည္ ၁ ဂိုး-၁ ဂိုးျဖင့္ သေရတစ္မွတ္စီရရွိခဲ့ၾကၿပီး ျမန္မာအသင္းအေနျဖင့္ ၂၀၂၆ ကမာၻ႔ဖလားေျခစစ္ပြဲအုပ္စုပြဲစဥ္တြင္ ပထမဆုံး ရမွတ္ ၁ မွတ္ရရွိခဲ့သည္။

အဆိုပါပြဲစဥ္ႏွင့္ ပတ္သတ္၍ ပြဲၿပီးသတင္းစာရွင္းလင္းပြဲတြင္ ျမန္မာလက္ေ႐ြးစင္အသင္းနည္းျပခ်ဳပ္ Miachel Feichtenbeinerက" ခံစစ္ကစားပုံကို အားရေက်နပ္ပါတယ္။ အထူးသျဖင့္
ပထမပိုင္း ကစားပုံေကာင္းမြန္ခဲ့တယ္။ တစ္ဂိုးနဲ႔ ဦးေဆာင္ခဲ့တဲ့အတြက္ ရလဒ္ကို ထိန္းသိမ္းဖို႔ႀကိဳးစားခဲ့တယ္။။ ေနာက္ပိုင္းမိနစ္ေတြမွာ ကစားသမားေတြ ပင္ပန္းလာၿပီး ကစားအားက်သြားတဲ့အတြက္ ေခ်ပဂိုး ျပန္ေပးခဲ့ရတယ္။ ကစားသမားေတြႀကိဳးစား အားထုတ္ပုံေကာင္းခဲ့ပါတယ္"ဟု ေျပာၾကားခဲ့သည္။

ျမန္မာ့လက္ေ႐ြးစင္အသင္းအေနျဖင့္ လာမည့္ မတ္လ ၂၇ ရက္တြင္ အေဝးကြင္းပြဲစဥ္အျဖစ္ ဆီးရီးယားအသင္း ႏွင့္ ေဆာ္ရီအာေရဗ်ႏိုင္ငံတြင္ ၾကားကြင္း သြားေရာက္ကစားရမည္ျဖစ္သည္။

Related news

© 2021. All rights reserved.