နှစ်အတန်ကြာ ပျောက်ကွယ်နေခဲ့သော မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ ကောင်းမွန်သောစုဖွဲ့မှုကို ဆီးရီးယားနှင့်ပွဲစဉ်တွင် ပြန်လည်မြင်တွေ့ရ

 5896

သန့်ဇင် (NP News) - မတ် ၂၂

နှစ်အတန်အကြာ မမြင်တွေ့ခဲ့ရသော မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ ကောင်းမွန်သောစုဖွဲ့မှုကို ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်အဖြစ်သည့် ဆီးရီးယားနှင့် ပွဲစဉ်တွင် ပြန်လည်တွေ့ရကြောင်း အားကစား ကလောင်ရှင်တစ်ဦးက NP News သို့ သုံးသပ်ပြောကြားသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် ဆီးရီးယားလက်ရွေးစင်ဘောလုံးအသင်းတို့သည် မတ်လ ၂၁ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ အဆိုပါပွဲစဉ်တွင် FIFAအဆင့် ၈၉ အဆင့်ရှိ ဆီးရီးယား အသင်းကို FIFAအဆင့် ၁၆၂ အဆင့်ရှိ မြန်မာအသင်းက သရေတစ်မှတ်ရစေရန် ခုခံကစားနိုင်ခဲ့ခြင်းဖြစ်ပြီး မြန်မာ အသင်း၏ ခြေစွမ်းတိုးတက်လာခြင်းကို ပရိသတ်များ သဘောတွေ့ခဲ့ကြသည်။

အဆိုပါပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် ပထမပိုင်းတွင် အောင်သူ၊ မောင်မောင်လွင်၊ လွင်မိုးအောင်တို့၏ ကောင်းမွန်သောခြေစွမ်းများကို တွေ့ရှိခဲ့ရပြီး အသင်း၏ကောင်းမွန်သော စုဖွဲ့မှုများမှတစ်ဆင့် စိုးမိုးကျော်က ဦးဆောင်ဂိုးသွင်းယူပေးခဲ့သည်။

“ဒီလိုစုဖွဲ့မှုက ၂၀၁၉ နောက်ပိုင်းမန္တလေးမှာ ကာဂျစ္စတန်ကို နိုင်ခဲ့တဲ့ပွဲနောက်ပိုင်းတည်းက မတွေ့ရတာ။ အခုမှ ပြန်တွေ့ရတာပေါ့။ အဲဒီတုန်းကလည်း ကာဂျစ္စတန်ကို အဝေးကွင်းမှာ ရှုံးထားတယ်ဆို အိမ်ကွင်းမှာ အောင်သူတို့ ကျော်ကိုကိုတို့ သွင်းဂိုးတွေနဲ့ ပြန်နိုင်တယ်။ ၂ ဂိုး-၁ ဂိုး ရလဒ်နဲ့ပြန်နိုင်တယ်။ အဲဒီကတည်းက (ဒီလိုကောင်းမွန်တဲ့ စုဖွဲ့မှုမျိုးကို) မတွေ့ရတာကနေ အခုမှတစ်ကျော့ပြန်တွေ့ရတာ ပေါ့နော်” ဟု အထက်ပါ အားကစား ကလောင်ရှင် က ဆိုသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် ဂျပန်အသင်း၊ မြောက်ကိုယားအသင်းတို့နှင့် ကစားခဲ့သည့် ပွဲစဉ်များ တွင် ခံစစ်အသားပေးကစားရန် ကြိုးပမ်းခဲ့ရာ ပေးဂိုးများခွင့်ပြုပေးခဲ့ရပြီးနောက် ရလဒ်ကောင်းများ မရရှိခဲ့သော် လည်း ဆီးရီးယားနှင့်ပွဲစဉ်တွင် အကောင်းဆုံးတုံ့ပြန်ကစားသွားခဲ့သည်ကို မြင်တွေ့ခဲ့ရကြောင်း ၎င်းက ဆက်လက် ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့် မတ်လ ၂၇ ရက်တွင် ဆီးရီးယားအသင်းနှင့်ယှဉ်ပြိုင်ရန် ဆော်ဒီနိုင်ငံသို့ ကြားကွင်းအနေဖြင့် သွားရောက်ကစားရမည်ဖြစ်ပြီး ပြီးခဲ့သည့်ပွဲစဉ်က အသင်းစုဖွဲ့မှုအတိုင်း ကစားသမားများကို ပွဲထုတ် ကစားသွားဖွယ်ရှိကြောင်း သိရသည်။

“မြန်မာအတွက်တစ်ခုကောင်းတာက ဆီးရီးယားအိမ်ကွင်းမှာ သွားကစားခွင့်မရတာက ပိုကောင်းသွားတာ။ ကြားကွင်းဆိုပေမယ့်လည်း သူတို့ဘက်ကကွင်းဖြစ်တယ်ပေါ့နော်။ ပြီးတော့ ကန်ရမယ့်အချိန်က ဒီမှာဆို ည ၁ နာရီ ပေါ့။ အဲဒီအတွက် ကစားသမားတွေက အချိန်တစ်ခု ပြဿနာရှိနိုင်တယ်။ နောက်ပြီးတော့ ဆီးရီးယားကလည်း မြန်မာနဲ့ပွဲမှာ နိုင်မယ်ဆိုပြီးတော့တွေးထားတာ။ အဲဒီမှာ သူတို့ထင်ထားတဲ့ရလဒ်မဖြစ်တဲ့အတွက် အဝေးကွင်း သွားကန်ရရင် မြန်မာအသင်း ပိုခက်ခဲလိမ့်မယ်။ ဆီးရီးယားက နိုင်တော့ နိုင်လိမ့်မယ်။ ဒါပေမယ့် ဂိုးပြတ်ကြီး မဖြစ် လောက်ဖူးလို့တော့ ထင်တယ်။ အများဆုံး ၂ ဂိုး- ၁ ဂိုး လောက်တော့ဖြစ်လိမ့်မယ်” ဟု ၎င်းက ပွဲကြိုသုံးသပ် ပြောကြားသည်။

မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ပထမပိုင်းတွင် ကစားပုံကောင်းမွန်၍ ဦးဆောင်ဂိုး ရရှိခဲ့ပြီး ဒုတိယပိုင်းတွင် ကစားသမားများ ပင်ပန်းကာ ကစားအားကျဆင်းသွားမှုကြောင့် ချေပဂိုးပြန်လည်ခွင့်ပြုပေးခဲ့ရကြောင်း ဆီးရီးယား နှင့်ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် Miachel Feichtenbeinerက ထုတ်ဖော်ပြောကြားခဲ့သည်။

Zawgyi Version;
ႏွစ္အတန္ၾကာ ေပ်ာက္ကြယ္ေနခဲ့ေသာ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္း၏ ေကာင္းမြန္ေသာစုဖြဲ႕မႈကို ဆီးရီးယားႏွင့္ပြဲစဥ္တြင္ ျပန္လည္ျမင္ေတြ႕ရ
သန႔္ဇင္ (NP News) - မတ္ ၂၂

ႏွစ္အတန္အၾကာ မျမင္ေတြ႕ခဲ့ရေသာ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္း၏ ေကာင္းမြန္ေသာစုဖြဲ႕မႈကို ၂၀၂၆ ကမာၻ႔ဖလားေျခစစ္ပြဲ ဒုတိယအဆင့္ပြဲစဥ္အျဖစ္သည့္ ဆီးရီးယားႏွင့္ ပြဲစဥ္တြင္ ျပန္လည္ေတြ႕ရေၾကာင္း အားကစား ကေလာင္ရွင္တစ္ဦးက NP News သို႔ သုံးသပ္ေျပာၾကားသည္။

ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းႏွင့္ ဆီးရီးယားလက္ေ႐ြးစင္ေဘာလုံးအသင္းတို႔သည္ မတ္လ ၂၁ ရက္က ရန္ကုန္ၿမိဳ႕ရွိ သုဝဏၰကြင္းတြင္ ယွဥ္ၿပိဳင္ကစားခဲ့ရာ အဆိုပါပြဲစဥ္တြင္ FIFAအဆင့္ ၈၉ အဆင့္ရွိ ဆီးရီးယား အသင္းကို FIFAအဆင့္ ၁၆၂ အဆင့္ရွိ ျမန္မာအသင္းက သေရတစ္မွတ္ရေစရန္ ခုခံကစားႏိုင္ခဲ့ျခင္းျဖစ္ၿပီး ျမန္မာ အသင္း၏ ေျခစြမ္းတိုးတက္လာျခင္းကို ပရိသတ္မ်ား သေဘာေတြ႕ခဲ့ၾကသည္။

အဆိုပါပြဲစဥ္တြင္ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းအေနျဖင့္ ပထမပိုင္းတြင္ ေအာင္သူ၊ ေမာင္ေမာင္လြင္၊ လြင္မိုးေအာင္တို႔၏ ေကာင္းမြန္ေသာေျခစြမ္းမ်ားကို ေတြ႕ရွိခဲ့ရၿပီး အသင္း၏ေကာင္းမြန္ေသာ စုဖြဲ႕မႈမ်ားမွတစ္ဆင့္ စိုးမိုးေက်ာ္က ဦးေဆာင္ဂိုးသြင္းယူေပးခဲ့သည္။

“ဒီလိုစုဖြဲ႕မႈက ၂၀၁၉ ေနာက္ပိုင္းမႏၲေလးမွာ ကာဂ်စၥတန္ကို ႏိုင္ခဲ့တဲ့ပြဲေနာက္ပိုင္းတည္းက မေတြ႕ရတာ။ အခုမွ ျပန္ေတြ႕ရတာေပါ့။ အဲဒီတုန္းကလည္း ကာဂ်စၥတန္ကို အေဝးကြင္းမွာ ရႈံးထားတယ္ဆို အိမ္ကြင္းမွာ ေအာင္သူတို႔ ေက်ာ္ကိုကိုတို႔ သြင္းဂိုးေတြနဲ႔ ျပန္ႏိုင္တယ္။ ၂ ဂိုး-၁ ဂိုး ရလဒ္နဲ႔ျပန္ႏိုင္တယ္။ အဲဒီကတည္းက (ဒီလိုေကာင္းမြန္တဲ့ စုဖြဲ႕မႈမ်ိဳးကို) မေတြ႕ရတာကေန အခုမွတစ္ေက်ာ့ျပန္ေတြ႕ရတာ ေပါ့ေနာ္” ဟု အထက္ပါ အားကစား ကေလာင္ရွင္ က ဆိုသည္။

ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းအေနျဖင့္ ဂ်ပန္အသင္း၊ ေျမာက္ကိုယားအသင္းတို႔ႏွင့္ ကစားခဲ့သည့္ ပြဲစဥ္မ်ား တြင္ ခံစစ္အသားေပးကစားရန္ ႀကိဳးပမ္းခဲ့ရာ ေပးဂိုးမ်ားခြင့္ျပဳေပးခဲ့ရၿပီးေနာက္ ရလဒ္ေကာင္းမ်ား မရရွိခဲ့ေသာ္ လည္း ဆီးရီးယားႏွင့္ပြဲစဥ္တြင္ အေကာင္းဆုံးတုံ႔ျပန္ကစားသြားခဲ့သည္ကို ျမင္ေတြ႕ခဲ့ရေၾကာင္း ၎က ဆက္လက္ ေျပာသည္။

ျမန္မာ့လက္ေ႐ြးစင္အသင္းသည္ လာမည့္ မတ္လ ၂၇ ရက္တြင္ ဆီးရီးယားအသင္းႏွင့္ယွဥ္ၿပိဳင္ရန္ ေဆာ္ဒီႏိုင္ငံသို႔ ၾကားကြင္းအေနျဖင့္ သြားေရာက္ကစားရမည္ျဖစ္ၿပီး ၿပီးခဲ့သည့္ပြဲစဥ္က အသင္းစုဖြဲ႕မႈအတိုင္း ကစားသမားမ်ားကို ပြဲထုတ္ ကစားသြားဖြယ္ရွိေၾကာင္း သိရသည္။

“ျမန္မာအတြက္တစ္ခုေကာင္းတာက ဆီးရီးယားအိမ္ကြင္းမွာ သြားကစားခြင့္မရတာက ပိုေကာင္းသြားတာ။ ၾကားကြင္းဆိုေပမယ့္လည္း သူတို႔ဘက္ကကြင္းျဖစ္တယ္ေပါ့ေနာ္။ ၿပီးေတာ့ ကန္ရမယ့္အခ်ိန္က ဒီမွာဆို ည ၁ နာရီ ေပါ့။ အဲဒီအတြက္ ကစားသမားေတြက အခ်ိန္တစ္ခု ျပႆနာရွိႏိုင္တယ္။ ေနာက္ၿပီးေတာ့ ဆီးရီးယားကလည္း ျမန္မာနဲ႔ပြဲမွာ ႏိုင္မယ္ဆိုၿပီးေတာ့ေတြးထားတာ။ အဲဒီမွာ သူတို႔ထင္ထားတဲ့ရလဒ္မျဖစ္တဲ့အတြက္ အေဝးကြင္း သြားကန္ရရင္ ျမန္မာအသင္း ပိုခက္ခဲလိမ့္မယ္။ ဆီးရီးယားက ႏိုင္ေတာ့ ႏိုင္လိမ့္မယ္။ ဒါေပမယ့္ ဂိုးျပတ္ႀကီး မျဖစ္ ေလာက္ဖူးလို႔ေတာ့ ထင္တယ္။ အမ်ားဆုံး ၂ ဂိုး- ၁ ဂိုး ေလာက္ေတာ့ျဖစ္လိမ့္မယ္” ဟု ၎က ပြဲႀကိဳသုံးသပ္ ေျပာၾကားသည္။

ျမန္မာ့လက္ေ႐ြးစင္အသင္းအေနျဖင့္ ပထမပိုင္းတြင္ ကစားပုံေကာင္းမြန္၍ ဦးေဆာင္ဂိုး ရရွိခဲ့ၿပီး ဒုတိယပိုင္းတြင္ ကစားသမားမ်ား ပင္ပန္းကာ ကစားအားက်ဆင္းသြားမႈေၾကာင့္ ေခ်ပဂိုးျပန္လည္ခြင့္ျပဳေပးခဲ့ရေၾကာင္း ဆီးရီးယား ႏွင့္ပြဲအၿပီး သတင္းစာရွင္းလင္းပြဲတြင္ ျမန္မာ့လက္ေ႐ြးစင္အသင္းနည္းျပခ်ဳပ္ Miachel Feichtenbeinerက ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.