ရှီကျင့်ဖျင်အစိုးရအပေါ် တရုတ်လူထု အထင်လွဲရန်နှင့် ကမ္ဘာက သံသယဖြစ်စေရန် လုပ်ဆောင်မှု ဂျိုးဘိုင်ဒင် ဆက်လက်ကျင့်သုံးခြင်း ရှိ-မရှိ သေချာစွာ မသိရှိရ (ဘာသာပြန်ဆောင်းပါး)

 320

Htay Oung (NP News) - မတ် ၂၃

သမ္မတဖြစ်လာပြီး ၂ နှစ်ခန့်အကြာမှာ ဒေါ်နယ်ထရမ့်ဟာ လျှို့ဝှက်လှုပ်ရှားမှုအစီအစဉ်တစ်ရပ်ကို စတင်ခဲ့ကြောင်း၊ ရှီကျင့်ဖျင်အစိုးရအပေါ် တရုတ်ပြည်သူများရဲ့အမြင်ကို ပြောင်းလဲစေဖို့အတွက် တရုတ်လူမှုကွန်ရက်မှာ မွှေနှောက် ပေးရန် အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီကို အခွင့်အာဏာပေးအပ်ခဲ့ကြောင်း စီအိုင်အေဝန်ထမ်းများက ပြောဆိုတယ်လို့ ၂ဝ၂၄ ခုနှစ် မတ်လ ၁၄ ရက်မှာ ရိုက်တာသတင်းအေဂျင်စီက ‌ရေးသားပါတယ်။

စီအိုင်အေဟာ လုပ်ငန်းအဖွဲ့ငယ်တစ်ခုဖွဲ့စည်းခဲ့ပြီး တရုတ်အစိုးရဲ့သတင်းပေါက်ကြားသူအဖြစ် ဟန်ဆောင်ခဲ့ ကြောင်း၊ ရှီကျင့်ဖျင်အစိုးရနဲ့ပတ်သက်တဲ့အနှုတ်လက္ခဏာသဘော ဇာတ်လမ်းများ၊ သတင်းတုများကို ပြည်ပ မီဒီယာများထံ ဖြန့်ဝေပေးခဲ့ရတယ်လို့ စီအိုင်အေဝန်ထမ်းဟောင်း သုံးဦးက ပြောပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက စတင်ခဲ့တယ်ဆိုတဲ့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ယခင်က သတင်းထွက်ပေါ်ခြင်း မရှိသေးပါဘူး။

လွန်ခဲ့တဲ့ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံရဲ့ကမ္ဘာ့အနှံ့ခြေဆန့်မှုဟာ လျင်မြန်စွာကျယ်ပြန့်လာခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများနဲ့ ကုန်သွယ်ရေးစာချုပ်များ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအပြင် စစ်ရေးသဘောတူစာ ချုပ်များအထိ အချိန်တိုအတွင်း လျှင်မြန်စွာ သြဇာချဲ့ထွင်လာပါတယ်။ ဒီနေရာမှာ ဖွံ့ဖြိုးဆဲကမ္ဘာရဲ့အခြေခံအ ဆောက်အအုံ စီမံကိန်းများအတွက် ငွေကြေးပံ့ပိုးပေးမယ်ဆိုတဲ့ တရုတ်ရဲ့ “ရပ်ဝန်းနဲ့ လမ်း” BRI ဆိုတာ အကြံ အဖန်လုပ်တဲ့ ငွေကြေးမသမာမှုဖြစ်ကြောင်း၊ တရုတ်ပြည်ကို အုပ်ချုပ်နေတဲ့ ကွန်မြူနစ်ပါတီဝင်တွေဟာ ပြည်ပ မှာ တရားမဝင် ငွေကြေးတွေ ခိုးဝှက်အပ်နှံထားကြောင်း စသည်ဖြင့် လံကြုတ်သတင်းများကို စီအိုင်အေက ဖန် တီးပေးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေးရဲ့ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားရန် အမေရိကန်တာဝန်ရှိသူများက ငြင်းဆိုပါ တယ်။ ဒါပေမယ့် အမှန်အချက်အလက်များမှာ အပုပ်ချစကားလုံးတွေ ဖုံးလွှမ်းပြီး ယုန်ထင်ကြောင် ထင်ဖြစ်အောင် ထောက်လှမ်းရေး ပညာနဲ့လျှို့ဝှက်သတင်း ထုတ်ပြန်ပေးရတယ်လို့ ပြောပါတယ်။ တရုတ်ပြည် နဲ့ပတ်သက်တဲ့ လတ်တလောသတင်းများအပေါ်လိုက်ပြီး တရုတ်လူထုက သူတို့အစိုးရအပေါ် မကောင်းဆိုးဝါးသဖွယ် ထင်မှတ် လာအောင် ဘေးတီးပေးခဲ့ရကြောင်း၊ တင်းကြပ်ထိန်းချုပ်ထားတဲ့ အင်တာနက်ကွန်ရက်စနစ်အတွင်း ဝင်ရောက်ပြီး အချိန်ယူ မွှေနှောက်ပေးခဲ့ရတယ်လို့ သိရှိရပါတယ်။

အဲဒီလိုစစ်ဆင်ရေးမျိုး ရှိ-မရှိ၊ ရည်မှန်းချက် (သို့မဟုတ်) ထိရောက်မှု ရှိ-မရှိ ဆိုတာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးရန် စီအိုင်အေပြောခွင့်ရပုဂ္ဂိုလ် ချယ်ဆီးရော်ဘင်ဆန်က ငြင်းဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနပြောခွင့်ရသူကတော့ သတင်းမီဒီယာပလက်ဖောင်းကို လက်နက်သဖွယ်အသုံးပြုတဲ့စီအိုင်အေရဲ့လုပ်ရပ် သတင်းနဲ့ပတ်သက်ပြီး အင်မတန်စိတ်ပျက်မိကြောင်း၊ နှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ထိခိုက်စေတယ်လို့ ပြောပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ဆက်ဆံရာမှာ အမှန်တရားနဲ့ ဓမ္မဓိဋ္ဌာန်ကျမှုကို အခြေခံပြီး သမာသမတ်ကျဖို့ အိမ်ဖြူတော်ကို တောင်းဆိုတယ်လို့ မှတ်ချက်ပေးပါတယ်။

နှစ်ပေါင်းများစွာ ကြိတ်ပြီး ရန်စောင်နေခဲ့တဲ့ တရုတ်က ကမ္ဘာအဝှန်း သြဇာလွှမ်းမိုးရေး ခြေပုန်းခုတ်လာခြင်း အပေါ် တန်ပြန်တဲ့အနေနဲ့ အဲဒီ စီအိုင်အေစစ်ဆင်ရေး ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုပါတယ်။ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့သမ္မတသက်တမ်းအတွင်း ယခင်အမေရိကန်ခေါင်းဆောင်များထက် တရုတ်အပေါ် ပိုမို ပြင်းထန်စွာတုံ့ပြန်ဖို့ ဖိအားပေးခဲ့ကြောင်း၊ စီအိုင်အေရဲ့လုပ်ရပ်ဟာ တစ်ချိန်က ဆိုဗီယက်ယူနီယံအပေါ် ဝါရှင်တန်ရဲ့ကျားကုတ်ကျားခဲ နည်းလမ်းများအတိုင်းဖြစ်နေတယ်လို့ “စစ်အေးတိုက်ပွဲ ပြန်လာပြီ “ နိုင်ငံရေး စစ်ပွဲ သမိုင်းစာအုပ်ကို ရေးသားသူ တမ်_ဝိုင်နာက ပြောပါတယ်။

စီအိုင်အေစစ်ဆင်ရေးဟာ ဘယ်လိုအကျိုးရလဒ်ထွက်ပေါ်ခဲ့တယ် (သို့မဟုတ်) လက်ရှိဂျိုးဘိုင်ဒင်အစိုးရအနေနဲ့ အဲဒီစစ်ဆင်ရေးကို ဆက်လက်အကောင်အထည်ဖော်နေခြင်း ရှိ-မရှိ ရှင်းလင်းစွာ မသိရပါဘူး။ ဘိုင်ဒင်အစိုးရ အမျိုးသားလုံခြုံရေး ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ကိတ်_ဝါးတားကတော့ အဲ့ဒီစစ်ဆင်ရေး အမှန်တကယ် ရှိခဲ့-မရှိခဲ့နဲ့ ဆက်လက်လှုပ်ရှားနေခြင်း ရှိ-မရှိ မှတ်ချက်ပေးရန် ငြင်းဆိုပါတယ်။ ထောက်လှမ်းရေးဆိုင်ရာအကြောင်း အရာများ ကို လေ့လာမှတ်တမ်းပြုစုနေသူ နှစ်ဦးကတော့ အမေရိကန်သမ္မတတစ်ဦးဟာ သူ့ရဲ့အခွင့်အာဏာကို အသုံးပြုပြီး စီအိုင်အေအနေနဲ့ လျှို့ဝှက်ဆောင်ရွက်ရန် အမိန့်ပေးပိုင်ခွင့် ရှိကြောင်း၊ အိမ်ဖြူတော်ရဲ့ အဲဒီလိုအမိန့်မျိုးဟာ သမ္မတ တစ်ဦးပြီး တစ်ဦး ဆက်လက်တည်ရှိနေတတ်တယ်လို့ ပြောပါတယ်။

ရိုက်တာဖော်ထုတ်တွေ့ရှိခဲ့တဲ့ သတင်းရင်းမြစ်များအရ “၂၀၁၉-ခုနှစ် စီအိုင်အေလုပ်ပိုင်ခွင့်” ဟာ ပမာဏ အတော် ကြီးမားပြီး လေးနက်မှုရှိကြောင်း ညွှန်ပြနေပါတယ်။ စီအိုင်အေ အနေနဲ့ တရုတ်နိုင်ငံတွင်သာမက ဝါရှင် တန်နဲ့ ပေကျင်းတို့က သြဇာလွှမ်းမိုးရန် ပြိုင်ဆိုင်နေတဲ့ အခြားကမ္ဘာ့နိုင်ငံများမှာလည်း အရေးယူဆောင် ရွက် နိုင်ခဲ့ပါတယ်။ စစ်ဆင်ရေးဟာ အရှေ့တောင်အာရှ၊ အာဖရိကနဲ့ တောင်ပစိဖိတ်ဒေသရှိ လူထုအမြင်ကို လိုသလို ထိန်းချုပ်ဖို့ ရည်ရွယ်ကြောင်း အမေရိကန်အရာရှိဟောင်းလေးဦးက ပြောပါတယ်။ အမေရိတန်အနေနဲ့ ထိထိရောက် ရောက် ထိုးနှက်တဲ့အဆင့်ထိ မစွမ်းဆောင်နိုင်ခဲ့ပေမယ့် ခြေလှမ်းသွက်နေတဲ့ တရုတ်ကို ကလိပေးသလို လုပ်နိုင်ခဲ့ တယ်လို့ ဒီကိစ္စနဲ့ပတ်သက်ပြီး အကျွမ်းတဝင်ရှိသူ အမေရိတန် အမျိုးသားလုံခြုံရေးအရာရှိဟောင်းက တစ်ဦးက ပြောပါတယ်။

ယခု သမ္မတလောင်းအဖြစ် ရီပတ်ဘလီကင် တစ်ပြေးနေသူ ဒေါ်နယ်ထရမ့်ကလည်း နိုဝင်ဘာ ရွေးကောက်ပွဲ မှာ သူသာ ပြန်လည်အရွေးခံရမယ်ဆိုရင် တရုတ်နိုင်ငံအပေါ် ပိုမိုတင်းတင်းကျပ်ကျပ်နဲ့ ချဉ်းကပ်သွားမှာ ဖြစ် ကြောင်း အရိပ်အမြွက်ပြောဆိုနေပါတယ်။။ ထရမ့်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးဟောင်း ဂျွန်_ဘိုလ် တန်နဲ့ ထရမ့်ရဲ့ လက်ရှိပြောရေးဆိုခွင့်ရှိသူတို့ကတော့ စီအိုင်အေခွင့်ပြုမိန့်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုကြပါတယ်။ သူတို့နှစ်ဦးစလုံးဟာ လျှိ့ဝှက်အမိန့်ကို ထရမ့်လက်မှတ်ရေးထိုးခဲ့တယ်ဆိုတဲ့ ၂၀၁၉ ခုနှစ် အိမ်ဖြူတော်မှာ တာဝန် ထမ်းဆောင်ခဲ့ကြသူများ ဖြစ်ပါတယ်။

ပေကျင်းရဲ့ စီးပွားရေးနဲ့ကုန်သွယ်ရေးမှာ လက်တုံ့ပြန်နိုင်စွမ်း လျှင်မြန်မှုကြောင့် တရုတ်နဲ့ အမေရိကန်တို့အ ကြား တင်းမာမှုများ သိသိသာသာ တိုးလာနိုင်ဖွယ်ရှိကြောင်း သမ္မတရဲ့ ခွင့်ပြုမိန့်အကြောင်း သိရှိသူ အရှေ့ အာရှဆိုင်ရာ စီအိုင်အေရေးရာ အကြီးတန်း လေ့လာသူဟောင်း ပေါလ်_ဟီယာက ပြောပါတယ်။ ဥပမာအားဖြင့် ၂၀၂၀ ခုနှစ် COVID-19 ကပ်ရောဂါရဲ့ဇာစ်မြစ်အကြောင်း စုံစမ်းစစ်ဆေးရန် တောင်းဆိုတဲ့ သြစတြေးလျ အပေါ် ပေကျင်းက ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ စိုက်ပျိုးခွန်ဖြင့် ကုန်သွယ်ရေး ပိတ်ဆို့ခဲ့ဖူးပုံကို ထောက်ပြပါတယ်။

တရုတ်က ပထဝီဝင်နိုင်ငံရေးဆိုင်ရာ အငြင်းပွားမှုများမှာ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ထောက်ခံမှုကို ရယူရန် လာဘ် ပေးလာဘ်ယူမှုနဲ့ ခြိမ်းခြောက်မှုများကို အသုံးချနေကြောင်း၊ တရုတ်ဟာ သူ့ရဲ့ရှေ့တန်းအုပ်စုများမှ တဆင့် အမေရိကန်နိုင်ငံအတွင်း ခွဲထုတ်ရန် ကြိုးပမ်းနေကြောင်း အမေရိကန်ထောက်လှမ်းရေးအသိုက်အဝန်းရဲ့ နှစ် ပေါင်းများစွာ သတိပေးချက်များနဲ့ သတင်းမီဒီယာများရဲ့စွပ်စွဲရေးသားချက်များ ထွက်ပေါ်လာပြီးနောက် ဒေါ် နယ်ထရမ့်ရဲ့ ၂၀၁၉ ခုနှစ် ခုနှစ် အခွင့်အာဏာပေးအပ်ခြင်း အမိန့်ကိစ္စ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။

ပေကျင်းကတော့ အခြားနိုင်ငံများရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ရေးမူဝါဒကို လိုက်နာပြီး အမေရိ ကန်ရဲ့ ပြည်တွင်းရေးမှာလည်း ဝင်ရောက်စွက်ဖက်ခြင်း မရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုပါတယ်။

အဲဒါမတိုင်မီ စောစောပိုင်းနှစ်များတုန်းကလည်း အမေရိကန်အဖွဲ့အစည်းများအပေါ် ရုရှားနဲ့ တရုတ်တို့က ဆိုက်ဘာတိုက်ခိုက်မှု အများအပြားပြုလုပ်ပြီးနောက် အမေရိကန်ရဲ့ ရန်သူများကို ထိုးစစ်ဆင်ရန် သမ္မတဒေါ် နယ်ထရမ့်က စီအိုင်အေကို အခွင့်အာဏာကုန် ပေးအပ်ခဲ့ကြောင်း ရဟူး_နယူးးစ်က ဖော်ပြခဲ့ဖူးပါတယ်။ အဲဒီ သတင်းမှန်ကန်မှုကို ရိုက်တာအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

အဆိုပါ ခွင့်ပြုမိန့်ကို အဲဒီအချိန် အမျိုးသားလုံခြုံရေးကောင်စီမှ အကြီးတန်းအရာရှိဖြစ်သူ မက်_ပိုတင်ဂျာက ဖန်တီးခဲ့ခြင်းဖြစ်တယ်လို့ စီအိုင်အေအရာရှိဟောင်း သုံးဦးက ပြောပါတယ်။ ပေကျင်းရဲ့ ဆိုးဆိုးရွားရွား သြဇာ ချဲ့ထွင်မှု၊ ဉာဏပစ္စည်း ခိုးယူမှုနဲ့ စစ်အင်အား တိုးချဲ့ကြောင်း စွပ်စွဲချက်တွေဟာ အမေရိကန်အမျိုးသားလုံခြုံရေး အပေါ် ခြိမ်းခြောက်မှုအဖြစ် ရှု့မြင်ခြင်းကြောင့်ဖြစ်တယ်လို့ အရာရှိဟောင်းတစ်ဦးက ဆိုပါတယ်။

မက်_ပိုတင်ဂျာကတော့ သူ့အနေနဲ့ အမေရိကန် ထောက်လှမ်းရေးလုပ်ဆောင်ချက်များနဲ့ပတ်သက်၍ စွပ်စွဲ ချက်များ တိကျမှု (သို့မဟုတ်) မှန်ကန်မှု ရှိ-မရှိ မှတ်ချက်ပေးမည် မဟုတ်ကြောင်းပြောပါတယ်။ အမေရိကန် ထောက်လှမ်းရေးဋ္ဌာနရဲ့ စစ်ဆင်ရေးများကို အတိအကျ သိရှိထားလိမ့်မယ်လို့ ယူဆလျှင် မှားယွင်းပါလိမ့် မယ်လို့ ရိုက်တာသတင်းဌာနရဲ့ မေးခွန်းကို ပြန်လည်ဖြေဆိုပါတယ်။

#တရုတ် #သမ္မတဟောင်းဒေါ်နယ်ထရမ့် #စီအိုင်အေ
(Reuters., 14 March 2024, “Exclusive: Trump launched CIA covert influence operation against China” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။

Zawgyi Version;
ရွီက်င့္ဖ်င္အစိုးရအေပၚ တ႐ုတ္လူထု အထင္လြဲရန္ႏွင့္ ကမာၻက သံသယျဖစ္ေစရန္ လုပ္ေဆာင္မႈ ဂ်ိဳးဘိုင္ဒင္ ဆက္လက္က်င့္သုံးျခင္း ရွိ-မရွိ ေသခ်ာစြာ မသိရွိရ (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - မတ္ ၂၃

သမၼတျဖစ္လာၿပီး ၂ ႏွစ္ခန႔္အၾကာမွာ ေဒၚနယ္ထရမ့္ဟာ လွ်ိဳ႕ဝွက္လႈပ္ရွားမႈအစီအစဥ္တစ္ရပ္ကို စတင္ခဲ့ေၾကာင္း၊ ရွီက်င့္ဖ်င္အစိုးရအေပၚ တ႐ုတ္ျပည္သူမ်ားရဲ႕အျမင္ကို ေျပာင္းလဲေစဖို႔အတြက္ တ႐ုတ္လူမႈကြန္ရက္မွာ ေမႊေႏွာက္ ေပးရန္ အေမရိကန္ဗဟိုေထာက္လွမ္းေရးေအဂ်င္စီကို အခြင့္အာဏာေပးအပ္ခဲ့ေၾကာင္း စီအိုင္ေအဝန္ထမ္းမ်ားက ေျပာဆိုတယ္လို႔ ၂ဝ၂၄ ခုႏွစ္ မတ္လ ၁၄ ရက္မွာ ႐ိုက္တာသတင္းေအဂ်င္စီက ‌ေရးသားပါတယ္။

စီအိုင္ေအဟာ လုပ္ငန္းအဖြဲ႕ငယ္တစ္ခုဖြဲ႕စည္းခဲ့ၿပီး တ႐ုတ္အစိုးရဲ႕သတင္းေပါက္ၾကားသူအျဖစ္ ဟန္ေဆာင္ခဲ့ ေၾကာင္း၊ ရွီက်င့္ဖ်င္အစိုးရနဲ႔ပတ္သက္တဲ့အႏႈတ္လကၡဏာသေဘာ ဇာတ္လမ္းမ်ား၊ သတင္းတုမ်ားကို ျပည္ပ မီဒီယာမ်ားထံ ျဖန႔္ေဝေပးခဲ့ရတယ္လို႔ စီအိုင္ေအဝန္ထမ္းေဟာင္း သုံးဦးက ေျပာပါတယ္။ ၂၀၁၉ ခုႏွစ္တုန္းက စတင္ခဲ့တယ္ဆိုတဲ့ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ယခင္က သတင္းထြက္ေပၚျခင္း မရွိေသးပါဘူး။

လြန္ခဲ့တဲ့ဆယ္စုႏွစ္မ်ားအတြင္း တ႐ုတ္ႏိုင္ငံရဲ႕ကမာၻ႔အႏွံ႔ေျခဆန႔္မႈဟာ လ်င္ျမန္စြာက်ယ္ျပန႔္လာခဲ့ပါတယ္။ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားနဲ႔ ကုန္သြယ္ေရးစာခ်ဳပ္မ်ား၊ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈမ်ားအျပင္ စစ္ေရးသေဘာတူစာ ခ်ဳပ္မ်ားအထိ အခ်ိန္တိုအတြင္း လွ်င္ျမန္စြာ ၾသဇာခ်ဲ႕ထြင္လာပါတယ္။ ဒီေနရာမွာ ဖြံ႕ၿဖိဳးဆဲကမာၻရဲ႕အေျခခံအ ေဆာက္အအုံ စီမံကိန္းမ်ားအတြက္ ေငြေၾကးပံ့ပိုးေပးမယ္ဆိုတဲ့ တ႐ုတ္ရဲ႕ “ရပ္ဝန္းနဲ႔ လမ္း” BRI ဆိုတာ အႀကံ အဖန္လုပ္တဲ့ ေငြေၾကးမသမာမႈျဖစ္ေၾကာင္း၊ တ႐ုတ္ျပည္ကို အုပ္ခ်ဳပ္ေနတဲ့ ကြန္ျမဴနစ္ပါတီဝင္ေတြဟာ ျပည္ပ မွာ တရားမဝင္ ေငြေၾကးေတြ ခိုးဝွက္အပ္ႏွံထားေၾကာင္း စသည္ျဖင့္ လံၾကဳတ္သတင္းမ်ားကို စီအိုင္ေအက ဖန္ တီးေပးခဲ့ရတယ္လို႔ ဆိုပါတယ္။

စစ္ဆင္ေရးရဲ႕ အေသးစိတ္အခ်က္အလက္မ်ားကို ထုတ္ေဖာ္ေျပာၾကားရန္ အေမရိကန္တာဝန္ရွိသူမ်ားက ျငင္းဆိုပါ တယ္။ ဒါေပမယ့္ အမွန္အခ်က္အလက္မ်ားမွာ အပုပ္ခ်စကားလုံးေတြ ဖုံးလႊမ္းၿပီး ယုန္ထင္ေၾကာင္ ထင္ျဖစ္ေအာင္ ေထာက္လွမ္းေရး ပညာနဲ႔လွ်ိဳ႕ဝွက္သတင္း ထုတ္ျပန္ေပးရတယ္လို႔ ေျပာပါတယ္။ တ႐ုတ္ျပည္ နဲ႔ပတ္သက္တဲ့ လတ္တေလာသတင္းမ်ားအေပၚလိုက္ၿပီး တ႐ုတ္လူထုက သူတို႔အစိုးရအေပၚ မေကာင္းဆိုးဝါးသဖြယ္ ထင္မွတ္ လာေအာင္ ေဘးတီးေပးခဲ့ရေၾကာင္း၊ တင္းၾကပ္ထိန္းခ်ဳပ္ထားတဲ့ အင္တာနက္ကြန္ရက္စနစ္အတြင္း ဝင္ေရာက္ၿပီး အခ်ိန္ယူ ေမႊေႏွာက္ေပးခဲ့ရတယ္လို႔ သိရွိရပါတယ္။

အဲဒီလိုစစ္ဆင္ေရးမ်ိဳး ရွိ-မရွိ၊ ရည္မွန္းခ်က္ (သို႔မဟုတ္) ထိေရာက္မႈ ရွိ-မရွိ ဆိုတာနဲ႔ပတ္သက္ၿပီး တစ္စုံတစ္ရာ မွတ္ခ်က္ေပးရန္ စီအိုင္ေအေျပာခြင့္ရပုဂၢိဳလ္ ခ်ယ္ဆီးေရာ္ဘင္ဆန္က ျငင္းဆိုပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဌာနေျပာခြင့္ရသူကေတာ့ သတင္းမီဒီယာပလက္ေဖာင္းကို လက္နက္သဖြယ္အသုံးျပဳတဲ့စီအိုင္ေအရဲ႕လုပ္ရပ္ သတင္းနဲ႔ပတ္သက္ၿပီး အင္မတန္စိတ္ပ်က္မိေၾကာင္း၊ ႏွစ္ႏိုင္ငံအၾကား အျပန္အလွန္ယုံၾကည္မႈနဲ႔ ပူးေပါင္း ေဆာင္႐ြက္မႈကို ထိခိုက္ေစတယ္လို႔ ေျပာပါတယ္။ ႏိုင္ငံတကာအသိုင္းအဝိုင္းနဲ႔ဆက္ဆံရာမွာ အမွန္တရားနဲ႔ ဓမၼဓိ႒ာန္က်မႈကို အေျခခံၿပီး သမာသမတ္က်ဖို႔ အိမ္ျဖဴေတာ္ကို ေတာင္းဆိုတယ္လို႔ မွတ္ခ်က္ေပးပါတယ္။

ႏွစ္ေပါင္းမ်ားစြာ ႀကိတ္ၿပီး ရန္ေစာင္ေနခဲ့တဲ့ တ႐ုတ္က ကမာၻအဝွန္း ၾသဇာလႊမ္းမိုးေရး ေျခပုန္းခုတ္လာျခင္း အေပၚ တန္ျပန္တဲ့အေနနဲ႔ အဲဒီ စီအိုင္ေအစစ္ဆင္ေရး ထြက္ေပၚလာျခင္းျဖစ္ေၾကာင္း သတင္းရင္းျမစ္မ်ားက ဆိုပါတယ္။ ေဒၚနယ္ထရမ့္ဟာ သူ႔ရဲ႕သမၼတသက္တမ္းအတြင္း ယခင္အေမရိကန္ေခါင္းေဆာင္မ်ားထက္ တ႐ုတ္အေပၚ ပိုမို ျပင္းထန္စြာတုံ႔ျပန္ဖို႔ ဖိအားေပးခဲ့ေၾကာင္း၊ စီအိုင္ေအရဲ႕လုပ္ရပ္ဟာ တစ္ခ်ိန္က ဆိုဗီယက္ယူနီယံအေပၚ ဝါရွင္တန္ရဲ႕က်ားကုတ္က်ားခဲ နည္းလမ္းမ်ားအတိုင္းျဖစ္ေနတယ္လို႔ “စစ္ေအးတိုက္ပြဲ ျပန္လာၿပီ “ ႏိုင္ငံေရး စစ္ပြဲ သမိုင္းစာအုပ္ကို ေရးသားသူ တမ္_ဝိုင္နာက ေျပာပါတယ္။

စီအိုင္ေအစစ္ဆင္ေရးဟာ ဘယ္လိုအက်ိဳးရလဒ္ထြက္ေပၚခဲ့တယ္ (သို႔မဟုတ္) လက္ရွိဂ်ိဳးဘိုင္ဒင္အစိုးရအေနနဲ႔ အဲဒီစစ္ဆင္ေရးကို ဆက္လက္အေကာင္အထည္ေဖာ္ေနျခင္း ရွိ-မရွိ ရွင္းလင္းစြာ မသိရပါဘူး။ ဘိုင္ဒင္အစိုးရ အမ်ိဳးသားလုံၿခဳံေရး ေကာင္စီ ေျပာခြင့္ရပုဂၢိဳလ္ ကိတ္_ဝါးတားကေတာ့ အဲ့ဒီစစ္ဆင္ေရး အမွန္တကယ္ ရွိခဲ့-မရွိခဲ့နဲ႔ ဆက္လက္လႈပ္ရွားေနျခင္း ရွိ-မရွိ မွတ္ခ်က္ေပးရန္ ျငင္းဆိုပါတယ္။ ေထာက္လွမ္းေရးဆိုင္ရာအေၾကာင္း အရာမ်ား ကို ေလ့လာမွတ္တမ္းျပဳစုေနသူ ႏွစ္ဦးကေတာ့ အေမရိကန္သမၼတတစ္ဦးဟာ သူ႔ရဲ႕အခြင့္အာဏာကို အသုံးျပဳၿပီး စီအိုင္ေအအေနနဲ႔ လွ်ိဳ႕ဝွက္ေဆာင္႐ြက္ရန္ အမိန႔္ေပးပိုင္ခြင့္ ရွိေၾကာင္း၊ အိမ္ျဖဴေတာ္ရဲ႕ အဲဒီလိုအမိန႔္မ်ိဳးဟာ သမၼတ တစ္ဦးၿပီး တစ္ဦး ဆက္လက္တည္ရွိေနတတ္တယ္လို႔ ေျပာပါတယ္။

႐ိုက္တာေဖာ္ထုတ္ေတြ႕ရွိခဲ့တဲ့ သတင္းရင္းျမစ္မ်ားအရ “၂၀၁၉-ခုႏွစ္ စီအိုင္ေအလုပ္ပိုင္ခြင့္” ဟာ ပမာဏ အေတာ္ ႀကီးမားၿပီး ေလးနက္မႈရွိေၾကာင္း ၫႊန္ျပေနပါတယ္။ စီအိုင္ေအ အေနနဲ႔ တ႐ုတ္ႏိုင္ငံတြင္သာမက ဝါရွင္ တန္နဲ႔ ေပက်င္းတို႔က ၾသဇာလႊမ္းမိုးရန္ ၿပိဳင္ဆိုင္ေနတဲ့ အျခားကမာၻ႔ႏိုင္ငံမ်ားမွာလည္း အေရးယူေဆာင္ ႐ြက္ ႏိုင္ခဲ့ပါတယ္။ စစ္ဆင္ေရးဟာ အေရွ႕ေတာင္အာရွ၊ အာဖရိကနဲ႔ ေတာင္ပစိဖိတ္ေဒသရွိ လူထုအျမင္ကို လိုသလို ထိန္းခ်ဳပ္ဖို႔ ရည္႐ြယ္ေၾကာင္း အေမရိကန္အရာရွိေဟာင္းေလးဦးက ေျပာပါတယ္။ အေမရိတန္အေနနဲ႔ ထိထိေရာက္ ေရာက္ ထိုးႏွက္တဲ့အဆင့္ထိ မစြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္ ေျခလွမ္းသြက္ေနတဲ့ တ႐ုတ္ကို ကလိေပးသလို လုပ္ႏိုင္ခဲ့ တယ္လို႔ ဒီကိစၥနဲ႔ပတ္သက္ၿပီး အကြၽမ္းတဝင္ရွိသူ အေမရိတန္ အမ်ိဳးသားလုံၿခဳံေရးအရာရွိေဟာင္းက တစ္ဦးက ေျပာပါတယ္။

ယခု သမၼတေလာင္းအျဖစ္ ရီပတ္ဘလီကင္ တစ္ေျပးေနသူ ေဒၚနယ္ထရမ့္ကလည္း ႏိုဝင္ဘာ ေ႐ြးေကာက္ပြဲ မွာ သူသာ ျပန္လည္အေ႐ြးခံရမယ္ဆိုရင္ တ႐ုတ္ႏိုင္ငံအေပၚ ပိုမိုတင္းတင္းက်ပ္က်ပ္နဲ႔ ခ်ဥ္းကပ္သြားမွာ ျဖစ္ ေၾကာင္း အရိပ္အႁမြက္ေျပာဆိုေနပါတယ္။။ ထရမ့္ရဲ႕ အမ်ိဳးသားလုံၿခဳံေရးအႀကံေပးေဟာင္း ဂြၽန္_ဘိုလ္ တန္နဲ႔ ထရမ့္ရဲ႕ လက္ရွိေျပာေရးဆိုခြင့္ရွိသူတို႔ကေတာ့ စီအိုင္ေအခြင့္ျပဳမိန႔္နဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ ျငင္းဆိုၾကပါတယ္။ သူတို႔ႏွစ္ဦးစလုံးဟာ လွ်ိ႕ဝွက္အမိန႔္ကို ထရမ့္လက္မွတ္ေရးထိုးခဲ့တယ္ဆိုတဲ့ ၂၀၁၉ ခုႏွစ္ အိမ္ျဖဴေတာ္မွာ တာဝန္ ထမ္းေဆာင္ခဲ့ၾကသူမ်ား ျဖစ္ပါတယ္။

ေပက်င္းရဲ႕ စီးပြားေရးနဲ႔ကုန္သြယ္ေရးမွာ လက္တုံ႔ျပန္ႏိုင္စြမ္း လွ်င္ျမန္မႈေၾကာင့္ တ႐ုတ္နဲ႔ အေမရိကန္တို႔အ ၾကား တင္းမာမႈမ်ား သိသိသာသာ တိုးလာႏိုင္ဖြယ္ရွိေၾကာင္း သမၼတရဲ႕ ခြင့္ျပဳမိန႔္အေၾကာင္း သိရွိသူ အေရွ႕ အာရွဆိုင္ရာ စီအိုင္ေအေရးရာ အႀကီးတန္း ေလ့လာသူေဟာင္း ေပါလ္_ဟီယာက ေျပာပါတယ္။ ဥပမာအားျဖင့္ ၂၀၂၀ ခုႏွစ္ COVID-19 ကပ္ေရာဂါရဲ႕ဇာစ္ျမစ္အေၾကာင္း စုံစမ္းစစ္ေဆးရန္ ေတာင္းဆိုတဲ့ ၾသစေၾတးလ် အေပၚ ေပက်င္းက ေဒၚလာဘီလီယံေပါင္းမ်ားစြာတန္ဖိုးရွိတဲ့ စိုက္ပ်ိဳးခြန္ျဖင့္ ကုန္သြယ္ေရး ပိတ္ဆို႔ခဲ့ဖူးပုံကို ေထာက္ျပပါတယ္။

တ႐ုတ္က ပထဝီဝင္ႏိုင္ငံေရးဆိုင္ရာ အျငင္းပြားမႈမ်ားမွာ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားရဲ႕ ေထာက္ခံမႈကို ရယူရန္ လာဘ္ ေပးလာဘ္ယူမႈနဲ႔ ၿခိမ္းေျခာက္မႈမ်ားကို အသုံးခ်ေနေၾကာင္း၊ တ႐ုတ္ဟာ သူ႔ရဲ႕ေရွ႕တန္းအုပ္စုမ်ားမွ တဆင့္ အေမရိကန္ႏိုင္ငံအတြင္း ခြဲထုတ္ရန္ ႀကိဳးပမ္းေနေၾကာင္း အေမရိကန္ေထာက္လွမ္းေရးအသိုက္အဝန္းရဲ႕ ႏွစ္ ေပါင္းမ်ားစြာ သတိေပးခ်က္မ်ားနဲ႔ သတင္းမီဒီယာမ်ားရဲ႕စြပ္စြဲေရးသားခ်က္မ်ား ထြက္ေပၚလာၿပီးေနာက္ ေဒၚ နယ္ထရမ့္ရဲ႕ ၂၀၁၉ ခုႏွစ္ ခုႏွစ္ အခြင့္အာဏာေပးအပ္ျခင္း အမိန႔္ကိစၥ ေပၚေပါက္လာျခင္း ျဖစ္ပါတယ္။

ေပက်င္းကေတာ့ အျခားႏိုင္ငံမ်ားရဲ႕ ျပည္တြင္းေရးမွာ ဝင္ေရာက္မစြက္ဖက္ေရးမူဝါဒကို လိုက္နာၿပီး အေမရိ ကန္ရဲ႕ ျပည္တြင္းေရးမွာလည္း ဝင္ေရာက္စြက္ဖက္ျခင္း မရွိေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ျငင္းဆိုပါတယ္။

အဲဒါမတိုင္မီ ေစာေစာပိုင္းႏွစ္မ်ားတုန္းကလည္း အေမရိကန္အဖြဲ႕အစည္းမ်ားအေပၚ ႐ုရွားနဲ႔ တ႐ုတ္တို႔က ဆိုက္ဘာတိုက္ခိုက္မႈ အမ်ားအျပားျပဳလုပ္ၿပီးေနာက္ အေမရိကန္ရဲ႕ ရန္သူမ်ားကို ထိုးစစ္ဆင္ရန္ သမၼတေဒၚ နယ္ထရမ့္က စီအိုင္ေအကို အခြင့္အာဏာကုန္ ေပးအပ္ခဲ့ေၾကာင္း ရဟူး_နယူးးစ္က ေဖာ္ျပခဲ့ဖူးပါတယ္။ အဲဒီ သတင္းမွန္ကန္မႈကို ႐ိုက္တာအေနနဲ႔ သီးျခား အတည္ျပဳႏိုင္ျခင္း မရွိပါဘူး။

အဆိုပါ ခြင့္ျပဳမိန႔္ကို အဲဒီအခ်ိန္ အမ်ိဳးသားလုံၿခဳံေရးေကာင္စီမွ အႀကီးတန္းအရာရွိျဖစ္သူ မက္_ပိုတင္ဂ်ာက ဖန္တီးခဲ့ျခင္းျဖစ္တယ္လို႔ စီအိုင္ေအအရာရွိေဟာင္း သုံးဦးက ေျပာပါတယ္။ ေပက်င္းရဲ႕ ဆိုးဆိုး႐ြား႐ြား ၾသဇာ ခ်ဲ႕ထြင္မႈ၊ ဉာဏပစၥည္း ခိုးယူမႈနဲ႔ စစ္အင္အား တိုးခ်ဲ႕ေၾကာင္း စြပ္စြဲခ်က္ေတြဟာ အေမရိကန္အမ်ိဳးသားလုံၿခဳံေရး အေပၚ ၿခိမ္းေျခာက္မႈအျဖစ္ ရႈ႕ျမင္ျခင္းေၾကာင့္ျဖစ္တယ္လို႔ အရာရွိေဟာင္းတစ္ဦးက ဆိုပါတယ္။

မက္_ပိုတင္ဂ်ာကေတာ့ သူ႔အေနနဲ႔ အေမရိကန္ ေထာက္လွမ္းေရးလုပ္ေဆာင္ခ်က္မ်ားနဲ႔ပတ္သက္၍ စြပ္စြဲ ခ်က္မ်ား တိက်မႈ (သို႔မဟုတ္) မွန္ကန္မႈ ရွိ-မရွိ မွတ္ခ်က္ေပးမည္ မဟုတ္ေၾကာင္းေျပာပါတယ္။ အေမရိကန္ ေထာက္လွမ္းေရး႒ာနရဲ႕ စစ္ဆင္ေရးမ်ားကို အတိအက် သိရွိထားလိမ့္မယ္လို႔ ယူဆလွ်င္ မွားယြင္းပါလိမ့္ မယ္လို႔ ႐ိုက္တာသတင္းဌာနရဲ႕ ေမးခြန္းကို ျပန္လည္ေျဖဆိုပါတယ္။

#တ႐ုတ္ #သမၼတေဟာင္းေဒၚနယ္ထရမ့္ #စီအိုင္ေအ
(Reuters., 14 March 2024, “Exclusive: Trump launched CIA covert influence operation against China” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။

Related news

© 2021. All rights reserved.