တာချီလိတ်မြို့တွင် လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးကို ရှာဖွေစစ်ဆေးစဉ် သိန်း (၂၃၀၀)ကျော်တန်ဖိုးရှိ Happy Water များ ဖမ်းဆီးရမိ

 12174

Pearl (NP News) - မတ် ၂၃

တာချီလိတ်မြို့တွင် လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးကို ရှာဖွေစစ်ဆေးစဉ် သိန်း (၂၃၀၀)ကျော်တန်ဖိုးရှိ Happy Water များကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ယမန်နေ့ မတ်လ ၂၂ ရက် ၊ ညနေ (၄)နာရီခွဲခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် လမ်းလျှောက်လာသူ စိုင်းသူရထွန်း(ခ)အာကြီး အားစစ်ဆေးရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး (Happy Water) အလေးချိန် ၂ ဒသမ ၁ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုးငွေ ကျပ်သိန်း ၂၃၁၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါနေ့ ၊ ညနေ (၆)နာရီခန့်တွင် ဖြိုးဝေအောင်(ခ)ကိုဖြိုးအား တာချီလိတ်မြို့၊ ဝိန်းကျောက် ရပ်ကွက်၊ လပ်ကီးလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁ ဒသမ ၄ သိန်း)နှင့် အတူ ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စိုင်းသူရထွန်း(ခ)အာကြီး(၄၁)နှစ် နှင့် ဖြိုးဝေအောင်(ခ)ကိုဖြိုး(၂၃)နှစ်တို့အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

zawgyi version
တာခ်ီလိတ္ၿမိဳ႕တြင္ လမ္းေလွ်ာက္လာသည့္ အမ်ိဳးသားတစ္ဦးကို ရွာေဖြစစ္ေဆးစဥ္ သိန္း (၂၃၀၀)ေက်ာ္တန္ဖိုးရွိ Happy Water မ်ား ဖမ္းဆီးရမိ
Pearl (NP News) - မတ္ ၂၃

တာခ်ီလိတ္ၿမိဳ႕တြင္ လမ္းေလွ်ာက္လာသည့္ အမ်ိဳးသားတစ္ဦးကို ရွာေဖြစစ္ေဆးစဥ္ သိန္း (၂၃၀၀)ေက်ာ္တန္ဖိုးရွိ Happy Water မ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ယမန္ေန႔ မတ္လ ၂၂ ရက္ ၊ ညေန (၄)နာရီခြဲခန႔္တြင္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သတင္းအရ သက္ေသမ်ားႏွင့္အတူ တာခ်ီလိတ္ၿမိဳ႕၊ ဝိန္းေက်ာက္ရပ္ကြက္တြင္ လမ္းေလွ်ာက္လာသူ စိုင္းသူရထြန္း(ခ)အာႀကီး အားစစ္ေဆးရွာေဖြမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ရွာေဖြရာ ၎ထံမွ စိတ္ေျပာင္းေဆးဝါး (Happy Water) အေလးခ်ိန္ ၂ ဒသမ ၁ ကီလို(ေဒသကာလေပါက္ေဈး တန္ဖိုးေငြ က်ပ္သိန္း ၂၃၁၀)အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္းသိရသည္။

ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ အဆိုပါေန႔ ၊ ညေန (၆)နာရီခန႔္တြင္ ၿဖိဳးေဝေအာင္(ခ)ကိုၿဖိဳးအား တာခ်ီလိတ္ၿမိဳ႕၊ ဝိန္းေက်ာက္ ရပ္ကြက္၊ လပ္ကီးလမ္းတြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၂၀၀ ျပား(ေဒသကာလေပါက္ေဈးတန္ဖိုးေငြက်ပ္ ၁ ဒသမ ၄ သိန္း)ႏွင့္ အတူ ထပ္မံေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ စိုင္းသူရထြန္း(ခ)အာႀကီး(၄၁)ႏွစ္ ႏွင့္ ၿဖိဳးေဝေအာင္(ခ)ကိုၿဖိဳး(၂၃)ႏွစ္တို႔အား ေဟာင္လိတ္နယ္ေျမရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈမ်ားေရးဖြင့္ အေရးယူထားရွိၿပီး ကြင္းဆက္မ်ား ေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။

Picture

note love

02/08/2024 08:01

၂၃

Related news

© 2021. All rights reserved.