စင်ကာပူမှာ မတ်လ ၂၃ ရက်က ထူးထူးခြားခြား zero shadow ဖြစ်ပေါ်

 561

ရောင်နီ(NP News) - မတ် ၂၄

မွန်းလွဲချိန်မှာ အရိပ်မထွက်တဲ့ ဖြစ်စဉ်ဟာ စင်ကာပူနိုင်ငံမှာ မတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၁ မိနစ်ခန့်က ဖြစ်ပွားခဲ့ပါတယ်။

တုတ် သို့မဟုတ် ဝါးလုံး၊ လမ်းမီးတိုင်စတဲ့ အရာဝတ္တုတွေမှာတောင် အရိပ်ထင်ကျန်ခြင်း မရှိတဲ့ သဘာဝဖြစ်ရပ်တစ်ခုဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။

ယင်းကြောင့် မတ်လ ၂၃ ရက်နေ့ကို Zero shadow day လို့ ခေါ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ နွေဦးရာသီစတင်ပြီး လေးရက်အကြာမှာ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး နေနဲ့ ဆက်စပ်နေတဲ့ ကမ္ဘာရဲ့ အနေအထားကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက မှတ်ချက်ပြုခဲ့ပါတယ်။ စင်္ကာပူဟာ အီကွေတာမျဉ်းကြောင်းပေါ်မှာ အတိအကျ မရှိတာကြောင့် ဒီလိုဖြစ်စဉ်မျိုး ရှိလာခြင်း ဖြစ်မယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ Science Center Singapore မှ အကြီးတန်းသိပ္ပံပညာပေးဆရာ မန်ဝီလင်က အရိပ်မထင်တဲ့ နေ့အချိန် ဖြစ်စဉ်ဟာ Cancer ဂြိုလ် နဲ့ Capricorn ဂြိုလ်ကြား ကျရောက်တဲ့ အပူပိုင်းဒေသတွေမှာ တစ်နှစ်ကို နှစ်ကြိမ် ဖြစ်ပွားလေ့ရှိတယ်လို့ ဆိုပါတယ်။

အခြား မလေးရှား၊ ဘရာဇီး၊ ဟာဝိုင်အီ၊ ထိုင်းနှင့် ဟောင်ကောင်တို့မှာလည်း ဒီလိုဖြစ်စဉ်မျိုး တွေ့ရလေ့ရှိတယ်လို့ သိရပါတယ်။

zawgyi version
စင္ကာပူမွာ မတ္လ ၂၃ ရက္က ထူးထူးျခားျခား zero shadow ျဖစ္ေပၚ
ေရာင္နီ(NP News) - မတ္ ၂၄

မြန္းလြဲခ်ိန္မွာ အရိပ္မထြက္တဲ့ ျဖစ္စဥ္ဟာ စင္ကာပူႏိုင္ငံမွာ မတ္လ ၂၃ ရက္ေန႔ မြန္းလြဲ ၁ နာရီ ၁၁ မိနစ္ခန႔္က ျဖစ္ပြားခဲ့ပါတယ္။

တုတ္ သို႔မဟုတ္ ဝါးလုံး၊ လမ္းမီးတိုင္စတဲ့ အရာဝတၱဳေတြမွာေတာင္ အရိပ္ထင္က်န္ျခင္း မရွိတဲ့ သဘာဝျဖစ္ရပ္တစ္ခုျဖစ္ခဲ့ျခင္းျဖစ္ပါတယ္။

ယင္းေၾကာင့္ မတ္လ ၂၃ ရက္ေန႔ကို Zero shadow day လို႔ ေခၚခဲ့ပါတယ္။ ဒီျဖစ္စဥ္ဟာ ေႏြဦးရာသီစတင္ၿပီး ေလးရက္အၾကာမွာ ျဖစ္ေပၚလာျခင္းျဖစ္ၿပီး ေနနဲ႔ ဆက္စပ္ေနတဲ့ ကမာၻရဲ႕ အေနအထားေၾကာင့္ ျဖစ္ေပၚလာျခင္း ျဖစ္ႏိုင္တယ္လို႔ ပညာရွင္ေတြက မွတ္ခ်က္ျပဳခဲ့ပါတယ္။ စကၤာပူဟာ အီေကြတာမ်ဥ္းေၾကာင္းေပၚမွာ အတိအက် မရွိတာေၾကာင့္ ဒီလိုျဖစ္စဥ္မ်ိဳး ရွိလာျခင္း ျဖစ္မယ္လို႔ ကြၽမ္းက်င္သူေတြက ဆိုပါတယ္။ Science Center Singapore မွ အႀကီးတန္းသိပၸံပညာေပးဆရာ မန္ဝီလင္က အရိပ္မထင္တဲ့ ေန႔အခ်ိန္ ျဖစ္စဥ္ဟာ Cancer ၿဂိဳလ္ နဲ႔ Capricorn ၿဂိဳလ္ၾကား က်ေရာက္တဲ့ အပူပိုင္းေဒသေတြမွာ တစ္ႏွစ္ကို ႏွစ္ႀကိမ္ ျဖစ္ပြားေလ့ရွိတယ္လို႔ ဆိုပါတယ္။

အျခား မေလးရွား၊ ဘရာဇီး၊ ဟာဝိုင္အီ၊ ထိုင္းႏွင့္ ေဟာင္ေကာင္တို႔မွာလည္း ဒီလိုျဖစ္စဥ္မ်ိဳး ေတြ႕ရေလ့ရွိတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.