အင်းစိန်မြို့နယ်တွင် ဖောကား နှင့် ALPHARD တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ လူတစ်ဦး ထိခိုက်ဒဏ်ရာရ

5197

သန့်ဇင် (NP News) - မတ် ၂၄
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ဖောကား နှင့် ALPHARD တို့ မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့ (မတ်လ ၂၃ ရက်)၊ မွန်လွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် အင်းစိန်မြို့နယ်၊ ထန်းပင်ကုန်း လမ်းဆုံ မီးပွိုင့်အနီး၊ ပြည်လမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဖောကားက စော်ဘွားကြီးကုန်းကနေ မင်္ဂလာဒုံကို အတက်မှာ အရှိန်လွန်ပြီးတော့ လမ်းလယ်ကတုံးတွေနဲ့ ဓာတ်တိုင်တွေကို ဝင်တိုက်တာ။ ပြီးတော့ မင်္ဂလာဒုံဘက်က ဆင်းလာတဲ့ ALPHARD ကို မျက်နှာချင်းဆိုင် ဝင်တိုက် ပြီး လမ်းဘေးထိုးဆင်းသွားတာ” ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြော သည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ALPHARD ကားပေါ်မှ အသက်(၄၂)နှစ်အရွယ် ယာဉ်မောင်းအမျိုးသား၌ ယာဘက်ပါးပွန်းပဲ့ဒဏ်ရာ၊ ယာလက်ဖျံ နှင့် ယာပုခုံးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ထိခိုက်ဒဏ်ရာရတဲ့အမျိုးသားကတော့ မစိုးရိမ်ရပါဘူး။ အရင်တုန်းကလည်း အဲဒီနားကခဏခဏဖြစ်တယ်။ အခုလထဲမှာပဲ စိမ်းစားဥတွေ တင်လာတဲ့ Light Truck ကားတစ်စီး ဓာတ်တိုင် ဝင်တိုက်ထားသေးတယ်။ အကြံပြု ချင်တာကတော့ ယာဉ်ကိုစည်းကမ်းနဲ့ မောင်းစေချင်တယ်။ ပြီးတော့အရက်သောက်ပြီး မောင်းတာတွေ မလုပ်စေ ချင်ဘူး” ဟု ၎င်းက အကြံပြုပြောထားသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားကို တွဲလက်လူမှုကူညီရေးအသင်းက အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
အင္းစိန္ၿမိဳ႕နယ္တြင္ ေဖာကား ႏွင့္ ALPHARD တို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိခဲ့ရာ လူတစ္ဦး ထိခိုက္ဒဏ္ရာရ
သန႔္ဇင္ (NP News) - မတ္ ၂၄
ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္တြင္ ေဖာကား ႏွင့္ ALPHARD တို႔ မ်က္ႏွာခ်င္းဆိုင္ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ တစ္ဦးထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း တြဲလက္လူမႈကူညီေရးအသင္းထံမွ သိရသည္။
ယာဥ္တိုက္မႈသည္ ယမန္ေန႔ (မတ္လ ၂၃ ရက္)၊ မြန္လြဲ ၁ နာရီ ၄၅ မိနစ္အခ်ိန္တြင္ အင္းစိန္ၿမိဳ႕နယ္၊ ထန္းပင္ကုန္း လမ္းဆုံ မီးပြိဳင့္အနီး၊ ျပည္လမ္းေပၚတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“ေဖာကားက ေစာ္ဘြားႀကီးကုန္းကေန မဂၤလာဒုံကို အတက္မွာ အရွိန္လြန္ၿပီးေတာ့ လမ္းလယ္ကတုံးေတြနဲ႔ ဓာတ္တိုင္ေတြကို ဝင္တိုက္တာ။ ၿပီးေတာ့ မဂၤလာဒုံဘက္က ဆင္းလာတဲ့ ALPHARD ကို မ်က္ႏွာခ်င္းဆိုင္ ဝင္တိုက္ ၿပီး လမ္းေဘးထိုးဆင္းသြားတာ” ဟု တြဲလက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာ သည္။
အဆိုပါ ယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ ALPHARD ကားေပၚမွ အသက္(၄၂)ႏွစ္အ႐ြယ္ ယာဥ္ေမာင္းအမ်ိဳးသား၌ ယာဘက္ပါးပြန္းပဲ့ဒဏ္ရာ၊ ယာလက္ဖ်ံ ႏွင့္ ယာပုခုံးတို႔ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
“ထိခိုက္ဒဏ္ရာရတဲ့အမ်ိဳးသားကေတာ့ မစိုးရိမ္ရပါဘူး။ အရင္တုန္းကလည္း အဲဒီနားကခဏခဏျဖစ္တယ္။ အခုလထဲမွာပဲ စိမ္းစားဥေတြ တင္လာတဲ့ Light Truck ကားတစ္စီး ဓာတ္တိုင္ ဝင္တိုက္ထားေသးတယ္။ အႀကံျပဳ ခ်င္တာကေတာ့ ယာဥ္ကိုစည္းကမ္းနဲ႔ ေမာင္းေစခ်င္တယ္။ ၿပီးေတာ့အရက္ေသာက္ၿပီး ေမာင္းတာေတြ မလုပ္ေစ ခ်င္ဘူး” ဟု ၎က အႀကံျပဳေျပာထားသည္။
ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူအမ်ိဳးသားကို တြဲလက္လူမႈကူညီေရးအသင္းက အင္းစိန္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။