ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်သည့် မြင်စိုင်းသားအောင်အောင် ယနေ့ နံနက်တွင် ကွယ်လွန်

 2991

ယွန်း (NP News) - မတ် ၂၄

ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်သည့် မြင်စိုင်းသားအောင်အောင် ယနေ့ မတ်လ ၂၄ ရက် နံနက်ပိုင်းတွင် ကွယ်လွန်ခဲ့ကြောင်း အနုပညာရှင်အသိုင်းအဝိုင်းထံမှ သိရသည်။

သရုပ်ဆောင်မြင်စိုင်းသားအောင်အောင်သည် ယနေ့(မတ်လ ၂၄ ရက်) နံနက် ၉ နာရီခွဲအချိန်ခန့်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၇၄)နှစ်အရွယ်ရှိပြီဖြစ်ကြောင်း သိရသည်။

“အဓိကတော့ စိတ်မကောင်းပါဘူး။ မင်းသားစဖြစ်ထဲက ကျွန်တော်တို့နဲ့လက်တွဲခဲ့တာဆိုတော့ နှစ်ပေါင်းများစွာလည်းကြာခဲ့ပါပြီ။ မင်းသားအဖြစ်လည်း အောင်မြင်ခဲ့တဲ့ လူတစ်ယောက်လေနော်။ ကျန်တဲ့ အခန်းတွေရိုက်တဲ့အခါမှာလည်း အောင်မြင်မှုတွေရခဲ့တာလေ။ ဒါကြောင့် ဒီလိုအနုပညာရှင်တစ်ယောက်အတွက် ကျွန်တော်တို့အထူးဝမ်းနည်းကြေကွဲခဲ့ရပါတယ်။ ဘယ်မှာ ဆုံးတာလဲတော့ သေချာမသိသေးပါဘူး။ ဆေးရုံတက်နေရတာတော့ အကြာကြီးပဲ” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦအေးကြူလေးက NP News ကို ပြောသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ သမီးဖြစ်သူသရုပ်ဆောင်ဟေမာန်အောင်အောင်က “အဖေ့အတွက် စိတ်ချမ်းသာပါတယ်။ အမေနဲ့သူတွေ့ရပြီမို့” ဟု လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

မြင်စိုင်းသားအောင်အောင်သည် ၎င်းရိုက်ကူးခဲ့သည့် “မြင်စိုင်းသား”ဇာတ်ကားဖြင့် အောင်မြင်မှုများရရှိလာခဲ့ခြင်းဖြစ်ပြီး လူသိများထင်ရှားသည့် သရုပ်ဆောင်တစ်ဦးလည်းဖြစ်သည်။

Zawgyi Version;
ဝါရင့္သ႐ုပ္ေဆာင္တစ္ဦးျဖစ္သည့္ ျမင္စိုင္းသားေအာင္ေအာင္ ယေန႔ နံနက္တြင္ ကြယ္လြန္
ယြန္း (NP News) - မတ္ ၂၄

ဝါရင့္သ႐ုပ္ေဆာင္တစ္ဦးျဖစ္သည့္ ျမင္စိုင္းသားေအာင္ေအာင္ ယေန႔ မတ္လ ၂၄ ရက္ နံနက္ပိုင္းတြင္ ကြယ္လြန္ခဲ့ေၾကာင္း အႏုပညာရွင္အသိုင္းအဝိုင္းထံမွ သိရသည္။

သ႐ုပ္ေဆာင္ျမင္စိုင္းသားေအာင္ေအာင္သည္ ယေန႔(မတ္လ ၂၄ ရက္) နံနက္ ၉ နာရီခြဲအခ်ိန္ခန႔္တြင္ ႏွလုံးေရာဂါျဖင့္ ကြယ္လြန္ခဲ့ျခင္းျဖစ္ၿပီး ကြယ္လြန္ခ်ိန္တြင္ အသက္ (၇၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေၾကာင္း သိရသည္။

“အဓိကေတာ့ စိတ္မေကာင္းပါဘူး။ မင္းသားစျဖစ္ထဲက ကြၽန္ေတာ္တို႔နဲ႔လက္တြဲခဲ့တာဆိုေတာ့ ႏွစ္ေပါင္းမ်ားစြာလည္းၾကာခဲ့ပါၿပီ။ မင္းသားအျဖစ္လည္း ေအာင္ျမင္ခဲ့တဲ့ လူတစ္ေယာက္ေလေနာ္။ က်န္တဲ့ အခန္းေတြ႐ိုက္တဲ့အခါမွာလည္း ေအာင္ျမင္မႈေတြရခဲ့တာေလ။ ဒါေၾကာင့္ ဒီလိုအႏုပညာရွင္တစ္ေယာက္အတြက္ ကြၽန္ေတာ္တို႔အထူးဝမ္းနည္းေၾကကြဲခဲ့ရပါတယ္။ ဘယ္မွာ ဆုံးတာလဲေတာ့ ေသခ်ာမသိေသးပါဘူး။ ေဆး႐ုံတက္ေနရတာေတာ့ အၾကာႀကီးပဲ” ဟု ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးဥကၠ႒ ဦေအးၾကဴေလးက NP News ကို ေျပာသည္။

၎ေသဆုံးမႈႏွင့္ပတ္သက္၍ သမီးျဖစ္သူသ႐ုပ္ေဆာင္ေဟမာန္ေအာင္ေအာင္က “အေဖ့အတြက္ စိတ္ခ်မ္းသာပါတယ္။ အေမနဲ႔သူေတြ႕ရၿပီမို႔” ဟု လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထားသည္။

ျမင္စိုင္းသားေအာင္ေအာင္သည္ ၎႐ိုက္ကူးခဲ့သည့္ “ျမင္စိုင္းသား”ဇာတ္ကားျဖင့္ ေအာင္ျမင္မႈမ်ားရရွိလာခဲ့ျခင္းျဖစ္ၿပီး လူသိမ်ားထင္ရွားသည့္ သ႐ုပ္ေဆာင္တစ္ဦးလည္းျဖစ္သည္။

Related news

© 2021. All rights reserved.