ကင်ဆိုးဟွန်ရဲ့ dating သတင်းနဲ့ပတ်သက်ပြီး အေဂျင်စီက ငြင်းဆို

 152

ရောင်နီ (NP News) - မတ် ၂၅

တောင်ကိုရီးယား နံပါတ် ၁ အချမ်းသာဆုံး မင်းသားကင်ဆိုးဟွန်နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတစ်ခုကို မင်းသမီး ကင်ဆေယွန်းက သူမရဲ့ Instagram story မှာ မတ်လ ၂၄ ရက်က တင်ခဲ့ခြင်းကြောင့် ပရိသတ်တွေ သို့လော သို့လောဖြစ်ခဲ့ရပါတယ်။

အဆိုပါ story ကို တင်ပြီး ၃ မိနစ်အကြာမှာ ပြန်ဖျက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေကြား ပွဲဆူစေသလို ဖြစ်ခဲ့တာကြောင့် ကင်ဆိုးဟွန်ရဲ့ dating သတင်းနဲ့ပတ်သက်ပြီး သူ့ရဲ့အေဂျင်စီ GOLDMEDALIST က ထုတ်ပြန်စာ နဲ့အတူ ပြောကြားလာပါတယ်။ ထုတ်ပြန်စာပါ အကြောင်းအရာတွေကတော့ "မင်္ဂလာပါ၊ GOLDMEDALIST ဖြစ်ပါတယ်။ ဒီနေ့ ပျံ့နှံ့ခဲ့တဲ့ ကင်ဆိုးဟွန်ရဲ့ဓာတ်ပုံနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ချက်တစ်ခု ပြောကြား လိုပါ တယ်။ ကင်ဆိုးဟွန်နဲ့ ကင်ဆေယွန်း date နေကြတယ်ဆိုတဲ့ သတင်းဟာ ကောလဟာလတွေသာဖြစ်ပြီး အမှန်မဟုတ်ပါဘူး။ ဒီပုံဟာ ကင်ဆိုးဟွန်နဲ့ ကင်ဆေးယွန်တို့ ၂ ယောက်လုံး အေဂျင်စီမှာ ရှိနေစဉ် အတိတ်က ရိုက်ယူထားတဲ့ ပုံလို့ ယူဆရပြီး ကင်ဆေယွန်းရဲ့ ရည်ရွယ်ချက်ကို ကျွန်တော်တို့လည်း နားမလည်နိုင်ပါဘူး" လို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့် မလိုအပ်ပဲ နားလည်မှုလွဲမှားမှုတွေနဲ့ အခြေအမြစ်မရှိတဲ့ ထင်ကြေးပေးမှုများ ပျံ့နှံ့စေပြီး ဂုဏ်သရေ ထိခိုက်စေတဲ့အတွက် ပြင်းပြင်းထန်ထန်အရေးယူသွားမှာဖြစ်ပါတယ်" လို့ ထပ်လောင်းပြောကြားကာ ဖြေရှင်းခဲ့ပါ တယ်။

ကင်ဆိုးဟွန်ဟာ တောင်ကိုရီးယားမှာ နံပါတ် ၁ အချမ်းသာဆုံးနဲ့ အနုပညာကြေး အမြင့်ဆုံးမင်းသားတစ်လက် ဖစ်ပြီး အခုလတ်တလော ပြသနေတဲ့ နာမည်ကျော် "Queen of Tears" ဒရာမာဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ကင်ဆေယွန်းကတော့ အရက်မူးပြီး ကားမောင်းခဲ့ခြင်းကြောင့် ယမန်နှစ်က အမှု ရင်ဆိုင်ခဲ့ရကာ အနုပညာအလုပ်တွေ ရပ်နားခဲ့ရသူဖြစ်ပြီး အခုသူမရဲ့လုပ်ရပ်ဟာ ပရိသတ်ရဲ့အာရုံစိုက်မှုကို ပြန်လည်ရရှိအောင် ကြိုးပမ်းနေခြင်း ဖြစ်မယ်လို့ ပရိသတ်တွေက မှတ်ချက်ပြုထားပါတယ်။

Zawgyi Version;
ကင္ဆိုးဟြန္ရဲ႕ dating သတင္းနဲ႔ပတ္သက္ၿပီး ေအဂ်င္စီက ျငင္းဆို
ေရာင္နီ (NP News) - မတ္ ၂၅

ေတာင္ကိုရီးယား နံပါတ္ ၁ အခ်မ္းသာဆုံး မင္းသားကင္ဆိုးဟြန္နဲ႔ တြဲ႐ိုက္ထားတဲ့ ဓာတ္ပုံတစ္ခုကို မင္းသမီး ကင္ေဆယြန္းက သူမရဲ႕ Instagram story မွာ မတ္လ ၂၄ ရက္က တင္ခဲ့ျခင္းေၾကာင့္ ပရိသတ္ေတြ သို႔ေလာ သို႔ေလာျဖစ္ခဲ့ရပါတယ္။

အဆိုပါ story ကို တင္ၿပီး ၃ မိနစ္အၾကာမွာ ျပန္ဖ်က္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ပရိသတ္ေတြၾကား ပြဲဆူေစသလို ျဖစ္ခဲ့တာေၾကာင့္ ကင္ဆိုးဟြန္ရဲ႕ dating သတင္းနဲ႔ပတ္သက္ၿပီး သူ႔ရဲ႕ေအဂ်င္စီ GOLDMEDALIST က ထုတ္ျပန္စာ နဲ႔အတူ ေျပာၾကားလာပါတယ္။ ထုတ္ျပန္စာပါ အေၾကာင္းအရာေတြကေတာ့ "မဂၤလာပါ၊ GOLDMEDALIST ျဖစ္ပါတယ္။ ဒီေန႔ ပ်ံ႕ႏွံ႔ခဲ့တဲ့ ကင္ဆိုးဟြန္ရဲ႕ဓာတ္ပုံနဲ႔ပတ္သက္ၿပီး တရားဝင္ထုတ္ျပန္ခ်က္တစ္ခု ေျပာၾကား လိုပါ တယ္။ ကင္ဆိုးဟြန္နဲ႔ ကင္ေဆယြန္း date ေနၾကတယ္ဆိုတဲ့ သတင္းဟာ ေကာလဟာလေတြသာျဖစ္ၿပီး အမွန္မဟုတ္ပါဘူး။ ဒီပုံဟာ ကင္ဆိုးဟြန္နဲ႔ ကင္ေဆးယြန္တို႔ ၂ ေယာက္လုံး ေအဂ်င္စီမွာ ရွိေနစဥ္ အတိတ္က ႐ိုက္ယူထားတဲ့ ပုံလို႔ ယူဆရၿပီး ကင္ေဆယြန္းရဲ႕ ရည္႐ြယ္ခ်က္ကို ကြၽန္ေတာ္တို႔လည္း နားမလည္ႏိုင္ပါဘူး" လို႔ ဆိုခဲ့ပါတယ္။

ဒါေပမယ့္ မလိုအပ္ပဲ နားလည္မႈလြဲမွားမႈေတြနဲ႔ အေျခအျမစ္မရွိတဲ့ ထင္ေၾကးေပးမႈမ်ား ပ်ံ႕ႏွံ႔ေစၿပီး ဂုဏ္သေရ ထိခိုက္ေစတဲ့အတြက္ ျပင္းျပင္းထန္ထန္အေရးယူသြားမွာျဖစ္ပါတယ္" လို႔ ထပ္ေလာင္းေျပာၾကားကာ ေျဖရွင္းခဲ့ပါ တယ္။

ကင္ဆိုးဟြန္ဟာ ေတာင္ကိုရီးယားမွာ နံပါတ္ ၁ အခ်မ္းသာဆုံးနဲ႔ အႏုပညာေၾကး အျမင့္ဆုံးမင္းသားတစ္လက္ ဖစ္ၿပီး အခုလတ္တေလာ ျပသေနတဲ့ နာမည္ေက်ာ္ "Queen of Tears" ဒရာမာဇာတ္လမ္းတြဲမွာ ပါဝင္ သ႐ုပ္ေဆာင္ထားပါတယ္။ ကင္ေဆယြန္းကေတာ့ အရက္မူးၿပီး ကားေမာင္းခဲ့ျခင္းေၾကာင့္ ယမန္ႏွစ္က အမႈ ရင္ဆိုင္ခဲ့ရကာ အႏုပညာအလုပ္ေတြ ရပ္နားခဲ့ရသူျဖစ္ၿပီး အခုသူမရဲ႕လုပ္ရပ္ဟာ ပရိသတ္ရဲ႕အာ႐ုံစိုက္မႈကို ျပန္လည္ရရွိေအာင္ ႀကိဳးပမ္းေနျခင္း ျဖစ္မယ္လို႔ ပရိသတ္ေတြက မွတ္ခ်က္ျပဳထားပါတယ္။

Related news

© 2021. All rights reserved.