MAI လေကြောင်းလိုင်းသို့ ‌ATR လေယာဥ်တစ်စီးထပ်မံရောက်ရှိ

 1232

ယွန်း (NP News) - မတ် ၂၅

MAI လေကြောင်းလိုင်းသို့ ‌ATR လေယာဥ်တစ်စီးထပ်မံရောက်ရှိခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)ထံမှ သိရသည်။

အဆိုပါ ATR 72-600 သည် မတ်လ(၂၄)ရက်၊ နေ့လည်(၂)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့ခြင်းဖြစ်ပြီး MAI လေ‌ကြောင်းလိုင်းတွင် ယခုအခါ လေယာဥ်အစီးရေ စုစုပေါင်း(၁၂)စီးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

MAI လေ‌ကြောင်းလိုင်းတွင် A319 လေယာဥ် ၄ စီး၊ A320 လေယာဥ် ၄ စီး၊ E190 လေယာဥ် ၂ စီး၊ (ACMI basis ဖြင့်ပြေးဆွဲပေးနေသည့်) B733-300F လေယာဥ် ၁ စီးနှင့် ယခုအသစ်ရောက်ရှိလာသည့် ATR 72-600 တို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါတိုးချဲ့မှုသည် မြန်မာနိုင်ငံနှင့် ဒေသတွင်းရှိ အာဆီယံနိုင်ငံများအကြား လေကြောင်းခရီးစဥ်များကို အကြိမ်ရေတိုးမြှင့်ပျံသန်းပေးနိုင်ရေးနှင့် ခရီးသည်များ တတ်သာနိုင်မည့်နှုန်းထားများဖြင့် စီးနင်းနိုင်စေရေးကို ရည်မှန်းချက်ထားဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် MAI အနေဖြင့် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံ ၁၁ နိုင်ငံရှိ မြို့ပေါင်း ၃၀ သို့ ပျံသန်းပြေးဆွဲလျက်ရှိပြီး ယခု ၂၀၂၄ ခုနှစ်အတွင်း ပြည်ပနိုင်ငံပေါင်း ၁၄ နိုင်ငံအထိ တိုးချဲ့ပြေးဆွဲရန် မျှော်မှန်းထားကြောင်း သိရသည်။

zawgyi version
MAI ေလေၾကာင္းလိုင္းသို႔ ‌ATR ေလယာဥ္တစ္စီးထပ္မံေရာက္ရွိ
ယြန္း (NP News) - မတ္ ၂၅

MAI ေလေၾကာင္းလိုင္းသို႔ ‌ATR ေလယာဥ္တစ္စီးထပ္မံေရာက္ရွိခဲ့ေၾကာင္း အျပည္ျပည္ဆိုင္ရာျမန္မာေလေၾကာင္းလိုင္း(MAI)ထံမွ သိရသည္။

အဆိုပါ ATR 72-600 သည္ မတ္လ(၂၄)ရက္၊ ေန႔လည္(၂)နာရီအခ်ိန္တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ဆိုက္ေရာက္ခဲ့ျခင္းျဖစ္ၿပီး MAI ေလ‌ေၾကာင္းလိုင္းတြင္ ယခုအခါ ေလယာဥ္အစီးေရ စုစုေပါင္း(၁၂)စီးအထိ ရွိလာၿပီျဖစ္ေၾကာင္း သိရသည္။

MAI ေလ‌ေၾကာင္းလိုင္းတြင္ A319 ေလယာဥ္ ၄ စီး၊ A320 ေလယာဥ္ ၄ စီး၊ E190 ေလယာဥ္ ၂ စီး၊ (ACMI basis ျဖင့္ေျပးဆြဲေပးေနသည့္) B733-300F ေလယာဥ္ ၁ စီးႏွင့္ ယခုအသစ္ေရာက္ရွိလာသည့္ ATR 72-600 တို႔ ပါဝင္ေၾကာင္း သိရသည္။

အဆိုပါတိုးခ်ဲ႕မႈသည္ ျမန္မာႏိုင္ငံႏွင့္ ေဒသတြင္းရွိ အာဆီယံႏိုင္ငံမ်ားအၾကား ေလေၾကာင္းခရီးစဥ္မ်ားကို အႀကိမ္ေရတိုးျမႇင့္ပ်ံသန္းေပးႏိုင္ေရးႏွင့္ ခရီးသည္မ်ား တတ္သာႏိုင္မည့္ႏႈန္းထားမ်ားျဖင့္ စီးနင္းႏိုင္ေစေရးကို ရည္မွန္းခ်က္ထားေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ MAI အေနျဖင့္ ျမန္မာႏိုင္ငံႏွင့္ ျပည္ပႏိုင္ငံ ၁၁ ႏိုင္ငံရွိ ၿမိဳ႕ေပါင္း ၃၀ သို႔ ပ်ံသန္းေျပးဆြဲလ်က္ရွိၿပီး ယခု ၂၀၂၄ ခုႏွစ္အတြင္း ျပည္ပႏိုင္ငံေပါင္း ၁၄ ႏိုင္ငံအထိ တိုးခ်ဲ႕ေျပးဆြဲရန္ ေမွ်ာ္မွန္းထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.