စင်ကာပူမှာ ခိုတွေကို လောက်လေးခွနဲ့ ပစ်ခတ်ရင်း အိမ်နီးချင်းပြတင်းပေါက်ကို ပျက်စီးစေခဲ့တဲ့ အမျိုးသား ဒဏ်ရိုက်ခံရ

 2348

ရောင်နီ (NP News) - မတ် ၂၅

စင်ကာပူမှာ အမျိုးသားတစ်ဦးဟာ ခိုတွေကို လေးခွနဲ့ပစ်ဖို့ ရွှံ့စေးနဲ့ သံမဏိခဲယမ်းမီးကျောက်တွေကို အွန်လိုင်းမှ ဝယ်ယူခဲ့ပါတယ်။

ဒါပေမယ့်လည်း ခိုတွေကို လောက်လေးခွနဲ့ ပစ်ခြင်းမှ လက်လွန်ပြီး အိမ်နီးချင်းတိုက်ရဲ့ဒုတိယထပ် မီးဖိုချောင်ပြတင်းပေါက် မှန်တံခါးကို ထိမှန်ခဲ့ကာ တံခါးပျက်စီးစေခဲ့ပါတယ်။

ဒါကြောင့် အသက် ၃၇ နှစ်အရွယ် စင်္ကာပူနိုင်ငံသား ယုရူယို ကို တနင်္လာနေ့ (မတ်လ ၂၅ ရက်) တရားရုံးက ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁,၅၀၀ (အမေရိကန်ဒေါ်လာ ၁၁၁၀) ချမှတ်ခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်ဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နေ့လည် ၁၂ နာရီ ၄၀ မိနစ်အချိန်ခန့်မှာ Block 645 Jurong West Street 61 မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါအမျိုးသားဆီမှ လောက်လေးခွနှစ်ချောင်းကို သိမ်းဆည်းရမိခဲ့ပြီး တရားလိုရှေ့နေက ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁,၅၀၀ မှ စင်ကာပူဒေါ်လာ ၂,၅၀၀ အထိ ပေးဆောင်ဖို့ ချမှတ်ခဲ့ပါတယ်။

၄င်းက ၎င်းရဲ့လုပ်ရပ်အတွက် တာဝန်ရှိ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး လျော်ကြေးငွေများ ပေးဆောင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
စင္ကာပူမွာ ခိုေတြကို ေလာက္ေလးခြနဲ႔ ပစ္ခတ္ရင္း အိမ္နီးခ်င္းျပတင္းေပါက္ကို ပ်က္စီးေစခဲ့တဲ့ အမ်ိဳးသား ဒဏ္႐ိုက္ခံရ
ေရာင္နီ (NP News) - မတ္ ၂၅

စင္ကာပူမွာ အမ်ိဳးသားတစ္ဦးဟာ ခိုေတြကို ေလးခြနဲ႔ပစ္ဖို႔ ႐ႊံ႕ေစးနဲ႔ သံမဏိခဲယမ္းမီးေက်ာက္ေတြကို အြန္လိုင္းမွ ဝယ္ယူခဲ့ပါတယ္။

ဒါေပမယ့္လည္း ခိုေတြကို ေလာက္ေလးခြနဲ႔ ပစ္ျခင္းမွ လက္လြန္ၿပီး အိမ္နီးခ်င္းတိုက္ရဲ႕ဒုတိယထပ္ မီးဖိုေခ်ာင္ျပတင္းေပါက္ မွန္တံခါးကို ထိမွန္ခဲ့ကာ တံခါးပ်က္စီးေစခဲ့ပါတယ္။

ဒါေၾကာင့္ အသက္ ၃၇ ႏွစ္အ႐ြယ္ စကၤာပူႏိုင္ငံသား ယု႐ူယို ကို တနလၤာေန႔ (မတ္လ ၂၅ ရက္) တရား႐ုံးက ဒဏ္ေငြ စင္ကာပူေဒၚလာ ၁,၅၀၀ (အေမရိကန္ေဒၚလာ ၁၁၁၀) ခ်မွတ္ခဲ့ပါတယ္။

အဆိုပါျဖစ္ရပ္ဟာ ၂၀၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔ ေန႔လည္ ၁၂ နာရီ ၄၀ မိနစ္အခ်ိန္ခန႔္မွာ Block 645 Jurong West Street 61 မွာ ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။

အဆိုပါအမ်ိဳးသားဆီမွ ေလာက္ေလးခြႏွစ္ေခ်ာင္းကို သိမ္းဆည္းရမိခဲ့ၿပီး တရားလိုေရွ႕ေနက ဒဏ္ေငြ စင္ကာပူေဒၚလာ ၁,၅၀၀ မွ စင္ကာပူေဒၚလာ ၂,၅၀၀ အထိ ေပးေဆာင္ဖို႔ ခ်မွတ္ခဲ့ပါတယ္။

၄င္းက ၎ရဲ႕လုပ္ရပ္အတြက္ တာဝန္ရွိ အာဏာပိုင္ေတြနဲ႔ ပူးေပါင္းၿပီး ေလ်ာ္ေၾကးေငြမ်ား ေပးေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.