စျေးကွက်အတွင်း၌ ဆေးဝါးမှတ်ပုံတင်မရှိသော Air X Tablet များ ရောင်းချမှုများရှိနေပြီး သုံးစွဲရန် မသင့်ကြောင်း FDA သတိပေး

 1556

Pearl (NP News) – မတ် ၂၆

စျေးကွက်အတွင်း၌ ဆေးဝါးမှတ်ပုံတင်မရှိသော Air X Tablet များ ရောင်းချမှုများရှိနေပြီး သုံးစွဲရန် မသင့်ကြောင်း FDA သတိပေးက သတိပေးထုတ်ပြန်ထားသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ယနေ့ (မတ်လ ၂၆ ရက်) တွင် သတိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဈေးကွက်ရှိဆေးဝါးများကို ပုံမှန်စစ်ဆေးလျက်ရှိပြီး အရည်အသွေး၊ အာနိသင်၊ ဘေးအန္တရာယ်အာမခံချက်မရှိသည့် ဆေးဝါးမှတ်ပုံတင်မရှိသော Air X Tablet များကို ဈေးကွက်အတွင်း ရောင်းချနေခြင်းအား တွေ့ရှိရသည်ဟု ဆိုသည်။

ထိုသို့တွေ့ရှိရသဖြင့် ပြည်သူများ သတိပြုနိုင်ရန် နှင့် သုံးစွဲခြင်းမှရှောင်ကျဉ်နိုင်ရန် မှတ်ပုံတင်ရှိသောဆေးဝါးနှင့် တရားမဝင်ဆေးဝါးများကို FDA က နှိုင်းယှဉ်အသိ ပေးထုတ်ပြန်ထားသည်။

FDA မှ အသိပေးထုတ်ပြန်ထားသည့် တရားမဝင်ဆေးဝါးများတွင် Air X Tablet နှင့် Air X Tablet Orange တို့ ပါဝင်ကြောင်း သိရသည်။

တရားမဝင်တင်သွင်းထားသော Air X Tablet နှင့် Air X Tablet (Orange) တို့သည် တရားဝင်တင်သွင်းထားသော Air X Tablet နှင့် ဆေးဗူးပုံစံမတူသည့်အပြင် ဆေးဗူးပေါ်တွင် English နှင့် Thai ဘာသာနှစ်မျိုးဖြင့်ရေးသားဖော်ပြထားပြီး ဆေးကဒ်အရေအတွက်ဖော်ပြပုံ မတူကြောင်း သိရသည်။

တရားဝင်တင်သွင်းထားသော Air X Tablet သည် တရားဝင်တင်သွင်းထားသော Air X Tablet နှင့် ဆေးဗူး ပုံစံမတူသည့်အပြင် ဆေးဘူး ပေါ်တွင် English နှင့် မြန်မာစာ နှစ်မျိုး ဖြင့်ရေးသားဖော်ပြထားကြောင်း FDAက သတိပေးထုတ်ပြန်ထားသည်။

ေစ်းကြက္အတြင္း၌ ေဆးဝါးမွတ္ပုံတင္မရွိေသာ Air X Tablet မ်ား ေရာင္းခ်မႈမ်ားရွိေနၿပီး သုံးစြဲရန္ မသင့္ေၾကာင္း FDA သတိေပး
Pearl (NP News) – မတ္ ၂၆

ေစ်းကြက္အတြင္း၌ ေဆးဝါးမွတ္ပုံတင္မရွိေသာ Air X Tablet မ်ား ေရာင္းခ်မႈမ်ားရွိေနၿပီး သုံးစြဲရန္ မသင့္ေၾကာင္း FDA သတိေပးက သတိေပးထုတ္ျပန္ထားသည္။

အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (FDA) က ယေန႔ (မတ္လ ၂၆ ရက္) တြင္ သတိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနအေနျဖင့္ ေဈးကြက္ရွိေဆးဝါးမ်ားကို ပုံမွန္စစ္ေဆးလ်က္ရွိၿပီး အရည္အေသြး၊ အာနိသင္၊ ေဘးအႏၲရာယ္အာမခံခ်က္မရွိသည့္ ေဆးဝါးမွတ္ပုံတင္မရွိေသာ Air X Tablet မ်ားကို ေဈးကြက္အတြင္း ေရာင္းခ်ေနျခင္းအား ေတြ႕ရွိရသည္ဟု ဆိုသည္။

ထိုသို႔ေတြ႕ရွိရသျဖင့္ ျပည္သူမ်ား သတိျပဳႏိုင္ရန္ ႏွင့္ သုံးစြဲျခင္းမွေရွာင္က်ဥ္ႏိုင္ရန္ မွတ္ပုံတင္ရွိေသာေဆးဝါးႏွင့္ တရားမဝင္ေဆးဝါးမ်ားကို FDA က ႏႈိင္းယွဥ္အသိ ေပးထုတ္ျပန္ထားသည္။

FDA မွ အသိေပးထုတ္ျပန္ထားသည့္ တရားမဝင္ေဆးဝါးမ်ားတြင္ Air X Tablet ႏွင့္ Air X Tablet Orange တို႔ ပါဝင္ေၾကာင္း သိရသည္။

တရားမဝင္တင္သြင္းထားေသာ Air X Tablet ႏွင့္ Air X Tablet (Orange) တို႔သည္ တရားဝင္တင္သြင္းထားေသာ Air X Tablet ႏွင့္ ေဆးဗူးပုံစံမတူသည့္အျပင္ ေဆးဗူးေပၚတြင္ English ႏွင့္ Thai ဘာသာႏွစ္မ်ိဳးျဖင့္ေရးသားေဖာ္ျပထားၿပီး ေဆးကဒ္အေရအတြက္ေဖာ္ျပပုံ မတူေၾကာင္း သိရသည္။

တရားဝင္တင္သြင္းထားေသာ Air X Tablet သည္ တရားဝင္တင္သြင္းထားေသာ Air X Tablet ႏွင့္ ေဆးဗူး ပုံစံမတူသည့္အျပင္ ေဆးဘူး ေပၚတြင္ English ႏွင့္ ျမန္မာစာ ႏွစ္မ်ိဳး ျဖင့္ေရးသားေဖာ္ျပထားေၾကာင္း FDAက သတိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.