လပွတ္တာမြို့ရှိ လူနေအိမ်(၂၆)လုံး မီးလောင်မှုဖြစ်စဉ်တွင် မီးဘေးသင့်(၁ဝဝ)ကျော်ကို စောင့်ရှောက်မှုများပေးထား

 437

သန့်ဇင် (NP News) - မတ် ၂၆

ဧရာဝတီတိုင်း၊ လပွတ္တာမြို့တွင် ဝါယာရှော့မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားကာ လူနေအိမ်(၂၆)လုံး မီးလောင်ဆုံးရှုံး ခဲ့ပြီး မီးဘေးသင့် (၁၀၀)ကျော်ကို စောင့်ရှောက်မှုများပေးထားကြောင်း လပွတ္တာမြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်မှုသည် ယမန်နေ့(မတ်လ ၂၅ ရက်)၊ မွန်းလွဲ ၃ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် လပွတ္တာမြို့၊ ၈ ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မီးလောင်တာက ဝါယာရှော့ကနေ လောင်တာလို့ သိရတယ်။ အဲဒီအိမ်မှာက လူကြီးတွေ မရှိချိန်ပေါ့။ ကလေးတွေ ချည်း အိမ်မှာ ရှိနေတာကနေ လျှပ်စစ်မီးက ဝိုင်ယာရှော့ဖြစ်ပြီးလောင်တာ။ ဓနိ၊ ထရံကာအိမ်တွေဆိုတော့ မီးလာင်လွယ်ပြီး အိမ်ခြေ(၂၆)လုံး ပါသွားတယ်။ အိမ်ခြေကလည်း စိတ်တော့ မီးလောင်တာများသွားတာပါ” ဟု လပွတ္တာမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း လူနေအိမ်(၂၆)လုံး မီးလောင်ဆုံးရှုံးသွားခဲ့ပြီး မီးဘေးသင့် ပြည်သူ(၁၁၂)ဦးထိ ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းမီးလောင်မှုကို လပွတ္တာခရိုင် နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့အပြင် အခြားပရဟိတအသင်းများ စုပေါင်း ကာ (၄၅)မိနစ်ခန့်အကြာ သွားရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါမီးဘေးသင့်ပြည်သူများကို အနီးနားရှိ မူလတန်းကျောင်းတွင် နေရာချထားပြီးလိုအပ်သည့် စောင့်ရှောက်မှုများ ပေးထားကာ သက်ဆိုင်ရာအဖွဲအစည်းများနှင့် ပုဂ္ဂလိက လှူဒါန်းမှုများလည်း ဆက်လက်လုပ် ဆောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
လပြတၱာၿမိဳ႕ရွိ လူေနအိမ္(၂၆)လုံး မီးေလာင္မႈျဖစ္စဥ္တြင္ မီးေဘးသင့္(၁ဝဝ)ေက်ာ္ကို ေစာင့္ေရွာက္မႈမ်ားေပးထား
သန႔္ဇင္ (NP News) - မတ္ ၂၆

ဧရာဝတီတိုင္း၊ လပြတၱာၿမိဳ႕တြင္ ဝါယာေရွာ့မွတစ္ဆင့္ မီးေလာင္မႈျဖစ္ပြားကာ လူေနအိမ္(၂၆)လုံး မီးေလာင္ဆုံးရႈံး ခဲ့ၿပီး မီးေဘးသင့္ (၁၀၀)ေက်ာ္ကို ေစာင့္ေရွာက္မႈမ်ားေပးထားေၾကာင္း လပြတၱာၿမိဳ႕နယ္ၾကက္ေျခနီသူနာျပဳ တပ္ဖြဲ႕ထံမွ သိရသည္။

မီးေလာင္မႈသည္ ယမန္ေန႔(မတ္လ ၂၅ ရက္)၊ မြန္းလြဲ ၃ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္တြင္ လပြတၱာၿမိဳ႕၊ ၈ ရပ္ကြက္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မီးေလာင္တာက ဝါယာေရွာ့ကေန ေလာင္တာလို႔ သိရတယ္။ အဲဒီအိမ္မွာက လူႀကီးေတြ မရွိခ်ိန္ေပါ့။ ကေလးေတြ ခ်ည္း အိမ္မွာ ရွိေနတာကေန လွ်ပ္စစ္မီးက ဝိုင္ယာေရွာ့ျဖစ္ၿပီးေလာင္တာ။ ဓနိ၊ ထရံကာအိမ္ေတြဆိုေတာ့ မီးလာင္လြယ္ၿပီး အိမ္ေျခ(၂၆)လုံး ပါသြားတယ္။ အိမ္ေျခကလည္း စိတ္ေတာ့ မီးေလာင္တာမ်ားသြားတာပါ” ဟု လပြတၱာၿမိဳ႕နယ္ ၾကက္ေျခနီသူနာျပဳတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုမီးေလာင္မႈျဖစ္စဥ္တြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း လူေနအိမ္(၂၆)လုံး မီးေလာင္ဆုံးရႈံးသြားခဲ့ၿပီး မီးေဘးသင့္ ျပည္သူ(၁၁၂)ဦးထိ ရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ၎မီးေလာင္မႈကို လပြတၱာခ႐ိုင္ ႏွင့္ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕အျပင္ အျခားပရဟိတအသင္းမ်ား စုေပါင္း ကာ (၄၅)မိနစ္ခန႔္အၾကာ သြားေရာက္မီးျငႇိမ္းသတ္ခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ အဆိုပါမီးေဘးသင့္ျပည္သူမ်ားကို အနီးနားရွိ မူလတန္းေက်ာင္းတြင္ ေနရာခ်ထားၿပီးလိုအပ္သည့္ ေစာင့္ေရွာက္မႈမ်ား ေပးထားကာ သက္ဆိုင္ရာအဖြဲအစည္းမ်ားႏွင့္ ပုဂၢလိက လႉဒါန္းမႈမ်ားလည္း ဆက္လက္လုပ္ ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.