အမျိုးသမီး K POP အဖွဲ့ Twice ရဲ့ အဖွဲ့ဝင်ဂျီဟို Olympic skeleton ရွှေတံဆိပ်ဆုရှင် ယန်ဆန်ဘင်းနဲ့ dating သတင်းထွက်လာ

 154

ရောင်နီ (NP News) - မတ် ၂၇

တောင်ကိုရီယားအမျိုးသမီး K POP အဖွဲ့ Twice ရဲ့ အဖွဲ့ခေါင်းဆောင် ဂျီဟို ဟာ Olympic skeleton ဆုရှင်၊ Physical: 100 Season 1 ပြိုင်ပွဲဝင်ယန်ဆန်ဘင်းနဲ့ date နေကြပြီဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။

သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ လွန်ခဲ့တဲ့တစ်နှစ်လောက်က စတင်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားမီဒီယာ Sway က တနင်္ဂနွေနေ့ (မတ် ၂၄ ရက်) မှာ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်ဟာ အသိမိတ်ဆွေတွေ အဖြစ် တစ်ယောက်နဲ့ တစ်ယောက်နဲ့တစ်ယောက် သိလာခဲ့ပြီး နှစ်ယောက်လုံးက လေ့ကျင့်ခန်းလုပ်ရတာကို နှစ်သက်တာကြောင့် ပိုရင်းနှီးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဂျီဟို (အသက် ၂၇ နှစ်) နဲ့ ယန် (၂၉ နှစ်) တို့ဟာ တစ်ဦးနေအိမ်ကို တစ်ဦးအလည်အပတ်သွားရောက်လေ့လည်း ရှိတယ်လို့လည်း သိရပါတယ်။ ဂျီဟိုရဲ့ အေဂျင်စီ JYP Entertainment ကလည်း ဒီသတင်းနဲ့ပတ်သက်ပြီး ငြင်းဆို ခြင်း၊ အတည်ပြုခြင်း မရှိပါဘူး။

အလားတူပဲ ယန် ရဲ့အေဂျင်စီ All That Sports ကလည်း ဒါဟာကိုယ်ရေးကိုယ်တာကိစ္စဖြစ်တာကြောင့် အတည်ပြုဖို့ ခက်တယ်လို့ ဆိုပါတယ်။

ဂျီဟိုဟာ Twice အဖွဲ့ဝင်အဖြစ် ၂၀၁၅ ခုနှစ်က ပွဲဦးထွက်လာခဲ့တာဖြစ်ပြီး ယမန်နှစ်ကလည်း သူမရဲ့ ပထမဆုံး တစ်ကိုယ်တော် အယ်လ်ဘမ် Killin' Me Good ထွက်ရှိထားသူဖြစ်ပါတယ်။ ယန် ကတော့ တောင်ကိုရီးယားနိုင်ငံ national skeleton team ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံး အာရှသားလည်း ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
အမ်ိဳးသမီး K POP အဖြဲ႕ Twice ရဲ႕ အဖြဲ႕ဝင္ဂ်ီဟို Olympic skeleton ေ႐ႊတံဆိပ္ဆုရွင္ ယန္ဆန္ဘင္းနဲ႔ dating သတင္းထြက္လာ
ေရာင္နီ (NP News) - မတ္ ၂၇

ေတာင္ကိုရီယားအမ်ိဳးသမီး K POP အဖြဲ႕ Twice ရဲ႕ အဖြဲ႕ေခါင္းေဆာင္ ဂ်ီဟို ဟာ Olympic skeleton ဆုရွင္၊ Physical: 100 Season 1 ၿပိဳင္ပြဲဝင္ယန္ဆန္ဘင္းနဲ႔ date ေနၾကၿပီဆိုတဲ့သတင္းေတြ ထြက္ေပၚေနပါတယ္။

သူတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးဟာ လြန္ခဲ့တဲ့တစ္ႏွစ္ေလာက္က စတင္ခဲ့တာျဖစ္တယ္လို႔ ေတာင္ကိုရီးယားမီဒီယာ Sway က တနဂၤေႏြေန႔ (မတ္ ၂၄ ရက္) မွာ ေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ သူတို႔ႏွစ္ေယာက္ဟာ အသိမိတ္ေဆြေတြ အျဖစ္ တစ္ေယာက္နဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ သိလာခဲ့ၿပီး ႏွစ္ေယာက္လုံးက ေလ့က်င့္ခန္းလုပ္ရတာကို ႏွစ္သက္တာေၾကာင့္ ပိုရင္းႏွီးခဲ့ၾကတယ္လို႔ ဆိုပါတယ္။

ဂ်ီဟို (အသက္ ၂၇ ႏွစ္) နဲ႔ ယန္ (၂၉ ႏွစ္) တို႔ဟာ တစ္ဦးေနအိမ္ကို တစ္ဦးအလည္အပတ္သြားေရာက္ေလ့လည္း ရွိတယ္လို႔လည္း သိရပါတယ္။ ဂ်ီဟိုရဲ႕ ေအဂ်င္စီ JYP Entertainment ကလည္း ဒီသတင္းနဲ႔ပတ္သက္ၿပီး ျငင္းဆို ျခင္း၊ အတည္ျပဳျခင္း မရွိပါဘူး။

အလားတူပဲ ယန္ ရဲ႕ေအဂ်င္စီ All That Sports ကလည္း ဒါဟာကိုယ္ေရးကိုယ္တာကိစၥျဖစ္တာေၾကာင့္ အတည္ျပဳဖို႔ ခက္တယ္လို႔ ဆိုပါတယ္။

ဂ်ီဟိုဟာ Twice အဖြဲ႕ဝင္အျဖစ္ ၂၀၁၅ ခုႏွစ္က ပြဲဦးထြက္လာခဲ့တာျဖစ္ၿပီး ယမန္ႏွစ္ကလည္း သူမရဲ႕ ပထမဆုံး တစ္ကိုယ္ေတာ္ အယ္လ္ဘမ္ Killin' Me Good ထြက္ရွိထားသူျဖစ္ပါတယ္။ ယန္ ကေတာ့ ေတာင္ကိုရီးယားႏိုင္ငံ national skeleton team ရဲ႕ အဖြဲ႕ဝင္ေဟာင္းတစ္ဦးျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ ေဆာင္းရာသီအိုလံပစ္ၿပိဳင္ပြဲမွာ ေ႐ႊတံဆိပ္ ဆြတ္ခူးႏိုင္ခဲ့တဲ့ ပထမဆုံး အာရွသားလည္း ျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.